နှုတ်ခမ်းချင်းနမ်းရှုံ့တဲ့အခါမှာ နှစ်ဦးလုံးရဲ့ ခံတွင်းမှာ တံတွေးရည်တွေပိုမိုထုတ်လုပ်နိုင်ပြီး အလွယ်တကူမျိုချနိုင်အောင်လည်း ကူညီပါတယ်။ ဒီအချက်က သွားအတွင်းမှာကပ်ငြိနေတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားရှင်းလင်းနိုင်စေမှာဖြစ်ပါတယ်။
- အနမ်းတစ်ပွင့် ဟာ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်
နမ်းရှုံ့ကြတဲ့အခါ “The Love Hormone” လို့ လူသိများကြတဲ့ Oxytocin နဲ့ Vasopressin တွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး Endogenous Opioids၊ Dopamine နဲ့ တခြားသော လူကိုအကျိုးပြုတဲ့ Neurohormones တွေကိုလည်း ပိုမိုဖြစ်ပေါ်လာစေနိုင်ပါတယ်။
- စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဟော်မုန်းတွေဟာ စိတ်ထိခိုက်နာကျင်မှုတွေကို ကုစားနိုင်တဲ့ အကျိုးကျေးဇူးရှိပါတယ်
ကျေနပ်နှစ်သိမ့်မှုနဲ့ တပ်မက်စိတ်တို့ဟာ စိတ်ဖိစီးမှုကိုလျှော့ချနိုင်သလို ရေရှည်ကျန်းမာတဲ့ အကျိုးကျေးဇူးကိုလည်း ပေးနိုင်ပါတယ်တဲ့။ စိတ်ဖိစီးစေတဲ့ဟိုမုန်းတွေကို လျှော့ချနိုင်မယ်ဆိုရင် စိတ်ကျန်းမာရေးဘက်မှာ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။
- အနမ်းတစ်ပွင့် က သင့်ကိုပိုပြီး သတိရှိနေစေတယ်
နမ်းရှုံ့ကြတဲ့အခါမှာ Adrenaline နဲ့ Noradrenaline တို့လို ဓာတ်မျိုးတွေ ထွက်ရှိလာပါတယ်။ အဆိုပါဓာတ်တွေဟာ လူတွေရဲ့နှလုံးခုန်နှုန်းကို မြန်ဆန်စေပြီး စိတ်လှုပ်ရှားစေ၊ လူကိုပိုပြီးသတိရှိနေစေဖို့လည်း အကျိုးပြုပါတယ်။
စိတ်ဖိစီးမှုနည်းပါးလာတဲ့အခါ သွေးတွင်းမှာရှိတဲ့ ကိုယ်လက်စထရော ပမာဏလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။
တစ်စုံတစ်ခုနဲ့ အလက်ဂျစ်ရှိနေတဲ့အခါ စိတ်ဖိစီးမှုက ဝေဒနာပိုဆိုးအောင် တွန်းအားပေးပါတယ်။ ဂျပန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ နမ်းရှုံ့မှုကြောင့် Feel-good Hormones တွေ များများထုတ်လွှတ်လာတဲ့အခါ အလက်ဂျစ်ဖြစ်တဲ့ဝေဒနာတချို့ကို ထိန်းချုပ်လျှော့ချနိုင်တာကို သိရှိခဲ့ရပါတယ်။
- ချစ်သူ နှစ်ဦးအကြား အနမ်းချင်း ဖလှယ်တာဟာ စိတ်ကျေနပ်စရာ ဆက်ဆံရေးကို ရစေနိုင်တယ်
နမ်းရှုပ်တာနဲ့ တခြားသောရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေဟာ ချစ်သူနှစ်ဦးအကြားဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမှာလည်းဖြစ်ပါတယ်။ များများနမ်းတာဟာ များများလိင်ဆက်ဆံတာထက် ပိုပြီး ဆံဆံရေးတွေကို ခိုင်မြဲစေနိုင်တယ်လို့ သုတေသနတွေကဆိုပါတယ်။

အနမ်းတစ်ပွင့်ရဲ့ နောက်မှာ
ဒါပေမယ့် အနမ်းပွင့်တွေရဲ့ နောက်ကွယ်မှာ အမြဲတမ်း ကောင်းကျိုးတွေချည်း ရှိနေတာမဟုတ်ဘူးဆိုတာကိုတော့ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အနမ်းပွင့်တွေဟာ ကျန်းမာစေသလို ကူးစက်ရောဂါတွေကိုလည်း ဖိတ်ခေါ်သလိုဖြစ်စေတတ်ပါတယ်။
- လူချင်းထိစပ်မှုကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေ၊
- လေထုကနေ ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေနဲ့
- အမှုန်အမွှားတွေကနေ ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေကို လက်ခံယူသလိုဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် နမ်းရှုံ့မယ်ဆိုရင် အောက်ပါအချက်တွေကို သတိထားရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
- ဖျားနာနေသူကို မနမ်းပါနဲ့၊
- သင့်မှာ ဒါမှမဟုတ် တဖက်လူမှာ ခံတွင်းနဲ့ပတ်သက်တဲ့ ဝေဒနာတစ်မျိုးမျိုးရှိနေရင် နှုတ်ခမ်းချင်းမနမ်းပါနဲ့၊
- ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ၊
- နှာချေ ချောင်းဆိုးနေရင် မနမ်းပါနဲ့။
ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် နှစ်လိုဖွယ် အနမ်းတစ်ပွင့် အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ပိုင်ဆိုင်ရဦးမှာဖြစ်သလို ကူးစက်ရောဂါတွေ ဘေးကိုလည်း စိုးရွံ့နေစရာ လိုအပ်တော့မှာမဟုတ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။