အသီးအရွက်တွေကို ကြိုက်တယ်။ အစိမ်းစားရတာလည်း သဘောကျတယ်။ ကြော်စား၊ ချက်စားရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အသီးအရွက်တွေက မသန့်ဘဲ ပိုးတွေပါလို့ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အသီးအရွက်တွေကို ကြိုက်တယ်။ အစိမ်းစားရတာလည်း သဘောကျတယ်။ ကြော်စား၊ ချက်စားရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အသီးအရွက်တွေက မသန့်ဘဲ ပိုးတွေပါလို့ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်။
ဒီတော့ အသီးအရွက်တွေကို သန့်စင်အောင် ရေအထပ်ထပ်ဆေးပါတယ်။ ဒီလိုကျတော့လည်း အာဟာရတွေ ပျက်သွားမှာ စိုးတယ်။ ဘာလုပ်လို့ လုပ်ရမယ် မိသဘူး ဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ သန့်ရှင်းစင်ကြယ်အောင် ဘယ်လို ဆေးကြောရမလဲဆိုတာကို ပြောပြပေးပါရစေ။
အသီးအရွက်တွေကို ဝယ်လာပြီဆိုတာနဲ့ ပိုးသေအောင် စင်ကြယ်အောင်ဆိုပြီး ရေအထပ်ထပ်ဆေးတာ ရှိသလို ဆပ်ပြာရည် သုံးပြီး ဆေးကြောတာတွေလည်း ရှိပါတယ်။
တကယ်ကတော့ ဒီနည်းလမ်းတွေက အသီးအရွက်တွေမှာပါတဲ့ အာဟာရတန်ဖိုးကို ပျက်စေနိုင်ပြီး စားလိုက်ရင် အရသာမရှိတာလိုမျိုး ဖြစ်စေနိုင်ပါတယ်။
ဒီတော့ ပင်ကိုယ် အာဟာရနဲ့ အရသာလည်း မပျက်စီးဘဲ ပိုးမွှားတွေ စင်ကြယ်သန့်စင်စေဖို့ဆိုရင် ဘေးမဖြစ်စေဘဲ ဆေးကြောလို့ရတဲ့ နည်းလေးရှိပါတယ်။ ဒါကတော့ ဆားနဲ့ ဆေးကြောတာပါ။
အရင်ဆုံး ဇလုံ အဝကျယ်ကျယ်ထဲမှာ သန့်စင်တဲ့ရေကို ထည့်ပါ။ ပြီးရင် ဆားကိုထည့်ပါ။ ဆားတွေ ကြေသွားအောင် မွှေပါ။ ပြီးရင် ဆားရည်ထဲကို ဆေးကြောမယ့် အသီးအရွက်တွေကိုထည့်ပါ။ ၁၀ မိနစ်လောက် စိမ်ထားပေးပါ။
ပြီးရင် သေချာလေး ဆေးကြောပေးလိုက်ရုံပါ။ အာဟာရ တန်ဖိုး မလျော့သလို လတ်ဆတ်မှုလည်း ပျက်မသွားပါဘူး။
အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။ ဒီလိုပြောရတာက အသီးအရွက်တွေ သစ်သီးတွေကို ဆားရည်နဲ့ ဆေးကြောတဲ့အခါ
အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။ လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်နော်။ ရောဂါပိုးကင်းပြီး သန့်စင်တဲ့ အသီးအရါက်တွေကို စားသုံးချင်သူတွေအတွက် အသုံးတည့်မယ့် နည်းလမ်း တစ်ရပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။