အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့…

ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့… သင်က ကြောင်ချစ်တတ်တဲ့သူတစ်ဦးလား။ ကိုယ့်အိမ်မှာ ကြောင်လေးတစ်ကောင်လောက် မွေးမယ်လို့ရော စဉ်းစားထားတာလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် အဆင်ပြေစေမှာပါ။ ပထမဆုံးအကြိမ် ကြောင်မွေးတော့မယ့် မိသားစုတွေအတွက် သိထားသင့်တဲ့၊ ပြင်ဆင်ထားသင့်တဲ့အရာတွေကို ဒီဆောင်းပါးမှာ ဖတ်ရှုရင်း ကိုယ့်ကြောင်လေးအတွက် အနွေးထွေးဆုံးအိမ်ဂေဟာလေး ဖြစ်အောင် ဖန်တီးလိုက်ကြရအောင်နော်။ ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့… ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့… လိုအပ်မယ့် အချက်လေးတွေကတော့ ဒီအချက်လေးတွေပါ။ ကြောင်မွေးတဲ့ဆိုင်တွေနဲ့ ကြောင်အမျိုးအစားတွေကို သေချာစုံစမ်းထားပါ။ ကိုယ့်အိမ်အနီးပတ်ဝန်းကျင်မှာ ဘယ်လိုကြောင်အမျိုးအစားတွေ ရှိလဲ၊ ဘယ်ကြောင်လေးကတော့ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် ကိုက်ညီမလဲပေါ် မူတည်ပြီး သေချာရွေးချယ်ပါ။ ကိုယ်မွေးမယ့် ကြောင်အမျိုးအစားနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အရာတွေ၊ သိထားသင့်တဲ့ အချက်တွေကို အွန်လိုင်းကနေဖြစ်စေ၊ ဆိုင်ပိုင်ရှင်ကိုဖြစ်စေ သေချာမေးမြန်းပါ။ စွန့်ပစ်ကြောင်ကို မွေးမှာလား။ မြန်မာနိုင်ငံမှာ စွန့်ပစ်ခွေးထက် စွန့်ပစ်ကြောင်အရေအတွက်က ပိုများပါတယ်။ တချို့ကလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပထမဆုံးအကြိမ် ခွေးမွေးတော့မယ်ဆိုရင် ဒါတွေကို သိထားပေးပါ

သင်က ခွေးချစ်တတ်တဲ့သူတစ်ဦးလား။ ကိုယ့်အိမ်မှာ ချစ်စရာ ခွေးလေးတစ်ကောင်လောက် မွေးမယ်လို့ရော စဉ်းစားထားတာလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် အဆင်ပြေစေမှာပါ။ ပထမဆုံးအကြိမ် ခွေးမွေးတော့မယ့် မိသားစုတွေအတွက် သိထားသင့်တဲ့၊ ပြင်ဆင်ထားသင့်တဲ့အရာတွေကို ဒီဆောင်းပါးမှာ ဖတ်ရှုရင်း ကိုယ့်ခွေးလေးအတွက် အနွေးထွေးဆုံးအိမ်ဂေဟာလေး ဖြစ်အောင် ဖန်တီးလိုက်ကြရအောင်နော်။ အရင်ဆုံး ကိုယ်က ဘယ်လိုခွေးမျိုးမွေးချင်တာလဲဆိုတာ သေချာစဉ်းစားပါ။ လူအများစုကတော့ ခွေးမွေးမယ်ဆိုရင် ပေါက်စလေး ဒါမှမဟုတ် ၆လ၊ တစ်နှစ်အောက် ခွေးလေးတွေကို မွေးတာများပါတယ်။ ခွေးငယ်ငယ်လေး မွေးတဲ့အခါ ကိုယ်ကပဲ အစအဆုံးသေချာပြုစုစောင့်ရှောက်ပေးရတာ ဖြစ်တဲ့အတွက် ကိုယ်နဲ့ ကိုယ့်မိသားစုအပေါ် ပိုသံယောဇဉ်တွယ်နိုင်လို့ပါ။ ခွေးအမျိုးအစားကို ရွေးချယ်တဲ့အခါ လက်ရှိ ကိုယ်နေတဲ့ မြို့အတွင်းမှာ ခွေးရောင်းတဲ့ဆိုင်တွေနဲ့ အဲဒီဆိုင်တွေမှာ ဘယ်လိုအမျိုးအစားတွေ ရလဲဆိုတာ သေချာစုံစမ်းထားဖို့ လိုအပ်ပါတယ်။ ဒီလိုစုံစမ်းထားမှ ကိုယ့်အနေနဲ့ အွန်လိုင်းကနေ ဒါမှမဟုတ် သိကျွမ်းနားလည်သူများနဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကိုယ်အင်္ဂါအစားထိုးမယ်ဆိုရင်

ရုပ်ရှင်တွေထဲမှာ တွေ့ဖူးမှာပေါ့။ အသည်းအစားထိုးရမယ်တို့၊ ကျောက်ကပ်အစားထိုးရမှာမို့လို့ အလှူရှင်လိုက်ရှာကြတာတွေ။ ကိုယ်အင်္ဂါတွေကို အစားထိုးမယ်ဆိုရင် လူအရှင်ဆီက ယူလို့ရသလို၊ လူသေဆီကလည်း ယူလို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ လူအရှင်ဆီကနေ ကိုယ်အင်္ဂါအစားထိုးတာနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။ ဘာတွေ အစားထိုးလို့ရသလဲ။ ကိုယ်တွင်းအင်္ဂါတော်တော်များများ အစားထိုးလို့ရပါတယ်။ အသည်း၊ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီစသဖြင့်ပေါ့။ လုံးဝကုသလို့မရတော့အောင် ပျက်စီးသွားတဲ့အခါမျိုးမှာ ကိုယ်တွင်းအင်္ဂါအစားထိုးတာက နောက်ဆုံးမျှော်လင့်ချက်ပါပဲ။ အစားထိုးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အလှူခံတဲ့သူကလည်း အစားထိုးပြီးတဲ့ နောက်မှာ ပြန်ကျန်းမာရမယ်။ အလှူရှင်ကလည်း ကျန်းကျန်းမာမာနဲ့ နေထိုင်သွားနိုင်ရမယ်ဆိုတာပါပဲ။ တစ်ခါတလေမှာ  အလှူခံရဲ့ ကိုယ်ခန္ဓာကိုယ်က အလှူရှင်ရဲ့ ကိုယ်တွင်းအင်္ဂါကို ပြန်တိုက်ထုတ်တာကြောင့် မအောင်မြင်တာလည်း ရှိနိုင်ပေမယ့် တတ်နိုင်သလောက်တော့ အစားမထိုးခင်တည်းက အချက်အလက်တွေ တူနိုင်သမျှ တူအောင်၊ ခုခံအားက ပြန်မတိုက်အောင် ပြင်ဆင်ပြီးမှ အစားထိုးပေးပါတယ်။ ဘယ်လိုအချက်တွေ ကိုက်ညီမှ လှူလို့ရမှာလဲ။ အလှူရှင်နဲ့ အလှူခံတို့ရဲ့ သွေးအမျိုးအစား လှူဒါန်းမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ

တကယ်လို့ သင်ဟာ အရက်ဖြတ် ဖို့ ကြိုးစားနေသူ တစ်ဦးဆိုပါက အရက် စဖြတ်ချိန်မှာ ရရှိနိုင်တဲ့ ဆိုးကျိုးတွေကြောင့် တွန့်ဆုတ်နေရပြီလား။ အရက် ဖြတ်လိုက်ရင် ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုတဲ့အတွက်လည်း ကြိုးစားပြီး အရက် ဖြတ်ချင်ကြပါလိမ့်မယ်။ ယခုဆောင်းပါးလေးမှာတော့ အရက် ဖြတ်လိုက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။ အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ ဆိုတော့ အရက် စဖြတ်ပြီဆိုတာ နှင့် သင့်တစ်ကိုယ်လုံးမှာ အောက်ပါ အချက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ (၁) အရက်နာကျခြင်း ထူးဆန်းတာက ဒီလို အရက်နာကျ လက္ခဏာကို ခံစားနေရခြင်းဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ အရက်ကို အမြဲ သောက်သုံးနေရာကနေ ရုတ်တရက် ရပ်တန့်ပစ်မယ်ဆိုပါက ဆေးဝါး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား

တိရစ္ဆာန်လေးတွေကို ချစ်ကြတဲ့ တိချစ်သူတိုင်းလိုလိုမှာ အိမ်မှာ မွေးထားတဲ့ အိမ်မွေးအကောင်လေးတွေ ကိုယ်စီရှိကြမှာပါ။ မိမိချစ်တဲ့အကောင်လေးတွေ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ဖို့ကို အားလုံး ဆန္ဒရှိကြမယ်လို့ထင်ပါတယ်။ သူတို့လေးတွေ ကျန်းမာဖို့ရန်အတွက် ကာကွယ်ဆေးထိုးပေးဖို့ လို မလိုဆိုတာဟာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ကဲ .... အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား ဆိုတော့ ကာကွယ်ဆေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်တွေကို စဉ်းစားကြည့်ကြပါစို့။ သူတို့လေးတွေရဲ့ အသက်အန္တရာယ်ကို ထိပါးရန်ရှာလာနိုင်တဲ့ ရောဂါဆိုးတွေဆီက ကင်းဝေးဖို့ရန် ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်မွေးမြူပေးရန် ခွေးရူးရောဂါကဲ့သို့သော အိမ်မွေးတိရစ္ဆာန်လေးတွေဆီကနေ လူတွေဆီသို့ ကူးစက်နိုင်တဲ့ရောဂါတွေကို ကြိုတင်တားဆီးနိုင်ရန် ကာကွယ်ဆေးမထိုးရင် ဖြစ်လာမယ့်ရောဂါတွေဟာ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ကုသလို့ ရနိုင်ခဲ့ရင်တောင်မှ အချိန်ကြာကြာကုရမှာပါ။ သူတို့လေးတွေဟာလည်း ရောဂါဒဏ်ကို တော်တော်လေးခံရမှာပါ။ သင့်ကိုလည်း ငွေကုန်လူပန်းဖြစ်စေမှာပါ။ အိမ်မွေးခွေးလေးတွေမှာဆိုရင် ဘယ်လိုရောဂါတွေကို ကာကွယ်ပေးနိုင်သလဲ။ အောက်ပါရောဂါတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ Parvovirus […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား

ဒါက ဆေးရုံတွေမှာ ကြားနေကျ စကားပါ။ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆို ခွဲမယ့် နည်းလမ်းကို စဉ်းစားရပါတယ်။ လူနာရဲ့ အခြေအနေရော၊ ရောဂါရဲ့ အခြေအနေရောက ဘယ်လိုခွဲခွဲ အဆင်ပြေတယ်ဆိုရင် ဆရာဝန်တွေ မေးလေ့ရှိတာက 'ရိုးရိုးခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား'  လူနာ အများစုကတော့ သိပ်နားမလည်ဘူးပေါ့။ ဒီဆောင်းပါးမှာ ဒါက ဘာတွေကို ပြောတာလဲ။ အားသာချက်၊ အားနည်းချက်တွေ ဘာရှိလဲ ဆိုတာ ပြောပြပေးပါ့မယ်။ သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား ဆိုတဲ့ အကြောင်းလေးတွေကို လေ့လာလိုက်ရအောင်နော်။ သမားရိုးကျ ခွဲတယ် ဆိုတာ သမားရိုးကျ ခွဲတယ်ဆိုတာ အရင်လို ခွဲကြောင်းပေးပြီး ဓားနဲ့ ခွဲတာကို ဆိုလိုတာပါ။ ရုပ်ရှင်ထဲမှာ မြင်ဖူးနေကြပုံစံပေါ့။ ခွဲစိတ်မှု အများစုက သမားရိုးကျ ခွဲနည်းကိုပဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

အိမ်မှာပဲ အလုပ်လုပ်တယ်ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးတွေ များလွန်းတဲ့အိမ်တွေမှာဆိုရင် အလုပ်လုပ်ရတာ တော်တော်စိတ်ညစ်စရာကောင်းပါတယ်။ ကလေးတွေကိုယ်တိုင်ကလည်း အပြင်ထွက် ဆော့ကစားလို့မရတဲ့အခါ အိမ်ထဲမှာပဲ ပြေးလွှားဆော့ကစားကြရတယ်။ ပစ္စည်းတစ်ခုခု ပြုတ်ကျအောင် လုပ်မိတာမျိုး၊ သွေးထွက်သံယို မတော်တဆ တစ်ခုခု ဖြစ်တာ၊ အသံအကျယ်ကြီး အော်တာ၊ ရုပ်ရှင်၊ ကာတွန်းကားဖွင့်ကြည့်တာမျိုး လုပ်နေတဲ့အခါ ကိုယ့်ရဲ့ အလုပ်လုပ်ချင်စိတ်ကို သွားပြီး အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါဆို ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား ။ ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား ဆိုတော့ မဟုတ်ပါဘူး။ ဒီအချက်လေးတွေကိုပဲ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီအချက်တွေက ကလေးရှိတဲ့ မိသားစုတွေအတွက်သာမက တစ်ယောက်တည်း နေထိုင်သူတွေအတွက်ပါ အသုံးဝင်တဲ့ နည်းလမ်းတွေပါ။ ရုံးမှာလိုမဟုတ်ဘဲ ကိုယ့်အိမ်မှာ စိတ်လွတ်လက်လွတ် လုပ်လို့ရတဲ့အချက်ကြောင့်လည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

စတီးရွိုက်ဆိုတာ ခန္ဓာကိုယ်အတွက် မရှိမကောင်း ရှိမကောင်းပါပဲ။ မရှိရင်လည်း မကောင်းသလို လိုတာထက် ပိုနေပြန်ရင်လည်း နောက်ဆက်တွဲရောဂါတွေ ရလာနိုင်ပါတယ်။ ဒီတော့ ကိုယ်ထဲမှာ ရှိသင့်တဲ့ ပမာဏအတိုင်း ရှိနေတာပဲ ကောင်းပါတယ်။ စတီးရွိုက်တွေ လိုတာထက် ပိုများလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ပြောင်းလဲသွားနိုင်ဆိုတာ ကြည့်ကြည့်ရအောင်။ စတီးရွိုက်တွေ လိုတာထက် များလာတဲ့အခါ ကျောက်ကပ်ရဲ့ အပေါ်နားလေးမှာ အဒရီနယ်ဂလင်းဆိုတာ ရှိပါတယ်။ ဒီဂလင်းကနေ ကော်တီစောဟော်မုန်းလို့ခေါ်တဲ့ စတီးရွိုက်ကို သဘာဝအတိုင်း ထုတ်ပေးပါတယ်။ တစ်ခါတလေ ရောဂါတစ်ခုခုရှိတဲ့အခါ (ဥပမာ ပန်းနာရင်ကြပ်တို့ အရေပြားလေးဖက်နာတို့) ကုသတဲ့အနေနဲ့ အပြင်ကနေ စတီးရွိုက်တွေ ပေးရပါတယ်။ ဒါကတော့ လူလုပ်စတီးရွိုက်တွေပေါ့။ ကိုယ်ထဲက စတီးရွိုက်တွေပဲ ထုတ်တာများများ၊ အပြင်က လူလုပ်စတီးရွိုက်တွေပဲ သောက်တာများများ ကိုယ်ထဲမှာ စတီးရွိုက်တွေ ပုံလာပြီဆိုရင် ရောဂါတစ်ခုဖြစ်လာပါတယ်။ ဒါကို Cushing […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

စတီးရွိုက်ဆိုတာ ကိုင်ရတွယ်ရခက်တဲ့ဆေးထဲမှာ ပါပါတယ်။ သိပ်လည်း အစွမ်းထက်သလို မသုံးတတ်ရင် အန္တရာယ်လည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဉာဏ်နဲ့ ယှဉ်ပြီး သုံးရတဲ့ ဆေးဖြစ်တဲ့အတွက် သမားကိုင်ဆေး (prescription drugs)ထဲမှာ ထည့်ထားတာပါ။ ဒါကြောင့် စတီးရွိုက်ကို သောက်ရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်သလို ရပ်မယ်ဆိုရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ရပ်သင့်ပါတယ်။ မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ စတီးရွိုက်တွေကို ဘယ်နေရာတွေမှာ သုံးကြသလဲ။ စတီးရွိုက်တွေကို ရောဂါတော်တော်များများ ကုသတဲ့ နေရာမှာ သုံးလို့ရပါတယ်။ အဆစ်အမြစ်တွေရောင်တာ ပန်းနာရင်ကျပ် အရေပြားလေးဖက်နာ ပြင်းထန် ဓာတ်မတည့်ရောဂါ အရေပြားပြဿနာတွေ Multiple sclerosisလို့ ခေါ်တဲ့ ရောဂါတွေမှာ အသုံးများပါတယ်။ ဘာကြောင့် စတီးရွိုက်ကို ရုတ်တရက် မရပ်သင့်တာလဲ။ စတီးရွိုက်ကို ကော်တီစောဟော်မုန်းအနေနဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးနိုင်ပါတယ်။ စတီးရွိုက်က ခန္ဓာကိုယ်ရဲ့ အလုပ်တော်တော်များများကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။

ဗိုက်ပူရင် ဝတ်ရတာ အဆင်မပြေသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု နည်းတယ်နော်။ တကယ်ကတော့ ဗိုက်ပူတာက စားတဲ့ အစားအသောက်ကြောင့်ပဲ မဟုတ်ပါဘူး။ ကိုယ်တိုင်က မသိဘဲ လုပ်မိတဲ့ အလေ့အထကြောင့်လည်း ပါပါတယ်။ ကိုယ်တိုင်က ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။ ဆိုတာကို ကြည့်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင် လုပ်မိနေတဲ့ အလေ့အထထဲမှာ ဗိုက်ခေါက်ထူစေမယ့် အလေ့အထတွေ ပါနေလားဆိုတာကို ဆန်းစစ်ကြည့်ရအောင်နော်။ ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။ ဒီ အလေ့အထတွေက သင့်ကို ဗိုက်ခေါက် ထူစေတာပါတဲ့။ လူအများကြီးနဲ့ အစား စားတာ တစ်ယောက်တည်း စားတာထက် အပေါင်းအသင်းတွေ၊ မိသားစုတွေနဲ့ စားတဲ့အခါ ပိုစားဝင်တတ်ပါတယ်။ ပြောရင်းဆိုရင်း စားရင်းသောက်ရင်းနဲ့ စားမိတဲ့ ပမာဏက များမှန်းမသိ များသွားတတ်ပါတယ်။ ဒီလို အစားအများကြီး စားမိတာကလည်း သင့်ကို ဗိုက် အဆီတက်စေပါတယ်။ ပမာဏ များများ စားတတ်တာ အစားစားတဲ့အခါ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း