အသက် ၂၀ကျော်၊ ၃၀ လောက်ရောက်လာတဲ့အခါ အရေးအကြောင်းတွေက စဖြစ်တာပါတော့တယ်။ ဒီလို အရေးအကြောင်း ဖြစ်ပေါ်မှုက ကော်လာဂျင် နည်းနေပြီဆိုတဲ့ လက္ခဏာ တစ်ရပ်ပါ။
အသက်အရွယ် ကြီးရင့်လာတဲ့အခါ အဆစ်တွေ နာကျင်ကိုက်ခဲတာက အသက်အရွယ် ကြီးရင့်မှု ဖြစ်စဉ်ရဲ့ သာမန် အစိတ်အပိုင်း တစ်ရပ်ဆိုပေမယ့် အသက် ငယ်ငယ်မှာ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာက ကိုယ်တွင်းမှာ ကော်လာဂျင် လျော့နည်းနေတဲ့ လက္ခဏာပါ။
ကော်လာဂျင်က အရိုးနုလေးတွေ၊ အရွတ်တွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးထာတာကြောင့်ပါ။ တွယ်ဆက်တစ်ရှူးတွေ ကျန်းမာစေဖို့လည်း အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးနောက် ခံစားရတဲ့ ကြွက်သားနာကျင်မှုတွေ သက်သာဖို့ ကြာမယ်၊ ကြွက်သားကိုက်ခဲမှုတွေ ပျောက်ကင်းဖို့ အချိန်ကြာမယ်
လေ့ကျင့်ခန်း လုပ်ပြီးတိုင်းမှာ ကြွက်သား နာကျင်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ဆိုပေမယ့် ဒီလိုနာကျင်မှုတွေက အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေတာ။ ကြွက်သားမှာ ထိခိုက်မှုတွေ ဖြစ်တဲ့အခါ အချိန် တော်တော်ကြာတဲ့အထိ မသက်သာတာတွေက ကိုယ်ထဲမှာ ကော်လာဂျင် နည်းနေပြီဆိုတဲ့ လက္ခဏာပါ။
ကော်လာဂျင်က တွယ်ဆက်တစ်ရှူးတွေရဲ့ လုပ်ဆောင်မှု ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးသလို ကြွက်သားတွေကို ပြေလျော့စေဖို့၊ ထိခိုက်နာကျင်မှုတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။
ကော်လာဂျင် နည်းလာတာက ကြွက်သားနာကျင်မှုတွေကို သက်သာစေဖို့ အချိန်ကြာစေသလို ကြွက်သားထုထည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။