Day blindness(နေ့အချိန် မမြင်နိုင်ခြင်း) ဆိုတာဘာလဲ။
Day blindness (သို့) hemeralopia ဟာ တောက်ပတဲ့ အလင်းရောင်မှာ မမြင်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ တောက်ပတဲ့ အလင်းရောင်မှာ လုံလောက်စွာ ထိန်းညှိနိုင်ခြင်းမရှိပါဘူး။ သူဟာ ညအချိန်မမြင်နိုင်ခြင်းနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။
Hemeralopia မှာ နေ့အချိန် အမြင်တွေဟာ ပိုဆိုးလာပြီး အလင်းရောင်ကြောက်ခြင်းထက် အလင်းရောင်ကို မကြိုက်ခြင်း၊ ရှောင်ကျဉ်ခြင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။ hemeralopia မှာ ညအချိန် အမြင်တွေဟာ မပြောင်းလဲပဲ နေ့အချိန်ထက် နေဝင်ဆည်းဆာလိုမျိုးမှာ ပိုမြင်နိုင်မှာ ဖြစ်ပါတယ်။
Day blindness (နေ့အချိန် မမြင်နိုင်ခြင်း)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။
Day blindness ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်ကြီးသူတွေမှာ အတွင်းတိမ် ပိုဖြစ်နိုင်တာကြောင့် ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ရောဂါလက္ခဏာများ။
Day blindness(နေ့အချိန် မမြင်နိုင်ခြင်း) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
Day blindness ရဲ့ လက္ခဏာတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှုရှိပါတယ်။ လက္ခဏာတွေကတော့ အလင်းရောင်မှာ အမြင်အားနည်းခြင်း၊ ကားမောင်းစဉ် မမြင်နိုင်ခြင်း၊ စူးရှတဲ့အလင်းရောင်နဲ့ မှိန်တဲ့ အလင်းရောင်တွေကြားမှာ ထိန်းညှိမှုနှေးကွေးခြင်းတွေပဲ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။
ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်ပွားမှုအကြောင်းရင်းများ။
ဘာတွေက Day blindness(နေ့အချိန် မမြင်နိုင်ခြင်း) ဖြစ်ပွားစေသလဲ။
Hemeralopia ဟာ မျက်လုံးအခြေအနေ အတော်များများမှာ အဖြစ်များပါတယ်။ သူ့ကို ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေတစ်ခုဖြစ်တဲ့ Cohen Syndrome ကြောင့် လည်းဖြစ်နိုင်ပါတယ်။ Hemeralopia ဖြစ်နိုင်တဲ့ အခြားအခြေအနေ တစ်ခုကတော့ ဦးနှောက်ဒဏ်ရာ ရခြင်းပဲဖြစ်ပါတယ်။
ရှားပါးတဲ့ အခြေအနေတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တဲ့ hemeralopia, pigmentary chorioretinitis, optic atrophy (သို့) retinal/ iris coloboma တွေ ဖြစ်နိုင်ပြီး အမြင်အာရုံကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ
ဘယ်အရာတွေက Day blindness(နေ့အချိန် မမြင်နိုင်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
Day blindness ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
- အသက်ကြီးသူတွေဟာ အတွင်းတိမ် ပိုဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေဟာ ဒါကြောင့် နေ့အချိန် မမြင်ရခြင်း ပိုဖြစ်နိုင်ပါတယ်။
- Vitamin A နည်းပါးသော နေရာများ – Vitamin A လို့ခေါ်တဲ့ retinol ဟာ အာရုံကြော impulses တွေကို မြင်လွှာပေါ်မှာ ပုံရိပ်တွေအဖြစ် ပြောင်းပေးလိုက်ပါတယ်။ မြင်လွှာဟာ မျက်လုံးနောက်ဘက်မှာ ရှိတဲ့ အလင်းကို အာရုံခံနိုင်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။
- Pancreatic insufficiency ဖြစ်စေတဲ့ cystic fibrosis ရှိသူ လူနာတွေဟာ အဆီကို စုပ်ယူမှု ခက်ခဲတာမို့ Vitamin A ဟာ အဆီမှာပျော်ဝင်နိုင်တာမို့ Vitamin A ချို့ယွင်းနိုင်ကာ နေ့အချိန်မမြင်ရခြင်း ပိုဖြစ်နိုင်ပါတယ်။
- သွေးသကြားဓါတ် (သို့) ဂလူးကို့စ် များခြင်း၊ ဆီးချိုရှိခြင်းတွေဟာ မျက်လုံးရောဂါတွေဖြစ်တဲ့ အတွင်းတိမ် လိုမျိုးကို ဖြစ်စေတဲ့ မျက်စိရောဂါတွေ ဖြစ်နှုန်းများစေပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း
ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
Day blindness(နေ့အချိန် မမြင်နိုင်ခြင်း) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
တကယ်လို့ သင့်ဆရာဝန်က သင့်မှာ ဒီအခြေအနေရှိတယ်လို့ ယူဆတယ်ဆိုရင် ကျန်းမာရေး ရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနဲ့ ရောဂါရှာဖွေဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်ခြင်းတွေ လုပ်နိုင်ပါတယ်။ အခြားပြုလုပ်နိုင်တဲ့ စစ်ဆေးမှုတွေကတော့ သွေးအတွင်း Vitamin A နဲ့ glucose ပမာဏကို တိုင်းတာတဲ့ စစ်ဆေးမှုတွေပဲ ဖြစ်ပါတယ်။
Day blindness(နေ့အချိန် မမြင်နိုင်ခြင်း) ကို ဘယ်လိုကုသလဲ။
သင့်အခြေအနေ ပြင်းထန်မှုပေါ်မူတည်ပြီး သင့်ဆရာဝန်က အောက်ပါအချက်တွေကို အကြံပြုနိုင်ပါတယ်။
- အတွင်းတိမ် ခွဲစိတ်ခြင်း – မျက်လုံးရဲ့ lens အတွင်းမှ တိမ်ဖုံးနေတဲ့နေရာတွေကို အတွင်းတိမ်လို့ ခေါ်ပြီး ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ သင့်ဆရာဝန်က တိမ်ဖုံးနေတဲ့ lens ကို ကြည်လင်ပြီး လူပြုလုပ်ထားတဲ့ lens နဲ့ အစားထိုးပေးမှာဖြစ်ါပတယ်။ ဒီလိုအချိန်မျိုးမှာ သင့်ရဲ့ Hemeralopia ဟာ သိသိသာသာ တိုးတက်လာမှာပါ။
- Vitamin A ဖြည့်စွက်စာ စားခြင်း – တကယ်လို့ Vitamin A ပမာဏဟာ နည်းနေတယ်ဆိုရင် သင့်ဆရာဝန်က Vitamin supplements တွေကို ပေးနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက် အတိုင်းသောက်ပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေက လူအတော်များများဟာ အာဟာရကောင်းကောင်း ရရှိကြတာကြောင့် Vitamin A ချို့ယွင်းခြင်း အဖြစ်နည်းပါတယ်။
- မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ Hemeralopia ကတော့ ကုလို့မရပါဘူး။ retina မှာ pigment ဖြစ်စေတဲ့ genetic defect ဟာ ခွဲစိတ်မှုကို တုန့်ပြန်ခြင်း မရှိပါဘူး။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Day blindness(နေ့အချိန် မမြင်နိုင်ခြင်း) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
Day blindness ဖြစ်နှုန်းကို လျှော့ချဖို့အတွက် antioxidant, vitamins, minerals တွေများတဲ့ အစားအသောက်တွေကို စားခြင်းဟာ အတွင်းတိမ်ကို ကာကွယ်ပေးပါတယ်။ Vitamin A များစွာ ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်ခြင်းကလည်း Hemeralopia ဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။ အခြား လိမ္မော်ရောင်ရှိတဲ့ အစားအသောက်တွေဟာ Vitamin A ကြွယ်ဝတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။
ဥပမာ
• Cantaloupes
• ကန်စွန်းဥ
• မုန်လာဥနီ
• ရွှေဖရုံသီး
• Butternut squash
• သရက်သီး
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။