အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ဗီတာမင် B12 ဟာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေသလား

ဗီတာမင် B12 ဟာ ဗီတာမင်ဘီအုပ်စုဝင်ဖြစ်ပြီး လူအများစုဟာ အစားအစာများကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာ သင့် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်အရေးပါပေမယ့် များပြားသွားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် B12 ဟာ ရေမှာပျော်ဝင်နိုင်ပြီး အူလမ်းကြောင်းတလျှောက်ကနေ စုပ်ယူနိုင်ပါတယ်။ စုပ်ယူပြီးချိန်မှာ ဒီအန်အေနဲ့ သွေးနီဥဆဲလ်တွေပြုလုပ်ဖို့ အသုံးပြုပါတယ်။ အသုံးမပြုတော့တဲ့ ဗီတာမင် B12 ကို အသည်းထဲမှာ သိုလှောင်ထားပါတယ်။ ဗီတာမင် B12 ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ အစားအစာအနေနဲ့၊ သောက်ဆေးအနေနဲ့ ရရှိတဲ့ ဗီတာမင် B12 ဟာ များသောအားဖြင့် ဘေးကင်းစိတ်ချရပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းအတွက် ကုသတဲ့ ထိုးဆေးတွေကတော့ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ - ဝမ်းပျက်ခြင်း - ယားယံခြင်း - အရေပြားပေါ်အကွက်ထခြင်း - ခေါင်းကိုက်ခြင်း - မူးဝေခြင်း - […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ

မျှဝေစားလို့မရတဲ့ထဲမှာ အချစ်အပြင် တစ်ကိုယ်ရည်သုံး ပစ္စည်းတွေလည်း ပါပါတယ်။ တစ်ကိုယ်ရည်သုံးလို့ပြောတဲ့အတွက် ကိုယ်ကလွဲပြီး ဘယ်သူကိုမှ ပေးမသုံးပါနဲ့။ မိသားစုဝင်ပဲ ဖြစ်ဖြစ်၊ ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်းပဲ ဖြစ်ဖြစ် အလိုလိုက်ပြီး မျှမသုံးသင့်ပါဘူး။ ဒီနေရာမှာတော့ sharing is caringမဟုတ်ပါဘူး။ မျှပြီး မသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေက ဘာတွေလဲ။ မျှသုံးမိရင် ဘယ်လို ကျန်းမာရေး ဆိုးကျိုးတွေ ရနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ ကတော့ ကိုယ်တိုက် ဆပ်ပြာခဲ ကိုယ်တိုက် ဆပ်ပြာခဲက မျှသုံးလို့ မရမှန်း ခုမှသိရတော့ နည်းနည်းတော့ အံ့သြသွားပါတယ်။ ဟုတ်တယ်လေ ကိုယ်တွေက တစ်အိမ်လုံး ရေချိုးရင် ဒီဆပ်ပြာပဲ သုံးတာကိုး။ ဖေဖေ တစ်တုံး၊ မေမေ တစ်တုံးမှ ခွဲမထားတာ။ တကယ်က […]


အခြေခံကျန်းမာရေး

အနာသက်သာဆေးတွေ သောက်မိနေရင်

နာကျင်မှုကို လျှော့ချပေးနိုင်တဲ့ ဆေးမျိုးစုံက ဆေးကုသရာမှာ အသုံးဝင်တဲ့အတွက်ကြောင့် ဆရာဝန်တွေရော လူနာတွေပါ အကြိုက်တွေ့တဲ့ဆေးတွေပါ။ ဒါပေမဲ့လည်း တခြားဆေးတွေလိုပဲ အနာသက်သာဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဆိုးကျိုးအများစုက သိပ်မသိသာပေမဲ့ တချို့ကတော့ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်ပါတယ်။ နောက်ပြီး အနာသက်သာဆေးအများစုကို လူအတော်များများက ဆရာဝန် ညွှန်ကြားချက်မယူဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်သုံးတာတွေ များလာတဲ့အတွက် အနာသက်သာဆေးတွေကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြချင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ လွယ်လွယ်ကူကူဝယ်သောက်လို့ရတဲ့ အနာသက်သာဆေးတွေထဲမှာ aspirin, ibuprofen, naproxen, acetaminophen တို့လိုဆေးတွေက ထိပ်ဆုံးက ပါပါတယ်။ Aspirin (အက်စပရင်) - လူတိုင်းကြားဖူးမယ်ထင်ပါတယ်။ စတီးရွိုက်အုပ်စုထဲမပါတဲ့ ရောင်ရမ်း သက်သာဆေး(NSAID) တစ်ခုဖြစ်ပြီး ထိရောက်မှုရှိပေမဲ့ သတိနဲ့သုံးသင့်တဲ့ဆေးတစ်ခုပါ။ ဒီဆေးကို အချိန်ကြာကြာစွဲသောက်ရင် အစာအိမ်တွင်း သွေးယိုစိမ့်မှုဖြစ်လာစေပြီး အစာမကြေတာကနေ အစာအိမ်အနာပေါက်တာအထိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေရောင်ခြည် ကြောင့် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်လဲ။

နေရောင်ခြည် ဟာ အဘက်ဘက်က လူသားတွေကို အများကြီးအကျိုးပြုနေတဲ့ သဘာဝက ဖန်တီးထားတဲ့ အရာလေးပါ။ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဒီ ထုတ်လုပ်ဖို့နဲ့ serotonin လို့ခေါ်တဲ့ စိတ်ခံစားချက်နဲ့ အာရုံစူးစိုက်မှုအတွက် ကောင်းမွန်တဲ့ ဟော်မုန်းလေးတွေကိုထုတ်ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် အခြား အဘက်ဘက်ကလည်း နေရောင်ခြည်တွေဟာ မရှိမဖြစ် အရေးပါပါတယ်။ ဒါပေမယ့် နေရောင်ခြည်မှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်၊ အပူရောင်ခြည်တွေကြောင့် မကြာခဏထိတွေ့ရသူတွေ၊ အချိန်အကြာကြီးထိတွေ့ရတဲ့ သူတွေအတွက် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်လာစေပါတယ်။ ကျန်းမာရေးဆိုးကျိုးတွေ အနေနဲ့ short term effect (ခဏတာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုး) နဲ့ long term effect (နေရောင်နဲ့ ထိတွေ့တာ များလာ၊ ကြာလာတဲ့အခါ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ) ဆိုပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဓာတ် မပြည့်ဝခြင်းက ကိုယ်ခံအားအပေါ် ဘယ်လို သက်ရောက်နေလဲ

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကကမ္ဘာ့ကပ်ရောဂါ  အဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့ COVID_19 ဖြစ်ပွားနေတာ တစ်လကျော်လာခဲ့ပါပြီ။ အခုထိ ကာကွယ်ဆေး ရေရေရာရာ မရှိသေးသလို ကုသနည်း တိတိကျကျလည်း မပေါ်ထွက်သေးပါဘူး။ အခုထိ လက်ခံထားတာက ဒီ ကိုဗစ်ကို အကောင်းဆုံး တိုက်ခိုက်နိုင်မယ့် တစ်ခုတည်းသောအရာက လူတွေကို သဘာဝတရားက လက်ဆောင်ပေးထားတဲ့ ကိုယ်ခံအား ဆိုတာပါ။ အခုလို ရောဂါ ကူးစက်နှုန်းမြန်ဆန်နေတဲ့ ကာလမှာ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်တာက ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ရာ ရောက်ပါမယ်။ ဒီလို ကိုယ်ခံအားကောင်းစေဖို့ဆိုတဲ့ နေရာမှာ အာဟာရပြည့်ဝမှု အပြင် ရေဓာတ်ပြည့်ဝစေဖို့လည်း လိုအပ်ပါမယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က ကျန်းမာနေမှာပါ။ ကိုယ်ခံအားက ဘာလုပ်ပေးလဲ........ ကိုယ်ခံအားဆိုတာက ခန္ဓာကိုယ်ရဲ့ ခံတပ်ပါ။ ခန္ဓာကိုယ်ကို ရောဂါတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။

ဆေးရုံတွေ၊ သွေးလှူဘဏ်တွေမှာ လိုအပ်နေတဲ့ သူတွေကို ကယ်တင်ဖို့အတွက် သွေးတွေ အများကြီးကို နေ့စဉ် နေ့တိုင်း လိုအပ်နေပါတယ်။ ဒါ့ကြောင့်လည်း သွေးလှူခြင်း ဟာ လူ့အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ အရမ်းမွန်မြတ်တဲ့ လုပ်ငန်းလေးတစ်ခုလို့ ပြောကြပါတယ်။ ဒီဆောင်းပါးလေးမှာ ကိုယ်လှူလိုက်တဲ့သွေးက ဘယ်လို လူတွေကို အကျိုးပြုနိုင်တယ်၊ ကိုယ့်အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာလေးကို မျှဝေပေးသွားပါမယ်။ သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။ သင့်သွေးနဲ့ ဘယ်လို လူတွေကို ကယ်တင်နိုင်လဲ။ ၁။ သွေးရောဂါရှိသောသူများ။ ဥပမာ - sickle cell disease လို့ခေါ်တဲ့ သွေးဆဲလ်လေးတွေ ပုံမမှန်ဖြစ်နေတဲ့ ရောဂါ၊ thalassemia သွေးရောဂါနဲ့ အခြားသွေးဆဲလ်တွေနဲ့ ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေဟာ ကျန်းမာရေးကောင်းကောင်းနဲ့ အသက်ဆက်ရှင်နေဖို့ အတွက်ပုံမှန် သွေးသွင်းနေကြရပါတယ်။ ၂။ သွေးအားနည်းရောဂါရှိသူများ၊ ကင်ဆာကုထုံး ခံယူနေရသူများ၊ အစာအိမ်လမ်းကြောင်း […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်အလုပ်လုပ်အားနည်းခြင်းအတွက် သဘာဝကုထုံးများ

သိုင်းရွိုက်ဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်းအတွက် အဓိကကုထုံးကတော့ သိုင်းရွိုက်ဟော်မုန်းများ အစားထိုးကုသခြင်း ဖြစ်ပါတယ်။ ဆေးဝါးကုထုံးဖြစ်တဲ့အားလျော်စွာ ဘေးထွက်ဆိုးကျိုးများ ရှိခြင်း၊ ဆေးသောက်ဖို့ပျက်ကွက်ရင် ရောဂါလက္ခဏာ ပိုဆိုးလာခြင်း စတာတွေ ကြုံနိုင်ပါတယ်။ တခါတရံမှာ သဘာဝကုထုံးများဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးလည်း ရှိတာကို တွေ့နိုင်ပါတယ်။ သဘာဝကုထုံးများရဲ့ ရည်ရွယ်ချက်ကတော့ သိုင်းရွိုက်ပြဿနာနဲ့ရင်းမြစ်ကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ များသောအားဖြင့် စားသောက်ပုံမမှန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အာဟာရမပြည့်ဝခြင်း စတဲ့ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာကတော့ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်ခြင်းအတွက် သဘာဝကုထုံးနည်းလမ်းများပဲ ဖြစ်ပါတယ်။ ၁။ ဆီလီနီယံ ဆီလီနီယံဟာ သိုင်းရွိုက်ဟော်မုန်း ဇီဝဖြစ်စဉ်မှာ အရေးပါပါတယ်။ ဆီလီနီယံကြွယ်ဝတဲ့ အားအစာတွေကတော့ - တူနာငါး - ကြက်ဆင်သား - Brazil nut - အမဲသား စတာတွေ ဖြစ်ပါတယ်။ ဟာရှီမိုတို သိုင်းရွိုက်ရောဂါမှာ ကိုယ်ခံအားစနစ်ဟာ သိုင်းရွိုက်ကိုတိုက်ခိုက်ပြီး ကိုယ်ခန္ဓာရဲ့ဆီလီနီယံ ရရှိမှုကို […]


အခြေခံကျန်းမာရေး

ဗီတာမင်ချို့တဲ့သော လက္ခဏာများ

ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအစာများဟာ သင့်နေ့စဉ်ဘဝကို အများကြီး အထောက်အကူ ပြုပါတယ်။ တစ်ဖက်မှာလည်း အာဟာရဓာတ်နည်းပါးတဲ့ အစားအသောက်များကို စားသုံးဖန်များရင် ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့ယွင်းလာလို့ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့ယွင်းရင်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ၁။ ဆံပင်နှင့်လက်သည်းများ ကျွတ်ဆတ်ကျိုးပဲ့လွယ်လာခြင်း ဆံသားများခြောက်သွေ့ပြီး လက်သည်းခြေသည်းများ ကျိုးပဲ့လွယ်လာခြင်းဟာ အကြောင်းအရင်းမျိုးစုံ ရှိနိုင်ပါတယ်။ အဲဒီထဲက အကြောင်းအရင်းတခုကတော့ biotin ချို့တဲ့လို့ ဖြစ်ပါတယ်။ Biotin ကို ဗီတာမင် B7 လို့လည်း သိကြပါတယ်။ Biotin ချို့တဲ့ခြင်းကြောင့် ဆံသားများပျက်စီးခြင်း၊ ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်ခြင်းအပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ခြေလက်များ ကျင်ခြင်း စတာတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ၂။ ပါးစပ်အတွင်းအနာများဖြစ်ခြင်း၊ နှုတ်ခမ်းထောင့်တွင် အက်ကွဲခြင်း ပါးစပ်အတွင်းနှင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အွန်လိုင်းကနေ ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

ယနေ့အချိန်ကာလမှာ ဆေးရုံ ဆေးခန်းတိုင်းလိုလိုဟာ အွန်လိုင်းကနေ ဆေးကုသခြင်းစနစ်ဖြစ်တဲ့ Telemedicine နည်းစနစ်ကို စတင်ပြောင်းလဲလာကြပါတယ်။ဒီလို Covid-19 ကာလမှာ လူတိုင်း အိမ်မှာနေ သင့်ပြီး social distancing နည်းစဉ်တွေကို လိုက်နာဖို့ ညွန်ကြားထားတာမို့ ဒီ Telemedicine နည်းပညာက ဆရာဝန်တွေအတွက်ကော နေမကောင်းတဲ့လူနာတွေအတွက်ပါ အဆင်ပြေလှပါတယ်။ လူတွေအများကြီးကြား တန်းစီမစောင့်ရခြင်း၊တက္ကစီဖိုးချွေတာနိုင်ခြင်း၊ဆေးခန်းပြဖို့အတွက် အလုပ်ကနေခွင့်ယူရန်မလိုအပ်ခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးကိုလည်း ရရှိနိုင်ပါသေးတယ်။ အွန်လိုင်းကနေ ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ ဒီတော့ Telemedicine နည်းဖြင့် ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ထားကြသူတွေအနေနှင့် အောက်ပါ နည်းလမ်းလေးတွေကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ပိုမိုချောမွေ့စွာ ကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။ (၁) နည်းပညာကြောင့် သင့်ဆေးကုသချိန်ကို မပျက်စီးပါစေနှင့် ဆေးမကုသခင်မှာ သင့်အနေနှင့် လိုအပ်တဲ့software သို့မဟုတ် applicationကို ဒေါင်းလုပ်ဆွဲထားပါ။ သင့်အသုံးပြုမယ့် ဖုန်း၊တက်ဘလက်၊ကွန်ပျူတာနှင့်ပတ်သက်ပြီး errorတစ်ခုခုရှိနေပါက တတ်ကျွမ်းသောသူနှင့် မေးမြန်းပြီး ပြင်ထားပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ယောကျ်ားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ

ယောကျ်ားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ ....... လူသားတွေမှာ ရုပ်ခန္ဓာသဘောအရ ကျားနဲ့ မ ဆိုပြီး လိင်အမျိုးအစား နှစ်မျိုးရှိပါတယ်။ အာဒံနဲ့ ဧဝကစတယ်ပဲပြောပြော ဗြဟ္မာကြီး ၄ ဦးက ဖန်တီးတယ်ပဲဆိုဆို မျောက်တွေကပဲ ဆင်းသက်လာ ဆင်းသက်လာ၊ လူတွေမှာ လိင်အမျိုးအစား ၂ မျိုး ကွဲပြားနေတာတော့ အမှန်ပါ။ ဒီလို ကွဲပြားနေတဲ့အလျှောက် မသိမသာအားဖြင့်တော့ သိသိသာသာပါ မတူညီတဲ့ လိင်အုပ်စု အချင်းချင်း ပြိုင်ဆိုင်မှုတွေ တလွဲမာနလေးတွေ ရှိလာပါတယ်။ သမိုင်း တစ်လျှောက်လုံးပါပဲ။ သမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမျိုးသမီးတွေက ဦးဆောင်ခဲ့တဲ့ ခေတ်တွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသားတွေက ရှေ့တန်းကိုရောက်လာခဲ့ပါတယ်။ ခုခေတ်ကတော့ လိင်တန်းတူညီမျှရေးလို့ အော်နေကြတဲ့ခေတ်ဆိုပေမယ့် အမျိုးသားတွေ ကြီးစိုးနေဆဲကာလထဲမှာပါနေပါတယ်။ ခေတ်တွေ ဘယ်လောက်ကြာကြာ ဘယ်သူတွေက ဘယ်အချိန်တွေမှာ ဦးဆောင်ခဲ့ဦးဆောင်ခဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း