အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

စတီးရွိုက်ဆိုတာ ခန္ဓာကိုယ်အတွက် မရှိမကောင်း ရှိမကောင်းပါပဲ။ မရှိရင်လည်း မကောင်းသလို လိုတာထက် ပိုနေပြန်ရင်လည်း နောက်ဆက်တွဲရောဂါတွေ ရလာနိုင်ပါတယ်။ ဒီတော့ ကိုယ်ထဲမှာ ရှိသင့်တဲ့ ပမာဏအတိုင်း ရှိနေတာပဲ ကောင်းပါတယ်။ စတီးရွိုက်တွေ လိုတာထက် ပိုများလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ပြောင်းလဲသွားနိုင်ဆိုတာ ကြည့်ကြည့်ရအောင်။ စတီးရွိုက်တွေ လိုတာထက် များလာတဲ့အခါ ကျောက်ကပ်ရဲ့ အပေါ်နားလေးမှာ အဒရီနယ်ဂလင်းဆိုတာ ရှိပါတယ်။ ဒီဂလင်းကနေ ကော်တီစောဟော်မုန်းလို့ခေါ်တဲ့ စတီးရွိုက်ကို သဘာဝအတိုင်း ထုတ်ပေးပါတယ်။ တစ်ခါတလေ ရောဂါတစ်ခုခုရှိတဲ့အခါ (ဥပမာ ပန်းနာရင်ကြပ်တို့ အရေပြားလေးဖက်နာတို့) ကုသတဲ့အနေနဲ့ အပြင်ကနေ စတီးရွိုက်တွေ ပေးရပါတယ်။ ဒါကတော့ လူလုပ်စတီးရွိုက်တွေပေါ့။ ကိုယ်ထဲက စတီးရွိုက်တွေပဲ ထုတ်တာများများ၊ အပြင်က လူလုပ်စတီးရွိုက်တွေပဲ သောက်တာများများ ကိုယ်ထဲမှာ စတီးရွိုက်တွေ ပုံလာပြီဆိုရင် ရောဂါတစ်ခုဖြစ်လာပါတယ်။ ဒါကို Cushing […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

စတီးရွိုက်ဆိုတာ ကိုင်ရတွယ်ရခက်တဲ့ဆေးထဲမှာ ပါပါတယ်။ သိပ်လည်း အစွမ်းထက်သလို မသုံးတတ်ရင် အန္တရာယ်လည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဉာဏ်နဲ့ ယှဉ်ပြီး သုံးရတဲ့ ဆေးဖြစ်တဲ့အတွက် သမားကိုင်ဆေး (prescription drugs)ထဲမှာ ထည့်ထားတာပါ။ ဒါကြောင့် စတီးရွိုက်ကို သောက်ရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်သလို ရပ်မယ်ဆိုရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ရပ်သင့်ပါတယ်။ မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ စတီးရွိုက်တွေကို ဘယ်နေရာတွေမှာ သုံးကြသလဲ။ စတီးရွိုက်တွေကို ရောဂါတော်တော်များများ ကုသတဲ့ နေရာမှာ သုံးလို့ရပါတယ်။ အဆစ်အမြစ်တွေရောင်တာ ပန်းနာရင်ကျပ် အရေပြားလေးဖက်နာ ပြင်းထန် ဓာတ်မတည့်ရောဂါ အရေပြားပြဿနာတွေ Multiple sclerosisလို့ ခေါ်တဲ့ ရောဂါတွေမှာ အသုံးများပါတယ်။ ဘာကြောင့် စတီးရွိုက်ကို ရုတ်တရက် မရပ်သင့်တာလဲ။ စတီးရွိုက်ကို ကော်တီစောဟော်မုန်းအနေနဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးနိုင်ပါတယ်။ စတီးရွိုက်က ခန္ဓာကိုယ်ရဲ့ အလုပ်တော်တော်များများကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။

ဗိုက်ပူရင် ဝတ်ရတာ အဆင်မပြေသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု နည်းတယ်နော်။ တကယ်ကတော့ ဗိုက်ပူတာက စားတဲ့ အစားအသောက်ကြောင့်ပဲ မဟုတ်ပါဘူး။ ကိုယ်တိုင်က မသိဘဲ လုပ်မိတဲ့ အလေ့အထကြောင့်လည်း ပါပါတယ်။ ကိုယ်တိုင်က ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။ ဆိုတာကို ကြည့်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင် လုပ်မိနေတဲ့ အလေ့အထထဲမှာ ဗိုက်ခေါက်ထူစေမယ့် အလေ့အထတွေ ပါနေလားဆိုတာကို ဆန်းစစ်ကြည့်ရအောင်နော်။ ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။ ဒီ အလေ့အထတွေက သင့်ကို ဗိုက်ခေါက် ထူစေတာပါတဲ့။ လူအများကြီးနဲ့ အစား စားတာ တစ်ယောက်တည်း စားတာထက် အပေါင်းအသင်းတွေ၊ မိသားစုတွေနဲ့ စားတဲ့အခါ ပိုစားဝင်တတ်ပါတယ်။ ပြောရင်းဆိုရင်း စားရင်းသောက်ရင်းနဲ့ စားမိတဲ့ ပမာဏက များမှန်းမသိ များသွားတတ်ပါတယ်။ ဒီလို အစားအများကြီး စားမိတာကလည်း သင့်ကို ဗိုက် အဆီတက်စေပါတယ်။ ပမာဏ များများ စားတတ်တာ အစားစားတဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင် ခြေကုန်လက်ပမ်းကျနေပြီလား

သင် ခြေကုန်လက်ပမ်းကျနေပြီလား ...... သင့်အနေနဲ့ စွမ်းအင်ကုန်ခမ်းပြီး ပုံမှန်လုပ်ငန်းဆောင်တာများကိုတောင် မလုပ်ချင် မကိုင်ချင်ဖြစ်နေတဲ့ အခြေအနေမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီအခြေအနေကို အင်္ဂလိပ်လို burnout လို့လည်း ခေါ်ပါတယ်။ စိတ်ဖိစီးမှု အခြေအနေတွေ (ဥပမာ နေထိုင်မကောင်းသော မိသားစုဝင်တစ်ဦးဦးကို ပြုစုနေရခြင်း၊ အလုပ်ချိန်ကြာမြင့်စွာ အလုပ်လုပ်ရခြင်း၊ စိတ်ညစ်ညူးဖွယ်သတင်းများကို နားထောင်နေရခြင်း စတာတွေ)ကို အဆက်မပြတ်ကြုံကြိုက်လာတဲ့အခါ သင်ဟာ ခြေကုန်လက်ပမ်းကျသလို ခံစားလာရပါတယ်။ သင် ခြေကုန်လက်ပမ်းကျနေပြီလား သင် ခြေကုန်လက်ပမ်းကျနေပြီလား ဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ဦးနော်။ စိတ်ပညာရှင်တစ်ဦးကတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်လာရင် အားအင်ကုန်ခမ်းသွားတဲ့ burnout အခြေအနေကြုံရတယ်လို့ ဆိုပါတယ်။ အဆိုပါ အခြေအနေဟာ သာမန်ပင်ပန်းနွမ်းနယ်မှုနဲ့ မတူပါဘူး။ သာမန်ကြုံကြိုက်နေကြ ပင်ပန်းနွမ်းနယ်ခြင်းဟာ အနားယူပြီးရင် အားပြန်ပြည့်နိုင်ပါတယ်။ Burnout ဆိုတဲ့ အားအင်ကုန်ခမ်းတဲ့ […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေ

သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေတစ်ခုရှိပါတယ်။ ဒါကို Thyroid crisis/ Thyroid stormလို့ ခေါ်ပါတယ်။ အချိန်တိုလေးအတွင်းမှာ ဖြစ်လာပြီး တဖြည်းဖြည်းပိုဆိုးလာနိုင်လို့ ထိရောက်တဲ့ကုသမှုကို အမြန်ဆုံး ခံယူသင့်တဲ့ အခြေအနေပါ။ Thyroid crisis အရေးပေါ်အခြေအနေဆိုတာ သိုင်းရွိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ တော်တော်များများကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဟော်မုန်း များရင် ဖြစ်ဖြစ်၊ နည်းရင် ဖြစ်ဖြစ် တစ်ကိုယ်လုံးမှာ လက္ခဏာတွေ ပြတာပေါ့။ ဒီအရေးပေါ်အခြေအနေမှာတော့ သိုင်းရွိုက်ဟော်မုန်းတွေ အဆမတန်များလာတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက စနစ်တွေ ထိန်းမနိုင် သိမ်းမရဖြစ်လာတာပါ။ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။ သာမန်သိုင်းရွိုက်ဟော်မုန်း များတဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။ သူကတော့ ရုတ်တရက်ကြီး ဖြစ်လာပြီး လက္ခဏာတွေလည်း ပိုဆိုးတတ်ပါတယ်။ တွေ့ရတတ်တာတွေကတော့ နှလုံးခုန်နှုန်းတွေ မြန်လာတာ (အရင်ကထက် ရင်ပိုတုန်တဲ့ ဝေဒနာ ခံစားရမှာပါ) အဖျားတွေ […]


အခြေခံကျန်းမာရေး

ဟော်မုန်း မညီမျှခြင်းအကြောင်း

ဟော်မုန်းများ ဟာ သင့်ကိုယ်ခန္ဓာထဲက ဓာတုဆက်သွယ်ရေးပစ္စည်းတွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာဂလင်းများက ထုတ်လုပ်လိုက်ပြီးချိန်မှာ ဟော်မုန်းများဟာ သွေးထဲကတဆင့် ကိုယ်ခန္ဓာတလျှောက် လှည့်လည်သွားလာပြီး ဘယ်အင်္ဂါအစိတ်အပိုင်းက ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ အချက်ပြပေးပါတယ်။ ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ဇီဝဖြစ်ပျက်ခြင်း၊ မျိုးဆက်ပွားခြင်း စတဲ့ကိစ္စရပ်တွေကို ထိန်းချုပ်ပေးပါတယ်။ တကယ်လို့ဟော်မုန်းတမျိုးမျိုးဟာ လိုအပ်တာထက် လျော့နည်းနေရင် ဒါမှမဟုတ် များလွန်းနေရင် ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအခြေအနေကို ဟော်မုန်းမညီမျှခြင်းလို့ ခေါ်ပါတယ်။ ဟော်မုန်းမညီမျှခြင်း လက္ခဏာများ ဟော်မုန်းတွေဟာ ကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်ပေါင်းစုံမှာ ပါဝင်ပါတယ်။ ဒါကြောင့်မို့ ဟော်မုန်းတမျိုးမျိုး ချို့ယွင်းချက်ရှိရင် လက္ခဏာမျိုးစုံပြနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဘယ်စနစ်အပေါ် သက်ရောက်သလဲဆိုတာပေါ်လည်း မူတည်ပါတယ်။ ဟော်မုန်းမညီမျှခြင်းရဲ့ လက္ခဏာတွေကတော့ - ကိုယ်အလေးချိန်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း - ပင်ပန်းနွမ်းနယ်ခြင်း - အပူ/အအေး မခံနိုင်ခြင်း - ဝမ်းချုပ်ခြင်း/ဝမ်းပျက်လွယ်ခြင်း - အသားအရေခြောက်ခြင်း - မျက်နှာအမ်းခြင်း - နှလုံးခုန်မြန်ခြင်း/နှေးခြင်း - ကြွက်သားများအားနည်းခြင်း - မကြာခဏဆီးသွားခြင်း - ရေငတ်ခြင်း - ကြွက်သားများ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာခြင်း ပန်းတိုင်ကို သွားရတာ လွယ်ပါတယ်။

ကျန်းမာခြင်းဆိုတဲ့ ပန်းတိုင်ကို လူတိုင်းကြိုးစားလျှောက်နေကြတာပဲ။ ဒါပေမယ့် လူတိုင်း မရောက်ကြပါဘူး။ တချို့က လမ်းတစ်ဝက်မှာပဲ လက်လျှော့သွားခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာအောင် လုပ်ရတာ ထင်သလောက် မလွယ်ပါဘူး။ နဂိုအကျင့်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် ပိုတောင်ဆိုးပါသေးတယ်။ အစားအသောက်တွေ ဆင်ခြင်ရမယ်၊ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရမယ်၊ အချိန်ပေးရမယ်။ ရေရှည်သွားနိုင်ရမယ် စတဲ့ စတဲ့ လိုအပ်ချက်တွေ ပြည့်စုံဖို့လိုပါတယ်။ ဒါကြောင့် လမ်းတစ်ဝက်မှာတင် လက်လျှော့သွားကြတယ်လို့ ပြောတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျန်းမာခြင်းဆိုတဲ့ ပန်းတိုင်ကို သွားတဲ့လမ်းမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံရလို့ပါ။ ဒီလိုပြောတာ အလွယ်တကူ လက်လျှော့ဖို့ မဟုတ်ပါဘူး။ နောက်ပြီးရင်လည်း လက်လျှော့ရမှာပဲ။ အစကတည်းက လုပ်မနေပါနဲ့တော့လို့ ပြောချင်တာ မဟုတ်ပါဘူး။ ကျန်းမာခြင်း ပန်းတိုင်ကို သွားတဲ့လမ်းမှာ တွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတွေကို ပြောပြချင်တာပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့ အလှတရား ကို သင်ကိုယ်တိုင် တန်ဖိုးထားပါ။

အလှတရား ဆိုတာ ဘုရားကပေးတယ်ပဲဆိုဆို၊ မိဘနှစ်ပါးဆီက အမွေရတယ်ပဲဆိုဆို ဒါဟာ သင့်အတွက် အထူးသီးသန့်ရှိနေတဲ့ အရာတစ်ခုပါ။ ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင်ဝိသေသတစ်ခုပေါ့။ တစ်ယောက်နဲ့ တစ်ယောက် မတူညီခြင်းကပဲ ရောင်စုံအလှတရားတွေကို ထွက်ပေါ်စေတာပါ။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်တဲ့အလှတရားကို တန်ဖိုးထားပါ။ တကယ်တော့ အလှတရားမှာ စံနှုန်းသတ်မှတ်ချက်ဆိုတာ မရှိဘူးလို့ပြောရင် ယုံပါ့မလားပဲ။ ဇင်ယော်တောင် မျက်ခုံး၊ ချွန်တဲ့ နှာခေါင်း၊ ဝါဝင်းတဲ့ အသားအရေ၊ သမင်မျက်လုံး စတာတွေက စာပေအရ ဖွဲ့ဆိုထားတာတွေပါပဲ။ ဒါတွေက တစ်ခုချင်းဆိုရင် လှပေမယ့် ဒီလိုအလှတရားတွေ အားလုံး ပေါင်းထားတဲ့ သူဆိုတာ မရှိပါဘူး။ ပေါင်းလိုက်ရင်လည်း သဘာဝမကျဘဲ မလှတော့ပါဘူး။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီခေတ်မှာ ဒီလောက် ဆေးပညာတွေ တိုးတက်နေတာ၊ ငွေကြေးသာ ပြည့်စုံလို့ကတော့ ဒီလှပါတယ်ဆိုတဲ့ ပုံစံမျိုးတွေပဲရအောင် […]


အခြေခံကျန်းမာရေး

အိမ်မွေးတိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ရောဂါပိုးကနေ ဘယ်လိုကာကွယ်ပေးမလဲ

ခွေးရူးပြန်ရောဂါပိုးက လူတွေအတွက်ပဲ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အတွက်လည်း အရေးကြီးပါတယ်။ လူတွေမှာ ကူးစက်ခံရရင် အသေအပျောက်များသလိုပဲ သူတို့လေးတွေမှာလည်း ကုစရာ ဆေးမရှိဘဲ သေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ မွေးထားတဲ့ ချစ်စရာကောင်လေးတွေကိုလည်း ခွေးရူးရောဂါကနေ ကာကွယ်ပေးဖို့လိုပါတယ်။ ခွေးရူးရောဂါပိုးကနေ ဘယ်လိုကာကွယ်ပေးကြမလဲ။ ကာကွယ်ဆေးထိုးပေးပါ။ လူတွေပဲ ခွေးရူးကာကွယ်ဆေးထိုးလို့ရတာ မဟုတ်ပါဘူး။ သူတို့လေးတွေလည်း ထိုးလို့ရပါတယ်။ အိမ်မွေးခြံပေါက်ဆိုရင်တော့ မွေးပြီး ၃လအရွယ် (ကြောင်လေးတွေဆို ၂လလို့ပြောပါတယ်။ အသေးစိတ်ကို တိရစ္ဆာန်အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ)ဆို စထိုးပေးလို့ရပါပြီ။ တစ်နှစ်ကို တစ်ခါထိုးရပါတယ်။  ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ်ပါ။ ပြီးရင်နှစ်တိုင်း booster doseလို့ ခေါ်တဲ့ ထပ်ဆောင်းကာကွယ်ဆေး ထပ်ထိုးပေးရပါတယ်။ ခုမှ အပြင်က ဝယ်မွေးမယ်ဆိုရင်လည်း ကာကွယ်ဆေးထိုးထားလား။ မေးကြည့်ပါ။ မထိုးရသေးရင် ထိုးပေးလိုက်ပါ။ ထိုးပြီး ၂၈ရက်နေရင် […]


အခြေခံကျန်းမာရေး

ပရိုတင်းချို့တဲ့မှု၏ လက္ခဏာများ

ပရိုတင်းဟာ သင့်ခန္ဓာကိုယ်ကြွက်သားများ၊ တစ်ရှူးများအတွက် အခြေခံအဆောက်အဦဖြစ်တဲ့အပြင် အင်ဇိုင်းများ၊ ဟော်မုန်းများအနေနဲ့လည်း အရေးကြီးလုပ်ငန်းတာဝန်တွေ ထမ်းဆောင်ပေးပါတယ်။ အစားအစာအားလုံးလိုလိုမှာ ပရိုတင်းဓာတ် ပါဝင်တတ်ပါတယ်။ အထူးသဖြင့် အသားငါးနဲ့ ပဲအမျိုးမျိုးမှာ ဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ လူ့ကိုယ်ခန္ဓာရဲ့ အခြေခံဖြစ်တာမို့ ပရိုတင်းချို့တဲ့ရင် ကျန်းမာရေးကို ထိခိုက်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပရိုတင်းချို့တဲ့ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဖောရောင်ခြင်း လူ့သွေးထဲမှာ အယ်လ်ဗျူမင်လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးရှိပါတယ်။ အယ်လ်ဗျူမင်ဟာ သွေးကြောတွေထဲမှာ ရေဓာတ် ကိုထိန်းသိမ်းပေးပြီး တစ်ရှူးများအပါအဝင် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများဆီ ရေတွေသွားမစုအောင် ကာကွယ်ပေးပါတယ်။ အယ်လ်ဗျူမင်နည်းသွားချိန်မှာတော့ အဆိုပါ ဟန်ချက်ညီမှုကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ အရည်များလည်း တစ်ရှူးများဆီရောက်သွားတာမို့ ခြေလက်များ ဖောရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း စတဲ့ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အသည်းအဆီဖုံးခြင်း အသည်းမှာ အဆီများ လိုတာထက်ပိုပြီး စုဝေးလာခြင်းဖြစ်ပါတယ်။ မကာကွယ်မကုသဘဲထားရင် အသည်းရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။ အသည်းအဆီဖုံးခြင်းကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း