backup og meta

ဓာတ်တိုးဖိစီးခြင်းအကြောင်း သိသင့်သမျှ


Dr. Thant Zin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓာတ်တိုးဖိစီးခြင်းအကြောင်း သိသင့်သမျှ

    သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အားပြိုင်မှုကို သိရှိပြီးသား ဖြစ်မှာပါ။ ဓာတ်တိုးဖိစီးခြင်း (Oxidative Stress) ဆိုတာကတော့ အဆိုပါဖရီးရယ်ဒီကယ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဟန်ချက်မညီတော့တဲ့ အခြေအနေဖြစ်ပါတယ်။

    ဖရီးရယ်ဒီကယ်များဟာ အောက်ဆီဂျင်ပါဝင်တဲ့ မော်လီကျူးတွေဖြစ်ပြီး သူတို့မှာ အီလက်ထရွန်ပါဝင်မုှ ပုံစံမမှန်ပါဘူး။ တနည်းပြောရရင် အီလက်ထရွန်တလုံးတွဲဖက်ဖို့ လိုအပ်နေတဲ့ မော်လီကျူးဖြစ်ပြီး မတည်ငြိမ်တဲ့ သဘောကိုဆောင်ပါတယ်။ တခြားမော်လီကျူးတွေနဲ့တွေ့တိုင်း ဓာတ်ပြုဖို့ကြိုးစားတာကြောင့် ကိုယ်ခန္ဓာအတွင်း ဓာတ်ပြုမှုတွေ ဖြစ်ပေါ်ပါတယ်။ အဆိုပါ ဓာတ်ပြုမှုတွေကို ဓာတ်တိုးခြင်းလို့ ခေါ်ဝေါ်ပါတယ်။ ဓာတ်တိုးခြင်းဟာ ကောင်းကျိုးပေးတာရှိသလို ဆိုးကျိုးဖြစ်စေတာတွေလည်း ရှိပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကတော့ ဖရီးရယ်ဒီကယ်ကို တည်ငြိမ်သွားအောင် အီလက်ထရွန်တလုံး ပေးနိုင်တဲ့ မော်လီကျူးတွေ ဖြစ်ပါတယ်။ သူတို့ကနေ အီလက်ထရွန်ပေးလိုက်လို့လည်း တည်ငြိမ်မှု ပျက်ယွင်းသွားခြင်း မရှိပါဘူး။ ဒီနည်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကို တည်ငြိမ်အောင် ထိန်းသိမ်းပေးပါတယ်။

    ဓာတ်တိုးဖိစီးခြင်း၏ ကိုယ်ခန္ဓာအပေါ် သက်ရောက်ပုံ

    ဓာတ်တိုးခြင်းဆိုတာ ကိုယ်ခန္ဓာထဲမှာ ပုံမှန်ဖြစ်နေကြ ဖြစ်စဉ်တခုပါပဲ။ ဒါပေမယ့် ဖရီးရယ်ဒီကယ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဟန်ချက်မညီချိန်မှာတော့ ဓာတ်တိုးဖိစီးခြင်း အခြေအနေ ဖြစ်ပေါ်ပါတယ်။

    တကယ်တော့ ဖရီးရယ်ဒီကယ်တွေဟာ ကိုယ်ခန္ဓာထဲကို ရောဂါပိုးတွေမဝင်အောင် ကာကွယ်ပေးရာမှာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရဲ့ ထိန်းသိမ်းနိုင်စွမ်းကို ကျော်လွန်လာချိန်မှာတော့ ဖရီးရယ်ဒီကယ်များဟာ အဆီတစ်သျှူးများ၊ ဒီအန်အေနဲ့ ကိုယ်ခန္ဓာထဲက တခြားပရိုတိန်းတွေကို စတင်တိုက်ခိုက်လာပါတယ်။ ဒါကြောင့်

    ဆီးချို

    – သွေးကြောများ မာကြောခြင်း

    – ရောင်ရမ်းခြင်းများ

    – သွေးတိုးခြင်း

    နှလုံးရောဂါ

    – ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမား စသည့် အာရုံကြောပိုင်းဆိုင်ရာ ချို့ယွင်းခြင်းများ

    – ကင်ဆာ

    စတဲ့ပြဿနာတွေ ဖြစ်နိုင်ခြေမြင့်တက်လာပါတယ်။ ရောဂါဘယမဖြစ်ပွားရင်တောင် ဓာတ်တိုးဖိစီးခြင်းကြောင့် ကိုယ်ခန္ဓာဟာ အိုမင်းရင့်ရော်မြန်ပါတယ်။

    ဖြစ်နိုင်ခြေအန္တရာယ်များ

    ကိုယ်ခန္ဓာထဲမှာ ဖရီးရယ်ဒီကယ်များဟာ အလိုအလျောက်ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါပေမယ့် ဖရီးရယ်ဒီကယ်ကို ပိုမိုဖြစ်ပေါ်စေတဲ့ အခြေအနေတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

    – အိုဇုန်း

    – ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ

    – စီးကရက်မီးခိုးငွေ့များ

    – ဓာတ်ရောင်ခြည်ကြွခြင်း

    ပတ်ဝန်းကျင် ညစ်ညမ်းခြင်း (လေထု၊ ရေထု)

    စတာတွေပဲ ဖြစ်ပါတယ်။

    ဓာတ်တိုးဖိစီးခြင်း မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

    သဘာဝဖြစ်စဉ်မို့ လုံးဝမဖြစ်အောင်တော့ မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ဓာတ်တိုးဖိစီးခြင်းရဲ့ သက်ရောက်မှုကို လျှော့ချနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရဲ့ ပမာဏကို မြှင့်တင်ပြီး ဖရီးရယ်ဒီကယ်များဖြစ်ပေါ်ခြင်းကို လျှော့ချဖို့ဖြစ်ပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို အစားအစာများကနေ ရရှိနိုင်ပါတယ်။ အထူးသဖြင့် အသီးအနှံတွေဆီက ဖြစ်ပါတယ်။ ဥပမာပေးရရင် ဘယ်ရီသီး၊ ချယ်ရီသီး၊ ချဉ်သော အရသာရှိသည့်အသီးများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပန်းပွင့်စိမ်း၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ အသီးအနှံများကို နေ့စဉ်စားသုံးရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ရရှိနိုင်ပါတယ်။ ဗီတာမင် C နဲ့ ဗီတာမင် E ဟာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

    တဖက်မှာလည်း ဓာတ်တိုးဖိစီးခြင်းအခြေအနေတွေ မဖြစ်အောင် အောက်ပါအခြေအနေများကို သတိပြုရပါမယ်။

    – ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ။ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ ဓာတ်တိုးဖိစီးခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ လှုပ်ရှားမှုများဟာလည်း ဖရီးရယ်ဒီကယ်များကိုလည်း မြင့်တက်စေနိုင်တာ သတိပြုရပါမယ်။

    – ဆေးလိပ်မသောက်ပါနဲ့။

    – ဓာတုပစ္စည်းများကို သတိပြုကိုင်တွယ်ပါ။ အထူးသဖြင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ဖြစ်ပါတယ်။

    – အပြင်ထွက်ရင် နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်အောင် ဝတ်ဆင်ပါ။

    အရက်ကို အလွန်အကျွံမသောက်ပါနဲ့

    – အိပ်ရေး၀၀အိပ်ပါ။

    – အစားအသောက်ကို အလွန်အကျွံမစားပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement