ဖျား နာ နေမကောင်းလို့ ဆေးထိုးတာပဲဖြစ်ဖြစ်၊ ကာကွယ်ဆေးလို့ ဆေးမျိုးထိုးနှံတာပဲဖြစ်ဖြစ်၊ နာတာရှည်ကျန်းမာရေး အခြေအနေတွေအတွက် ဆေးဝါးထိုးနှံနေရတာကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို ဆေးထိုးရင် များသောအားဖြင့် နာကျင်ခံစားရတတ်ပါတယ်။ ဒီလိုမျိုး ဆေးထိုးရင်နာမှာကြောက်သူတွေ အများကြီးပါ။
ခန္တရာကိုယ်ထဲကို အပ်ကြီးတစ်ချောင်းလုံး ဝင်သွားတာ မနာပဲ နေမလားနော်။ တချို့တွေဆို နာလို့ အော်ကြတယ်၊ မျက်ရည်ကျကြတာလည်းရှိတယ်။ အွန်လိုင်းပေါ်မှာဆိုရင်လည်း ကလေးတွေကို ကာကွယ်ဆေးထိုးချိန် ငိုနေကြ၊ မဲ့ရွဲ့နေကြတာလေးတွေကို Troll လုပ်ကြတာမျိုးတွေ မကြာခနမြင်ရတတ်တယ်။ ဘေးကနေမြင်ရတာ ရီချင်စရာဆိုပေမယ့် တကယ်ခံစားရတဲ့သူအတွက်တော့ မသက်သာလှပါဘူး။
ဒါကြောင့်လည်း တစ်ချို့တွေက ဆေးထိုးရမှာ သိပ်ကြောက်တတ်ကြပါတယ်။ ဆေးထိုးရင်နာမှာကြောက်သူတွေ ဟာ အဓိကအားဖြင့်တော့ နာမှာကြောက်တာကြောင့်ပါ။
ကိုယ့်ကိုယ်ကို ကိုယ်တိုင် ဆေးထိုးရတာပဲဖြစ်ဖြစ် ဆေးခန်းမှာ ဆရာဝန်နဲ့ထိုးနှံရာမှာပဲဖြစ်ဖြစ် နာကျင်မှုလျော့ပါးအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။
ဆေးထိုးရင်နာမှာကြောက်သူတွေ အတွက် နည်းလမ်းကောင်းများ
အောက်မှာဖော်ပြပေးမယ့် နည်းလမ်းတွေက ဆေးထိုးရင်နာမှာကြောက်သူတွေ အတြက္ ဆေးဝါးထိုးနှံချိန်မှာ နာကျင်မှုကို လျော့ပါးသက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။
- ၁။ ဆေးထိုးမယ့် နေရာကို ကြိုတင်ပြီး ရေခဲ ဒါမှမဟုတ် ရေခဲအိတ်ကပ်တာ၊
- ၂။ အရက်ပျံသုတ်လိမ်းတာ၊
- ၃။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေနဲ့ စိတ်ကို ဖြေလျှော့ထားတာ၊
- ၄။ ဆရာဝန်လမ်းညွှန်တဲ့ လိမ်းဆေးတစ်မျိုးမျိုးကို လိမ်းကျံပြီး ၁၅ မိနစ်လောက်ကြိုတင်ကာ အရေပြားကို ထုံနေအောင် ပြုလုပ်ထားတာ၊
- ၅။ တစ်နေရာတည်းကိုပဲ ခနခန ဆေးထိုးနေတာမျိုးကို ရှောင်ကျဉ်တာ၊
- ၆။ ဆေးထိုးနှံမယ့်နေရာကို ကြိုတင်နှိပ်နယ်ပေးတာ၊
- ၇။ ဆေးထိုးတဲ့ အမြန်နှုန်းကို လိုအပ်သလို ချိန်ညှိထိုးနှံတာမျိုးတွေပါပဲ။
ဒီနည်းလမ်းတွေဟာ ဆေးထိုးရမှာကို ကြောက်ရွံ့သူတွေအတွက်ရော နာကျင်မှာကို စိုးထိတ်သူတွေအတွက်ပါ အသုံးတည့်စေမှာဖြစ်ပြီးတော့ နာကျင်မှုဝေဒနာကို သိသိသာသာ လျှော့ချပေးနိုင်ပါလိမ့်မယ်။
ဒါတင်သာမကပါဘူး နောက်ထပ် ထူးခြားတဲ့ နည်းလမ်းတစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ ဆေးထိုးနေချိန်မှာ ပြုံးတဲ့နည်းလမ်းဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဆေးထိုးနေချိန်မှာ ပြုံးတာက ဆေးထိုးအပ်ကြောင့်ရလာမယ့် နာကျင်မှုကို လျော့ပါးစေနိုင်တယ်လို့ University of California က လေ့လာသူတွေက ဆိုထားပါတယ်။ စမ်းသပ်ကြည့်သင့်တဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။
ပြုံးတယ်ဆိုတာက ပင်ပန်းလှတဲ့ကိစ္စမဟုတ်သလို ငွေကုန်လူပန်းကိစ္စလည်း မဟုတ်ဘူးမဟုတ်လား။ ဒီတော့ ဒီတစ်ခါဆေးထိုးခါနီးရင် အပေါ်မှာ ပြောခဲ့တဲ့နည်းလမ်းတွေကို အသုံးချနိုင်သလို ဆေးထိုးချိန်မှာလည်း ပြုံးပြုံးလေးနေကြည့်နော်။ နာကျင်မှုသက်သာလျော့ပါးသွားမှာပါ။
သေချာတာကတော့ ဆေးထိုးရင်နာမှာကြောက်သူတွေလည္း COVID-19 ကာကွယ်ဆေးထိုးနှံချိန်မှာဆိုရင် သတိပေးနေစရာကိုမလိုအောင် လူတိုင်း အပြုံးပန်းတွေဝေဆာနေလိမ့်မယ်လို့ မြင်ယောင်မိပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။