backup og meta

ဆောင်းရာသီမှာ အဖြစ်များတဲ့ ရေဓာတ်ခမ်းခြောက်မှု သတိပြုပါ။

ဆောင်းရာသီမှာ အဖြစ်များတဲ့ ရေဓာတ်ခမ်းခြောက်မှု သတိပြုပါ။

ခေါင်းစဉ် ကြည့်ပြီး ထူးဆန်းသွားလား…. နွေရာသီမှ ရေဓာတ်ခမ်းခြောက်မှု ဖြစ်တာလေ။ ဆောင်းရာသီက ရေဓာတ်ခမ်းခြောက်မှုဖြစ်စရာလားပေါ့။ တကယ်ကတော့ ဘယ်ရာသီမှာပဲ ဖြစ်နေဖြစ်နေ ရေကို လုံလောက်အောင် မသောက်မိဘူးဆိုရင် ရေဓာတ်ခမ်းခြောက်မှု ဖြစ်မှာပါပဲ။

နွေမှာ ပူလို့ ရေသောက်မိနိုင်ပေမယ့် ဆောင်းမှာ အေးမြခြောက်သွေ့နေမှုက ရေဆာတယ်လို့ မခံစားရသလို ဆောင်းအေးအေးမှာ ရေအေးအေး မသောက်ချင်ကြတာကြောင့် ဆောင်းရာသီမှာ ရေဓာတ်ခမ်းခြောက်မှု အဖြစ်များပါတယ်။

ဆောင်းရာသီမှာ ဘာလို့ ရေဓာတ်ခမ်းခြောက်မှုဖြစ်ရတာလဲ။

ဆောင်းရာသီမှာ ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေတဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။

အိမ်တွင်းမှာ အပူချိန် မြင့်နေတာ

ဆောင်းရာသီက အပြင်မှာ အေးအေးလေလေ အိမ်ထဲမှာ အပူချိန် မြင့်လေလေပါ။ အကြောင်းကတော့ အပြင်က အအေးဒဏ်ကို ခံနိုင်ဖို့ အိမ်ထဲမှာ ပိုပြီး နွေးထွေးအောင် လုပ်ကြတာကြောင့်ပါ။ အနွေးထည်ဝတ်တာ၊ စောင်ခြုံတာကစလို့ အရမ်းအေးတဲ့ ဒေသတွေမှာ heater ဖွင့်တာ၊ မီးလင်းဖို ထွန်းတာတွေကို လုပ်ဆောင်တာကြောင့် အိမ်ထဲမှာ အပူချိန်တွေ များနေတာပါ။

ဒီလို အပူချိန် မြင့်မြင့်တွေနဲ့ အချိန် ကြာမြင့်စွာ တွေ့ရှိရတာက ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပါတယ်။

ချွေးထွက်တာ

ဆောင်းရာသီက အေးမြပြီး အပူချိန် ကျဆင်းနေတာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ကြသလို နွေးထွေးအောင်ဆိုပြီး အနွေးထည် ထူထူထဲထဲတွေ ဝတ်ကြပါတယ်။ ဒီလိုဝတ်ပေမယ့် ပူတယ်လို့ မခံစားရဘဲ နွေးနေတယ်လို့ ခံစားရပေမယ့် ခန္ဓာကိုယ်မှာတော့ ထူထဲစွာ ဝတ်ဆင်ထားရတာကြောင့် ချွေးထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ချွေးထွက်ပေမယ့် ရေသောက်မိတာမျိုး မရှိတာကြောင့် ရေဓာတ် ခမ်းခြောက် ရတာပါ။

ရေမသောက်တာ

ဆောင်းအေးအေးမှာ နွေးနွေးထွေးထွေးနေရင်း ရေသောက်ဖို့ မေ့နေတတ်ကြသလို ဆောင်းအအေးဒဏ်ကြောင့် ရေကလည်း မဆာပါဘူး။ ချမ်းတုန်လောက်အောင်အထိ အေးမယ်ဆိုရင်တော့ ရေသောက်ဖို့က အတော်လေး မစဉ်းစားမိတော့မယ် ကိစ္စပါ။ ဒီလို ရေမသောက်မိတာကြောင့်လည်း ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုက ဖြစ်နိုင်ပါတယ်။

ဆောင်းရာသီမှာ အဖြစ်များတဲ့ ရေဓာတ်ခမ်းခြောက်မှု သတိပြုပါ။

ဆောင်းရာသီမှာ အဖြစ်များတဲ့ ရေဓာတ်ခမ်းခြောက်မှု သတိပြုပါ။

ဆောင်းအေးအေးမှာ ရေမသောက်မိလို့ ရေဓာတ် ခမ်းခြောက်မှုကို ခံစားရတဲ့အခါ လက္ခဏာတွေအနေနဲ့

ဆောင်းအေးအေးမှာ ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေဖို့

ဆောင်းအေးအေးမှာ ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။

  • သွားလေရာကို ရေဗူးယူသွားပါ
  • အလုပ်စားပွဲမှာ ရေဗူးထားထားပါ
  • ရေကို အရသာ တစ်မျိုးမျိုး ဖြည့်စွက် ထားပါ (အသီးတစ်မျိုးမျိုး လှီးထည့်ထားတာမျိုးပါ)
  • ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပါ (ဖရဲသီး၊ သခွားမွှေး၊ စတော်ဘယ်ရီ စတာတွေ စားပေးပါ)
  • ရေနွေးကြမ်း သောက်ပါ
  • စွပ်ပြုတ်ရည် သောက်ပါ
  • သစ်သီးဖျော်ရည် သောက်ပါ
  • အသီးအရွက်တွေ စားပါ။
  • ရေကို သတိတရ သောက်ပေးပါ။

ကဲ …… ဆောင်းအေးအေးမှာ ရေဓာတ် ခမ်းခြောက်မှုကင်းပြီး ရေဓာတ် ပြည့်ပြည့်ဝဝနဲ့ ကျန်းမာနေစေဖို့ ရေသောက်တာ၊ ရေဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားတာမျိုး လုပ်ပေးပါ။ ဆောင်းအေးနေပေမယ့်လည်း ရေဓာတ်က လိုအပ်တဲဆိုတာကို မမေ့ပါနဲ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Dehydration Is Still a Risk During the Wintertime https://www.everydayhealth.com/dehydration/why-dehydration-is-still-a-risk-during-the-wintertime/ Accessed Date 7 February 2022

3 Reasons Dehydration Occurs in Cold Weather—and What To Do About It https://www.wellandgood.com/dehydration-during-winter-time/ Accessed Date 7 February 2022

HOW TO STAY HYDRATED DURING THE WINTER MONTHS https://www.nafc.org/bhealth-blog/how-to-stay-hydrated-during-the-winter-months Accessed Date 7 February 2022

ယခုပုံစံ

09/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement