backup og meta

တိတ်ဆိတ်ခြင်း ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တိတ်ဆိတ်ခြင်း ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    နေ့စဉ်နဲ့ အမျှ ဆူညံသံတွေကြားမှာ လှုပ်ရှားသွားလာနေရတာက တကယ်တော့ စိတ်ပင်ပန်းစေပါတယ်။ အထူးသဖြင့် လူနေထူထပ်တဲ့ မြို့ပြတွေမှာပေါ့။ ကားသံတွေ၊ လူသံတွေနဲ့ တစ်နေ့ တစ်နေ့ ဖိစီးလို့ နေပါတယ်။ ဆူညံသံတွေကို နေ့စဉ်ကြားနေရလို့သာ ယဉ်ပါးသလို ဖြစ်နေပေမယ့် တကယ်တော့ ဆူညံသံတွေက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ယနေ့ခေတ်လူသားတွေက တိတ်ဆိတ်ခြင်း ကို ရှာဖွေလာကြပါပြီ။

    ဆူညံသံတွေကို နောက်ပိုင်းမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုရယ်လို့တောင် ယူဆလာကြပြီး Noise pollution လို့တောင် သတ်မှတ်လာကြပါပြီ။ ဆူညံသံတွေက ရေရှည်မှာ စိတ်ရော ကိုယ်ပါ ပင်ပန်းစေတာကြောင့် ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် နေလိုက်တာကလည်း ကိုယ့်ကိုယ်ကို အနားပေးရာ ရောက်ပါတယ်။

    တိတ်ဆိတ်ခြင်း ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    ဆူညံနေတဲ့ ပတ်ဝန်းကျင်ကနေ ခဏလောက်ခွာပြီး တိတ်တိတ်ဆိတ်နေလိုက်တာက အောက်ပါ ကျန်းမာရေး ကောင်းကျိုးတွေကို ရစေပါတယ်။

    ကိုယ်ကျန်းမာရေးအတွက်ဆိုရင်

    • သွေးဖိအားကို ကျစေပါတယ်။ ဒါကြောင့် လူကြီးတွေက ဆူညံရင် သွေးတိုးလိုက်တာလို့ ပြောကြတာပါ။ တိတ်တိတ်ဆိတ်ဆိတ် နေတာက သွေးတိုးကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။
    • ခန္ဓာကိုယ်ရဲ့ ခုခံအားကို ကောင်းစေပါတယ်။
    • ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေပါတယ်။ ၂၀၁၃က လုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာ ၂နာရီလောက် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ နေတာက ဦးနှောက်ရဲ့ သင်ယူမှု၊ မှတ်ဉာဏ်၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပေးတဲ့ hippocampusမှာ ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေပါတယ်တဲ့။
    • ကိုယ်တွင်းက ကော်တီစောနဲ့ အဒရီနယ်လင် ဟော်မုန်းတွေကို လျှော့ချပေးတာကြောင့် စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ၂၀၀၆က လုပ်ခဲ့တဲ့ လေ့လာချက်မှာ ၂မိနစ်လောက် တိတ်တိတ်နေတာက ကိုယ်နဲ့ စိတ်က တင်းအားတွေကို လျော့ကျစေပါတယ်တဲ့။ ဒါက သီချင်းနားထောင်ပြီး အပန်းဖြေတာထက်တောင် ပိုစွမ်းနေပါသေးတယ်။
    • ကိုယ်တွင်းက ကောင်းတဲ့ ဟော်မုန်းတွေကို ပိုထွက်စေပါတယ်။
    • သွေးကြောတွေမှာ သွေးခဲပိတ်တာကို ကာကွယ်ပေးပါတယ်။

    စိတ်ကျန်းမာရေးမှာဆိုရင်

    ဆူညံနေရင် စိတ်တွေက ဟိုရောက် ဒီရောက်ရောက်ဖြစ်ပြီး ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းတွေကလည်း တောင်စဥ်ရေမရ ဖြစ်နေမှာပါ။ ဒါကြောင့် ရုတ်တရက် ပြဿနာနဲ့ တွေ့တယ်အခါ ဘာလုပ်ရမလဲ မစဉ်းစားတတ်တော့ပါဘူး။ တိတ်ဆိတ်ခြင်းက အတွေးတွေကို ငြိမ်သက်စေပြီး အကြံကောင်း ဉာဏ်ကောင်းတွေကို ထွက်စေပါတယ်။

    • သတိကောင်းစေတယ်။

    တိတ်ဆိတ်နေရင် စိတ်ပျံ့လွှင့်မှု နည်းပါတယ်။ ဒါကြောင့် တရားအားထုတ်တဲ့သူတွေက တိတ်ဆိတ်တဲ့နေရာကို ရွေးချယ်ကြတာပါ။ စိတ်ပျံ့လွှင့်မှု နည်းတဲ့အတွက် ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကိုပဲ အာရုံစိုက်ပါတယ်။ ပြင်ပကို အာရုံလွှင့်တာ နည်းသွားတဲ့အတွက် သတိကောင်းလာပါတယ်။

  • ပြန်သုံးသပ်ရလွယ်တယ်။
  • တစ်ခါတလေ တစ်ယောက်ယောက် ဒါမှမဟုတ် လုပ်ငန်းခွင်မှာ ပြဿနာ တက်လာရင် ငါဘာမှားလို့ ဒီလိုပြောရတာလဲဆိုပြီး ဒေါသတွေ ထွက်နေတတ်ပါတယ်။ တကယ်တော့ အာရုံတွေ ရှုပ်ထွေးပြီး ကိုယ့်ကိုယ်ကို မမြင်နိုင်လို့ပါ။ တိတ်ဆိတ်တဲ့ နေရာမှာ ခဏလောက် ထိုင်ပြီး စဉ်းစားလိုက်ရင် ကိုယ့်အမှား၊ သူ့အမှားတွေကို အမှန်အတိုင်း မြင်နိုင်မှာပါ။

  • အိပ်မပျော်တာကို သက်သာစေတယ်။
  • ၂၀၁၅က JAMA Internal Medicine မှာ ဖော်ပြချက်အရ တိတ်ဆိတ်ခြင်းက အိပ်မပျော်တာကို သက်သာစေပါတယ်တဲ့။ အိပ်မပျော်တဲ့ ဘိုးဘိုးဘွားဘွားတွေကို ၆ပတ်အကြာ တစ်နေ့ကို အချိန်ပိုင်း တစ်ခုလောက် တိတ်ဆိတ်တဲ့ နေရာမှာ နေခိုင်း (တရားထိုင်)တာက ညဘက်မှာ အလွယ်တကူ အိပ်ပျော်စေတာကို တွေ့ရပါတယ်။

    တိတ်ဆိတ်ခြင်း ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    တိတ်ဆိတ်ခြင်းကို ဘယ်လိုရှာဖွေကြမလဲ။

    သွားသွားလာလာမရှိသေးတဲ့ မနက်စောစောက တိတ်ဆိတ်နေတဲ့အတွက် အဲ့ဒီအချိန်ဆို အိုင်ဒီယာကောင်းတွေ ထွက်တတ်ပါတယ်။

  • တိတ်ဆိတ်တဲ့နေရာကို ရှာပါ။
  • အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် တအားဆူပြီး စိတ်တွေ တင်းကြပ်လာပြီဆိုရင် လူရှင်းတဲ့နေရာကို ထွက်သွားလိုက်ပါ။ လူနည်းတဲ့အရပ်က အသံတွေ ဆူတာလည်း နည်းပါတယ်။ အနည်းဆုံးတော့ အနားမှာ ဆူမယ့်သူ မရှိတော့ဘူးပေါ့။ အဲ့ဒီမှာ ၁၅မိနစ်လောက် အချိန်ဖြုန်းပြီးမှ ပြန်လာပါ။

    မြို့ပြက နယ်မြို့လေးတွေထက်စာရင် လူနေထူထပ်တဲ့အတွက် အသံလည်း ပိုဆူပါတယ်။ ရံဖန်ရံခါ အချိန်ရမယ်ဆိုရင် အေးအေးလူလူ ရှိပြီး တိတ်ဆိတ်တဲ့ အပန်းဖြေစခန်းမှာ ကိုယ်ရော စိတ်ပါ အနားယူလိုက်ပါ။

    ဆူညံသံတွေက ကိုယ်ရော စိတ်ပါ ပင်ပန်းစေပါတယ်။ ဒါကြောင့် တစ်ခါတလေ တိတ်ဆိတ်မှုကို ရှာဖွေပြီး အနားယူဖို့ လိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement