backup og meta

သင်ဟာ ဉာဏ်ကြီးရှင် (Genius) တစ်ယောက်ဖြစ်တယ်ဆိုတာကို ပြောပြနေတဲ့ အချက်တွေ


Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ဟာ ဉာဏ်ကြီးရှင် (Genius) တစ်ယောက်ဖြစ်တယ်ဆိုတာကို ပြောပြနေတဲ့ အချက်တွေ

    လူတိုင်း ဉာဏ်ရည်ထက်မြက်ချင်ကြပါတယ်။ ပါရမီရှင်တစ်ယောက် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာရင် အရာရာကို တွေးခေါ်မျှော်မြင်နိုင်စွမ်း မြင့်မားပြီး ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်လာနိုင်တယ်မဟုတ်လား။

    Genius တစ်ယောက်ဖြစ်ဖို့ဆိုတာက မွေးရာပါဗီဇနဲ့ ဉာဏ်ရည်ကြောင့်ဖြစ်နိုင်သလို ကြိုးစားအားထုတ်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ တချို့သော ဉာဏ်ကြီးရှင်တွေဟာ ထက်မြက်တဲ့ ဉာဏ်ရည်မှာ ကြိုးစားလိုစိတ်နဲ့ စူးစမ်းလေ့လာလိုစိတ်ကို ပေါင်းစပ်အသုံးချပြီး ဉာဏ်ကြီးရှင်ဘဝကို ပိုင်ဆိုင်လာတာပါ။ ဉာဏ်ကောင်းတိုင်းလည်း ဉာဏ်ကြီးရှင်းဖြစ်လာတာမဟုတ်ပါဘူး။

    ဉာဏ်ရည်ထက်မြက်မှုကို IQ (intelligence quotient) skill နဲ့ တိုင်းတာကြပါတယ်။ IQ tests တွေဟာ အကျိုးအကြောင်းဆင်ချင်နိုင်စွမ်း၊ မှတ်ဉာဏ်အား၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုပဲ တိုင်းတာနိုင်တာပါ။ ဖန်တီးတွေးခေါ်နိုင်စွမ်း၊ စိတ်ခံစားချက်နဲ့ ကြိုးစားအားထုတ်မှုတွေကို တွက်ချက်မပေးနိုင်ပါဘူး။ ဒါကြောင့် Genius တစ်ယောက်ဖြစ်လာဖို့ ဉာဏ်ရည်ထက်မြက်နေရုံနဲ့မရဘူးလို့ ဆိုကြတာပါ။

    ဒီတော့ တခါတလေမှာ ကိုယ့်မှာရှိနေတဲ့ အမူအကျင့်တွေက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာဖို့ လမ်းစဖြစ်နေတတ်ပါတယ်။ ကိုယ့်က လေ့လာတတ်တဲ့ မှတ်ဉာဏ်ကောင်းတဲ့ စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်တစ်ယောက်သာဆိုရင် သင်လည်း ဉာဏ်ကြီးရှင်ဖြစ်လာဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။

    သင်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်လား

    Genius တွေဟာ ဘုရားပေးတဲ့ လက်ဆောင်ကို ပိုင်ဆိုင်ထားကြသူတွေချည်းမဟုတ်ပါဘူး။ ပင်ကိုယ်ပါရမီကို ကြိုးစားအားထုတ်မှုနဲ့ ပေါင်းစပ်နိုင်လို့ Genius ဖြစ်လာကြတာပါ။ သင်တို့မှာရှိနေတဲ့ ပင်ကိုယ်အရည်အသွေးအပြင် အောက်ပါအချက်တွေလည်း ရှိနေမယ်ဆိုရင်တော့ သင်လည်း Genius ဖြစ်လာနိုင်တယ်ဆိုတာ သိနားလည်ထားဖို့ လိုအပ်ပါတယ်။

  • အရာရာကို မေးခွန်းထုတ်လေ့ရှိတယ် – Genius တွေဟာ ကိစ္စတိုင်းကို အလွယ်တကူခေါင်းငြိမ့် လက်ခံတတ်သူမျိုးမဟုတ်ပဲ အကျိုးအကြောင်းဆင်ချင်ပြီး မေးခွန်းပြန်ထုတ်တတ်သူတွေပါ။
  • ကိုယ့်ကိုယ်ကို ပြန်စကားပြောမယ် – အရူးတစ်ယောက်လို ဖြစ်ချင်လည်း ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် တစ်ခုခုကို ဆင်ချင်တွေးတောချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ဆင်ချင်သုံးသပ်ပြီး နှုတ်ကနေ စကားတွေ ပေါ်ထွက်လာတဲ့အထိ ကိစ္စရပ်အပေါ် အာရုံစူးစိုက် နေမိတာမျိုးပါ။
  • စာဖတ်ဝါသနာပါမယ် – ဉာဏ်ရည်ထက်မြက်သူတိုင်းဟာ စာပေလေ့လာလိုက်စားတာ၊ စာအုပ်စာပေဖတ်ရှုရတာကို ဝါသနာပါကြပါတယ်။
  • ကိုယ့်ကိုယ်ကို စိန်ခေါ်နေမယ် – ဘဝမှာ အကြီးမားဆုံးပြိုင်ဘက်က ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ရဲ့ အကျင့်ဆိုးတွေ မကောင်းတဲ့ အမူအကျင့်တွေနဲ့ အမှားအယွင်းတွေကို စိန်ခေါ်ဖြတ်ကျော်နိုင်သူတွေဖြစ်နေမှ Genius ဆိုတဲ့ ဂုဏ်ပုဒ်မျိုးကို ပိုင်ဆိုင်နိုင်မှာပါ။
  • နမော်နမဲ့ လည်းနိုင်တတ်သေးတယ် – ကိစ္စကြီးတွေကို အာရုံစိုက်လွန်းတာမို့ Genius ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ သာမန်ကိစ္စရပ်တွေမှာ နမော်နမဲ့ ကချွတ်ကချော်နဲ့ပါ။ လူတိုင်းမပြည့်စုံနိုင်ဘူးဆိုတဲ့ သဘောပေါ့။
  • စွဲလမ်းမှုပြဿနာတွေရှိနေတတ်တယ် – Genius တော်တော်များများဟာ စွဲလမ်းမှုပြဿနာတွေ ရှိနေတတ်ပါတယ်။ စွဲလမ်းတယ်ဆိုတာနဲ့ လိင်၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာလို့ချည်း မတွေးလိုက်ပါနဲ့။ Genius တွေရဲ့ စွဲလန်းမှုတွေက အမျိုးမျိုး အဖုံဖုံရယ်ပါ။ ဒါပေမယ့် အလွန်အကျူးနှစ်သက်တဲ့ ပစ္စည်းတွေ အမူအကျင့်တွေ ရှိနေတတ်တာကတော့ အမှန်ပါပဲ။
  • စိုးရိမ်စိတ် လွန်ကဲတတ်ကြတယ် –  ပိုသိလာလေ ပိုဆင်ချင်နိုင်လာလေ ဖြစ်နိုင်ခြေတွေ ပိုမိုတွက်ဆနိုင်လေဖြစ်တာမို့ သူများထက် စိုးရိမ်စိတ်ပိုများတတ်ကြပါတယ်။ ဒါကြောင့်လည်း တခါတရံမှာ ဒီလူတွေဟာ သာမန်လူတွေကြားထဲ အံဝင်ခွင်ကျဖြစ်မနေတာပါ။
  • ဒါတင်မကပါဘူး။ Genius တစ်ယောက်ဖြစ်လာမယ့် လူတွေမှာ တခြားသော စိတ်ခံစားချက်ဆိုင်ရာ အလေ့အထတွေလည်း ရှိနေပါသေးတယ်။ လေ့လာချက်တွေအရဆိုရင်တော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • စာနာမျှဝေတတ်တယ်၊
  • အထီးကျန်စွာနေထိုင်ရတာကို နှစ်ခြိုက်တတ်တယ်၊
  • ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားတယ်၊
  • သိလို တတ်လိုစိတ် ပြင်းပြတယ်၊
  • လေ့လာသင်ယူနိုင်စွမ်း ကြီးမားတယ်၊
  • ဦးနှောက်တင်မက ခန္ဓာကိုယ်ရဲ့ မှတ်နိုင်စွမ်း (Body memory) လည်း မြင့်မားတယ်၊
  • စိန်ခေါ်မှုတွေကို ယုံကြည်ချက်ရှိရှိ ကိုင်တွယ်ဖို့ ရဲရင့်တယ်၊
  • ပုံမှန်အချိန်မှာ မတည်မငြိမ်ဖြစ်နေသလောက် အကျပ်အတည်းကာလတွေမှာ စိတ်ခံစားချက်ကို သူမတူအောင် ထိမ်းချုပ်နိုင်တယ်
  • အိမ်မွေးတိရိစ္ဆာန်မွေးရတာကို သဘောကျတယ်။
  • ဒီအချက်တွေကတော့ Genius တစ်ယောက်ရဲ့ စိတ်နေသဘောထားမျိုးတွေပါတဲ့။ စိတ်ပညာရှင်တွေကတော့ လူတစ်ယောက်မှာ ဒီလိုအချက်တွေ ရှိနေတယ်ဆိုရင် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေး အလွန်များတယ်လို့ ဆိုပါတယ်။

    ဘာကြောင့်လဲဆိုရင်တော့ အထက်မှာပြောခဲ့ဖူးသလို ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ ကြိုးစားအားထုတ်မှုကို ပေါင်းစပ်နိုင်မှ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာမှာမို့ပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement