ချစ်ခင်ရသူတွေနဲ့ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် နေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးထဲ ကအတိုင်း နေထိုင်ကြည့်ဖို့ အကြံပြုပါရစေ။ အသက်ရှည်ခြင်းအပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေထဲမှာ အစားအသောက်အပြင် နေထိုင်မှုပုံစံတွေလည်း လိုအပ်ပါတယ်။
ထွက်မှာ သေချာပြီလား။
ချစ်ခင်ရသူတွေနဲ့ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် နေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးထဲ ကအတိုင်း နေထိုင်ကြည့်ဖို့ အကြံပြုပါရစေ။ အသက်ရှည်ခြင်းအပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေထဲမှာ အစားအသောက်အပြင် နေထိုင်မှုပုံစံတွေလည်း လိုအပ်ပါတယ်။
ချစ်ခင်ရသူတွေနဲ့ အသက်ရှည်ရှည် နေနိုင်ဖို့ဆိုရင်
၂၀၁၂ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ အကောင်းမြင်တာက အသက်ရှည်စေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ အကောင်းမြင်စိတ် ထားတာက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်ချင်ရင် နေ့ရက်တိုင်းမှာ အကောင်းမြင် စိတ်ထားလေး ထားကြည့်ပေးပါ။
ယောဂ ကစားတာက စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ယောဂ လေ့ကျင့်တာက နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ ဆီးချို၊ သွေးတိုး နဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ယောဂကစားပေးတာက ဆီးချိုရှိသူတွေကိုပါ ကျန်းမာစေပြီး ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
၂၀၁၃ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ အသား အစားနည်းသူတွေဟာ အသားစားသူတွေထက် အရွယ်မတိုင်ခင် သေဆုံး နိုင်ခြေ ၁၂ ရာခိုင်နှုန်းလောက် နည်းနေပါတယ်၊ လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် အသားကို အလွန်အကျွံ စားသုံးတာမျိုး မလုပ်ဘဲ အသီးအရွက် များများစားတာ၊ ဆေးလိပ် ဖြတ်တာ၊ အရက် လျှော့သောက်တာ၊ ရှောင်တာမျိုး လုပ်ပေးပြီး လေ့ကျင့်ခန်း လုပ်ပေးပါ။
၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှု ရလဒ်အရ အိမ်ထောင်ရှိသူတွေဟာ တစ်ကိုယ်တည်း နေသူတွေထက် အသက်ပိုရှည်ကြတယ်၊ ဆိုပါတယ်။ တီးတိုးဖော် ချစ်ခင်ရသူရှိနေတာက တစ်ကိုယ်တည်း မနေတတ်တဲ့ လူသားတွေကို အသက်ရှည်စေမယ့် ဆေးနည်းကောင်း တစ်ခုပါ။
ပျော်စရာတွေ တွေ့တဲ့အခါ ရယ်မောပေးပါ။ ဒီလို ပျော်ရွှင်စွာ ရယ်မောတာက အမျိုးသမီးတွေကို နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၇၃ ရာခိုင်နှုန်း၊ ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးနိုင်ခြေ ၈၁ ရာခိုင်နှုန်း နဲ့ အမျိုးမျိုးသော ကျန်းမာရေး အခြေအနေတွေကြောင့် သေဆုံးနိုင်ခြေ ၄၈ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်ပါတယ်၊ လို့ ၂၀၁၆ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့်လည်း ရှေးလူကြီးတွေက ရယ်လေရယ်လေ အသက်ရှည်လို့ ပြောခဲ့တာ ဖြစ်နိုင်ပါတယ်။
နေ့စဉ် အလုပ်သွားတဲ့အခါ အိမ်ချက်အစားအစာတွေကို ထုပ်ပိုးသွားပေးပါ။ တစ်ပတ်ကို ၅ ကြိမ်နဲ့အထက် အိမ်ချက် အစားအစာတွေကို စားသုံးတဲ့သူတွေက ၁၀ နှစ်ကြာတဲ့အခါ သေဆုံးနိုင်ခြေက အခြားသူတွေနဲ့ယှဉ်ရင် ၄၇ ရာခိုင်နှုန်းလောက် ကျဆင်းနေတယ် ဆိုတာပါ။
နေ့လယ်ခင်းမှာ နာရီဝက်လောက် ခဏမှေးတာက အလုပ်ဖိအားများတဲ့ အမျိုးသားတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုအရ နေ့လယ်ဘက် တစ်မှေးမှေးတတ်သူတွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် သေဆုံးနိုင်ခြေက ၁၂ ရာခိုင်နှုန်းလောက် ကျဆင်းနေတယ်၊ လို့ ၂၀၀၇ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ သိရပါတယ်။
ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်လောက် နာရီဝက် ခန့် အိပ်ပေးမယ်ဆိုရင် သေဆုံးနိုင်ခြေကို ၃၇ ရာခိုင်နှုန်း လျှော့ချရာ ရောက်ပါတယ်။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
How to Live to 100 and Beyond:
The 4 Core Traits That All of the World’s Longest Lived People (Centenarians) Have in Common https://www.consciouslifestylemag.com/how-to-live-to-100-centenarians/ Accessed Date 8 July 2020
100 Ways to Live to 100 https://bestlifeonline.com/longevity/ Accessed Date 8 July 2020
Those Who Live to 100 Have These Things in Common https://www.beingpatient.com/live-to-be-100/ Accessed Date 8 July 2020