အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ ....... ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ဆေးတစ်မျိုးပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ခံစားနေရချိန်မှာ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေး သောက်ဖို့ ညွှန်ပေးပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် သောက်လို့ရတဲ့ ဆေးထဲမှာတော့ ပိုးသတ်ဆေး မပါဝင်ပါဘူး။ ပုံမှန်ဆေးတွေမှာလည်း အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလို ပိုးသတ်ဆေးတွေမှာလည်း ရှိပါတယ်။ ဆေးသောက်တဲ့အခါ ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို အောက်မှာ ဖော်ပြထားပါတယ်။ ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ ဘေးထွက်ဆိုးကျိုးတွေဟာ ဆေးတံဆိပ်နဲ့ ဆေးအမျိုးအစားပေါ် မူတည်သလို သောက်တဲ့လူနဲ့ ဆေး တည့်၊ မတည့်ပေါ် မူတည်ပြီးတော့လည်း တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံခြင်း ကွာခြားသွားနိုင်ပါတယ်။ ခုပြောပြပေးမှာကတော့ လူအများစုကြုံတွေ့ရတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သူငယ်ချင်းအဆင့် (Friend Zone) ထဲက ရုန်းထွက်နိုင်စေမယ့် ခြေလှမ်း ၇ လှမ်း

သူငယ်ချင်းအဆင့် (Friend Zone) ထဲမှာ ပိတ်မိနေပြီလား။ ဘယ်လိုရှေ့ဆက်ရမယ် မသိတော့ဘူးလား။ ကိုယ်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆိုတဲ့အချက်က ကိုယ့်ရဲ့ အချစ်ရေးကို ချည်နှောင်ထားနေတာလား။ ဒီအချက်တွေက သင့်ရဲ့ စိတ်ကို လေးလံနေစေပြီလား။ လူအတော်များများ ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးကြမှာပါ။ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချစ်သူဘဝကို အဆင့်တက်ချင်ပြီး နောက်တစ်ယောက်က ဟင့်အင်းဆိုတဲ့ အခြေအနေမျိုးပေါ့။ သူငယ်ချင်းဘဝ ဆက်ဆံရေးဟာ အပေးအယူမျှပါတယ်။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမှာ အားလုံးဟာ သာတူညီမျှပါပဲ။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သင့်ရဲ့သူငယ်ချင်းလေးမှာရှိတဲ့ ထူးခြားဆန်းကြယ် ချစ်စဖွယ်ကောင်းလှတဲ့အချက်တွေကို သင်သတိထားမိလာတဲ့အခါ ဇာတ်လမ်းစပါပြီ။ သင်ချစ်မိနေပါပြီ။ ဒါပေမယ့် ဒါဟာ တစ်ဖက်သတ်အချစ်လို့ခေါ်ပါတယ်။ တကယ်တော့ အချစ်မှာ ချစ်ခြင်းမေတ္တာကသာ အရေးအကြီးဆုံးပါ။ သူငယ်ချင်းဖြစ်ခြင်းမဖြစ်ခြင်းထက် သူ့ကိုကိုယ် ဘယ်လို မေတ္တာထားပြီး ကြင်နာပေးနိုင်မလဲဆိုတာက ပိုအရေးပါပါတယ်။ ကိုယ့်ရဲ့ မေတ္တာတရားကို ပြသနိုင်ဖို့၊ ကိုယ့်ရဲ့ အနာဂတ်ခရီးဆီ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ခေါင်းစည်းကြိုး လှလှလေးတွေကို လက်မှာ အလှပတ်ကြတာ၊ လိုတဲ့ အခါ ခေါင်းစည်းဖို့ ဆိုပြီး လက်ကောက်ဝတ် မှာ ပတ်ထားကြတာ တွေ့ဖူးပါတယ်။ အမှုမဲ့ အမှတ်မဲ့နဲ့ မိန်းကလေးတွေ လုပ်လေ့ရှိတဲ့ အပြုအမူပါပဲ။ ဒါပေမယ့် ခေါင်းစည်းကြိုးတွေ၊ သရေကြိုးတွေကို လက်မှာ စည်းထားတာက ဘယ်လောက် အန္တရာယ် များလဲ ဆိုတာ ပျိုမေတို့ မသိသေးလို့ပါ။ ဒီလို လက်မှာ မပတ်ကြဖို့ ဘာကြောင့် သတိပေးရသလဲ ဆိုတဲ့ အကြောင်းရင်းကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါ - (၁) သွေးလည်ပတ်မှု မကောင်းတော့ဘူး။ သားရေကြိုး ပါတဲ့ ခေါင်းစည်းကြိုး ကို လက်ကောက်ဝတ် မှာ ပတ်စည်းလိုက်မယ် ဆိုရင် လက်ကောက်ဝတ်မှာ ရှိတဲ့ သွေးကြောတွေကို ဖိညှစ်ထားလိုက်သလိုပါပဲ။ ဒီလိုဆို သွေးလည်ပတ်မှုက ဘယ်လို ဖြောင့်ဖြူးနိုင်တော့မလဲ။ အထူးသဖြင့် […]


အခြေခံကျန်းမာရေး

အရက်နာကျခြင်းနှင့်သက်ဆိုင်သော အယူအဆမှားများ

ညက အတော်များသွားပြီလို့ မနက်အိပ်ရာနိုးနိုးချင်းမှာ တွေးနေမိပြီဆိုရင် သေချာတယ် သင် အရက်နာကျနေပြီဆိုတာပါပဲ။ တကယ်လို့ အရက်နာကျနေမယ်ဆိုရင် ခေါင်းတွေကိုက်၊ မကြည်မလင်တွေဖြစ်ပြီး အာခံတွင်းကနေလည်း ဆိုးရွားတဲ့အနံ့တွေ ထွက်နေမှာဖြစ်ပါတယ်။ ဘာမှမလုပ်ချင်မကိုင်ချင်နဲ့ နေရတ မအီမသာကြီးဖြစ်နေမှာပါ။ ပြီးရင်တွေးပါလိမ့်မယ် “တော်ပြီ နောက်တစ်ခါ ငါမသောက်တော့ဘူးကွာ” ဆိုပြီးပေါ့။ ဒီလိုတွေ ကြုံဆုံရပေမယ့် ယမကာလုလင်တွေကတော့ အရက်ကို ဖြတ်တော်မမူပဲ ဆက်ပြီး စွဲစွဲမြဲမြဲ မှီဝဲကြပြန်ပါတယ်။ နောက်တစ်ခါ အရက်နာပြန်ကျရင် ထပ်တွေးမယ်၊ “ငါထပ်မသောက်တော့ဘူး” ဆိုပြီးပေါ့။ ဒီလိုပဲ သံသရာလည်နေတာမဟုတ်လား။ ခုလိုဖြစ်နေစေရတဲ့ အကြောင်းအရင်းတွေထဲမှာ အရက်နာကျတာက ဆိုးရွားတဲ့ ပြဿနာတစ်ခုမဟုတ်ဘူးလို့ အစဉ်အဆက် ယူဆထားကြတာကြောင့်ဖြစ်ပါတယ်။ ယုံတမ်းအမှားတွေကြောင့် အရက်နာကျတာနဲ့ ပတ်သက်ပြီး တလွဲတွေ ရှုမြင်လာမိကြတာပေါ့။ တကယ်တော့ အရက်နာကျတာဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ရပ်ပါ။ ဒါကြောင့် အရက်နာကျခြင်းနဲ့ ပတ်သက်ပြီး လူအများစုယူဆနေကြတာတွေရဲ့ အမှန်အမှားတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင် ပလတ်စတစ်တွေကို စားမိနေပြီလား

အမေရိကန်လူမျိုးတစ်ယောက်ဟာ တစ်နေ့ကို မိုက်ခရိုအရွယ် ပလတ်စတစ်အစ သေးသေးကွေးကွေး ၂၀၀ လောက်ကို စားမြိုနေမိကြပါတယ်တဲ့။ Journal Environmental Science & Technology ရဲ့ ဖော်ပြချက်ဟာ အံ့သြစရာကောင်းတဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။ မိုက်ခရိုပလတ်စတစ်စ အများစုဟာ ရေချိုးခန်းသုံးပစ္စည်းတွေ၊ ရေတွေ၊ အဖျော်ယမကာတွေ၊ အစားအစာတွေ၊ လေထုနဲ့ ကိုင်တွယ်ထိတွေ့နေတဲ့ ပလတ်စတစ်အသုံးပြုထားတဲ့ ပစ္စည်းပစ္စယတွေကနေတဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်နေတော့တာပေါ့။ ပလတ်စတစ်ကို ကိုယ်တိုင်တော့ ကိုက်မစားပါဘူး။ ဒါပေမယ့် သေးငယ်လှတဲ့ မိုက်ခရိုပလတ်စတစ်တွေဟာ မထင်မှတ်ထားတဲ့ နည်းလမ်းတွေကနေတဆင့် ပါးစပ်ထဲကို ဝင်သွားတတ်ကြတာပါ။ မိုက်ခရိုပလတ်စတစ်ဆိုတာက ဆံချည်မျှင်ထက် သေးငယ်တဲ့ အမှုန်အမွှားတွေကိုဆိုလိုတာပါ။ ဒီလို မိုက်ခရိုပလတ်စတစ်အစလေးတွေ (Microplastics) ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ အကျိုးမရှိစေနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကိုသာ ဖြစ်စေတာပါ။ ပလတ်စတစ်ရဲ့ ဆိုးကျိုးတွေ ပါးစပ်ထဲဝင်သွားတာတွေကို အသာထား၊ ပုံမှန်ကိုင်တွယ် အသုံးပြုနေတဲ့ ပလတ်စတစ်တွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လက်ဖဝါးတွေက ချွေးထွက်လွန်း နေလား

သူများနဲ့မတူ တစ်ကိုယ်လုံး ချွေးမထွက်ဘဲ လက်ဖဝါးပဲ ကွက်ပြီး ချွေးထွက်တဲ့သူတွေ ရှိကြလား။ လက်ဖဝါးတွေက ချွေးထွက်လွန်း တာမှ လက်မှာ လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ထားရလောက်တဲ့အထိပဲ။ စာရေးရင်ဆို ပိုဆိုး၊ စာရွက်မှာ ချွေးတွေ ရွှဲလို့။ စိတ်လှုပ်ရှားရင် ချွေးထွက်တာ သဘာဝဆိုပေမယ့် အချိန်တိုင်းလိုလို ချွေးထွက်နေရင်တော့ စိတ်ညစ်ရပြီပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဒီဆောင်းပါးမှာ နည်းလမ်းလေးတွေ မျှဝေပေးလိုပါတယ်။ ဆက်ပြီး အတူတူ ဖတ်ကြည့်ရအောင်။ လက်ဖဝါးက ဘာလို့ ချွေးထွက်တာလဲ။ ချွေးထွက်တယ်ဆိုတာ ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းစဉ်ပါ။ ချွေးထွက်မှ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းထားနိုင်မှာပါ။ ဒါပေမယ့် လိုတာထက်ပိုပြီး ထွက်လာရင်တော့ စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့။ ဘာရောဂါအခံမှမရှိဘဲ လက်ဖဝါးက ချွေးထွက်တာကို Palmar hyperhidrosis လို့ ခေါ်ပါတယ်။ ဒီလို အကြောင်းအရင်းမရှိဘဲ ချွေးထွက်တာက ကလေးဘဝမှာတည်းက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး

လူ တော်တော်များများက မိုးစက် မိုးပေါက်လေးတွေ ကျနေတဲ့ အသံကို သဘောကျ ကြပါတယ်။ အကြောင်းကတော့ မိုးရာသီရဲ့ သံစဉ်လေးတွေက စိတ်ကို လန်းဆန်း စေလို့ပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ မိုးရာသီမှာ ခပ်သင်းသင်းလေး လွင့်ပျံနေတတ်တဲ့ မိုးနံ့သင်းသင်းလေး ကလည်း ကျန်းမာရေးကို အထောက်အကူ ပြုပေးပါသေးတယ်။ မိုးနံ့သင်းသင်းလေး နဲ့ မိုးစက်မိုးပေါက်လေးတွေက ဦးနှောက်ရဲ့  ခံစားမှုအပိုင်းကိုရော မှတ်ဉာဏ် ထိန်းသိမ်းမှု အပိုင်းကိုပါ ကောင်းကျိုးတွေ ပေးပါတယ်။ မိုးရွာချလိုက်တဲ့အခါ ထွက်လာတဲ့ မိုးနံ့သင်းသင်းလေးနဲ့ မိုးရေစက်လေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုလဲဆိုတာကို လေ့လာထားတဲ့ တွေ့ရှိချက်လေးတွေ အကြောင်း ပြောပြပေး သွားပါမယ်။ မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး ရွာချလိုက်တဲ့ မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့သင်းသင်းလေး တွေက ရှူသွင်းလိုက်တဲ့ လေတွေကို သန့်စင်စေတယ် လေထုတွေက ခြောက်သွေ့တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ

အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ .... ချွေးထွက်ခြင်းဆိုတာ ခန္ဓာကိုယ်က အပူချိန်ကို ပြန်ကျအောင် ထိန်းညှိပေးဖို့အတွက် ဖြစ်လာရတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုပူတဲ့အခါ၊ ပူပူစပ်စပ်တွေစားတဲ့အခါ၊ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ ခန္ဓာကိုယ်အပူချိန်တွေ တက်လာတဲ့အချိန်တွေမှာ လူတိုင်းချွေးထွက်ကြပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ ပုံမှန်အခြားသူတွေထက် ချွေးထွက်ပိုလွယ်တာ၊ ပိုများတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာ အဲဒီလို ပိုပြီးချွေးထွက်လွယ်ရတာ ဘယ်လို အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာလေးတွေကို မျှဝေပေးသွားချင်ပါတယ်။ အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ ...... လိုအပ်တာထက်ပိုပြီးချွေးထွက်တာကို ဆေးပညာအခေါ်အဝေါ်အရ hyperhidrosis လို့ခေါ်ပါတယ်။ ၁။ အကြောင်းအရင်းမရှိဘဲ ချွေးထွက်လွယ်ခြင်း တချို့ကတော့ ဘာရောဂါအခံမှ မရှိဘဲ အခြားသူတွေထက်ပိုပြီး ချွေးထွက်လွယ်၊ ချွေးထွက်များတတ်ကြပါတယ်။ အဲဒီလို အကြောင်းအရင်းတစ်ခုခုမရှိဘဲ ချွေးထွက်လွယ်တဲ့သူတွေဟာ တစ်နေရာထဲတင်မက ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက်ရှည်ရှည်နေချင်သလား Screen Time လျှော့ချလိုက်ပါ

အသက်ရှည်ရှည်နေချင်သလား Screen Time လျှော့ချလိုက်ပါ ....... Screen Time ၊ Screen Time နဲ့ ခဏခဏ ကြားလာရတယ်။ Screen Time ဆိုတာ ဘာကြီးလဲလို့ သိချင်လာကြမယ်ထင်တယ်။ တကယ်တော့ Screen Time ဆိုတာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ လက်ကိုင်ဂိမ်းစက်တွေနဲ့ တက်ဘလက်တွေကို ကြည့်ရှုချိန်၊ အသုံးပြုချိန်ကို ဆိုလိုတာပါ။ ဒီခေတ်မှာ Screen Time ဆိုတာ လူတိုင်းမဖြစ်မနေ ကြုံဆုံနေရတဲ့ ကိစ္စတစ်ခုပါ။ အလုပ်လုပ်ဖို့ ကွန်ပျူတာသုံးတာပဲဖြစ်ဖြစ်၊ ဖုန်းကြည့်တာပဲဖြစ်ဖြစ်၊ ရုပ်မြင်သံကြားစက်ကို ကြည့်တာပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်ပုံရိပ်လွှာတွေကို ကြည့်ရှုချိန်တိုင်းဟာ Screen Time ထဲမှာ အကျုံးဝင်ပါတယ်။ အသက်ရှည်ရှည်နေချင်သလား Screen Time လျှော့ချလိုက်ပါ အသက်ရှည်ရှည်နေချင်သလား Screen Time လျှော့ချလိုက်ပါ လို့ ပြောရတာက […]


အခြေခံကျန်းမာရေး

ခေတ်သစ် ဖုန်းရောဂါ (text neck)

ခုတလော ဘာကြောင့်မှန်းမသိ ဇက်ကြောတွေ တက်နေတာ၊ မျက်ရိုးကိုက်နေတာတွေ ဖြစ်နေရင် ကိုယ့်ရဲ့ ဖုန်းသုံးချိန်ကို ပြန်ဆန်းစစ်ကြည့်ပါ။ ခုခေတ် လူသားတွေရဲ့ လက်ထဲမှာ ဘယ်သွားသွား ဖုန်းတစ်လုံးတော့ အမြဲပါနေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ အနီးကပ်ရန်သူပါပဲ။ ဖုန်းသုံးရင်းနဲ့ သတိမထားမိဘဲ ခေါင်းငုံ့ပြီး စာတွေရိုက်နေတာဟာ သင်ဇက်ကြောတက်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ လူတွေက တစ်နေ့ကို ပျမ်းမျှခြင်း ၅နာရီလောက်တော့ ဖုန်းသုံးကြပါတယ်။ သုံးတဲ့နေရာမှာလည်း မသိလိုက်ဘဲ ခေါင်းကို ငုံ့ထားတတ်ပါတယ်။ ဒီတိုင်း ခေါင်းကို ၅နာရီငုံ့ဆိုရင် ဘယ်သူမှ ငုံ့မှာ မဟုတ်ပေမယ့် ဖုန်းသုံးရင်းနဲ့ဆိုရင်တော့ အချိန်တွေ ကုန်လို့ ကုန်မှန်းတောင်  သိလိုက်မှာ မဟုတ်ပါဘူး။ ၅နာရီမကလည်း ငုံ့နေမိတတ်ပါတယ်။ ဒါဟာ ခေတ်သစ်ဖုန်းရောဂါပါပဲ။ အရင်ကတော့ ဖုန်းသုံးတာ စာပို့ဖို့ အဓိက ဖြစ်ပြီး စာရိုက်ရင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း