မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား !

မျက်စိနာတာက ကိုယ်တိုင်အတွက် အတော်လေး နေရခက်သလို ပတ်ဝန်းကျင်ကသူတွေကိုလည်း စိုးထိတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ငါ့ကိုများ ကူးလေမလားဆိုပြီးပေါ့။ လူကြီးတွေဆိုရင် မျက်စိနာတဲ့သူကို သွားမကြည့်နဲ့ ကူးတတ်တယ်ဆိုပြီး တားတတ်ကြပါတယ်။ မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား ဆိုတာနဲ့ မျက်စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မျက်စိနာတာက အဖြစ်များသလား! မျက်စိနာတယ်ဆိုတာက အဖြစ်များတဲ့ မျက်လုံးပိုးဝင်ကူးစက်မှု တစ်ရပ်ဖြစ်ပြီး မျက်ခွံအတွင်းသားတစ်ရှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ မျက်စိနာတာက မျက်လုံး တစ်ဖက်တည်းမှာ ဖြစ်တာမျိုး ရှိနိုင်သလို မျက်လုံး နှစ်ဖက်စလုံးမှာ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ မျက်စိနာတာက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။  မျက်စိနာတဲ့အခါ ဖြစ်တဲ့ အကြောင်းတရားပေါ်ကိုလိုက်ပြီး မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ နဲ့ ရေသန့်သန့်နဲ့ သန့်စင်တာ၊ သက်သောင့်သက်သာဖြစ်အောင် ထားတာ […]

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

မျက်လုံးတွေ ဘာ့ကြောင့် နီနေရတာလဲ ။ ။

ဖြူကြည်နေရမယ့် မျက်လုံး လေး ရုတ်တရက်နီလာတာ၊ ပွတ်လိုက်လို့ နီလာတာ စတဲ့ အဖြစ်မျိုး အ ားလုံးကြုံတွေ့ဖူးကြမှာပါ။ တစ်ချို့ဆို သူ့ဘာသာ ပြန်ပျောက်သွားပေမယ့် တစ်ချို့ကျ သေချာစမ်းသပ်စစ်ဆေးပြီး ဆေးကုသဖို့လိုအပ်တာမျိုးတွေ ရှိပါတယ်။ ဒီတော့ ဘယ်လို အကြောင်းတွေကြောင့် မျက်လုံးနီရဲတာတွေ ဖြစ်ရတာလဲ ။ မျက်လုံးနီတယ်ဆိုတာ ဘာကိုပြောတာလဲ ။။ မျက်သားဖြူမှာ ပွတ်လိုက်တာဖြစ်ဖြစ်၊ သွေးတွေထွက်လာတာဖြစ်ဖြစ် နီရဲလာတာကို မျက်လုံးနီတယ်လို့ ပြောကြပါတယ်။ မျက်လုံးတစ်ခုလုံး နီနေတာလည်း ဖြစ်နိုင်သလို မျက်လုံးတစ်နေရာတည်း ကွက်ပြီး နီနေတာလည်းဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး တစ်ခါတစ်လေ နီရဲနေသလို တစ်ခါတစ်ခါ ပန်းရောင်သန်းတာလောက်ပဲ ဖြစ်တတ်ပါတယ်။ မျက်လုံးနီတာနဲ့အတူ လာတတ်တဲ့ အခြားလက္ခဏာတွေကတော့ မျက်လုံးထဲ တစ်ခုခု ဝင်နေတသလိုဖြစ်တာ မျက်လုံး ပူစပ်ပူစပ်ဖြစ်နေတာ မျက်လုံးယားတာ မျက်လုံးခြောက်တာ မျက်လုံးအောင့်တာ မျက်ရည်ပူတွေ မျက်ဝတ်တွေ […]


အခြားမျက်လုံးပြဿနာများ

ဖုန်း၊ကွန်ပျူတာ အကြည့်များလွန်းလို့ မျက်လုံးအောင့်နေပြီလား ။ ။

ဖုန်းတို့ ကွန်ပျူတာတို့အကြည့်များပြီး မျက်လုံး အောင့်တာ မျက်လုံးညောင်းတာမျိုးတွေ မဖြစ်ဖူးတဲ့သူဆိုလို့ ခုခေတ်ကြီးမှာ ခပ်ရှားရှားပါ။ အရင်တုန်းကတော့ မျက်လုံးအားနည်းတာ၊ မျက်လုံးအားမစိုက်နိုင်တာ မျက်လုံးညောင်းတာမျိုးတွေက အသက်ကြီးလာမှ ဖြစ်တယ်ဆိုပေမယ့် ခုခေတ်ကြီးမှာတော့ မျက်လုံးပြဿနာဟာ အသက်အရွယ်မရွေးတော့ပါဘူး။ တစ်နေ့လုံးကွန်ပျူတာရှေ့ အလုပ်လုပ်နေရတဲ့သူတွေ၊ အင်တာနက်သုံး ဖုန်းပွတ် ဂိမ်းဆော့နေတဲ့သူတွေအတွက် စိတ်အညစ်ရဆုံး မျက်လုံးပြဿနာကတော့ မျက်လုံးအောင့်တာပဲ ဖြစ်ပါတယ်။ ဖုန်းမပွတ်သာနေလို့ရမယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေအတွက်ကတော့ ဘယ်လိုမှ ရှောင်လွဲမရတာကြောင့် ဖြစ်နေတဲ့ မျက်လုံးအောင့်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ကသာ အဓိကဖြစ်နေတာပေ့ါ။ ဒီတော့ မျက်လုံးအောင့်တာကို ဘယ်လိုသက်သာအောင်လုပ်ကြမလဲ ။ ။ လောလောလတ်လတ် မျက်လုံး အရမ်းအောင့်နေတဲ့အခါ မျက်တောင်ခဏခဏ ခတ်ပါ။ အရမ်းအာရုံစိုက်လိုက်တဲ့အခါ မျက်တောင်ခတ်ဖို့ မေ့နေတတ်ကြပါတယ်။ မျက်တောင်ခတ်ခြင်းက မျက်လုံးကို ခဏအနားပေးတာဖြစ်သလို မျက်ရည်ကြည် တွေကိုလည်း ထုတ်ပေးတာကြောင့် မျက်လုံခြောက်တာ၊ မျက်လုံးအောင့်တာတွေကိုလည်း […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိအားနည်းသူတွေ စားသင့်တဲ့ ဓါတ်စာ (၁၀) မျိုး

အမြင်အာရုံတွေသိပ်မကောင်းဘူး၊ ကြည့်ရတာလည်းမကြည်လင်ဘူး၊ မျက်ခမ်းတွေလှုပ်တယ်၊ မျက်လုံးခြောက်တယ်ဆိုတာတွေက မျက်စိအားနည်းတဲ့လက္ခဏာတွေပါ။ မျက်စိဆိုတာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းမှန်သမျှမှာ အရမ်းကိုအရေးပါတဲ့အပြင် အနုဆုံးအစိတ်အပိုင်းထဲမှာလည်းပါဝင်တာကြောင့် ပိုပြီးဂရုစိုက်ရပါမယ်။ စာဖတ်လည်း ဒီမျက်စိနဲ့ပဲ၊ အလုပ်ခွင်မှာအာရုံစိုက်လည်း ဒီမျက်စိ၊ အိမ်မှာအနားယူလည်း ရုပ်ရှင်ကြည့်တာဒီမျက်စိ၊ မျက်စိကိုအနားပေးတဲ့အချိန်က အိပ်ချိန်လေးပဲရှိပါတယ်။ ဒါ့ကြောင့် အရမ်းအလုပ်လုပ်နေရတဲ့ သူ့ကိုအားပြည့်အောင်ဖြည့်တင်းပေးဖို့က ကိုယ့်တာဝန်မဟုတ်လား။ မျက်စိအားကောင်းစေဖို့က ဇင့်ဓါတ်၊ ဗီတာမင် A ၊ဗီတာမင် C၊ ဗီတာမင် E ၊ Omega-3 fatty acid စတဲ့ အာဟာရဓါတ်တွေ ညီညွတ်မျှတအောင်စားဖို့လိုပါတယ်။ ဒီဓါတ်တွေက ကိုယ်စားနေကျအစားအစာတွေထဲပါဝင်တာမို့ မျက်စိအားနည်းတဲ့သူတွေ စားသင့်တဲ့ ဓါတ်စာ (၁၀) မျိုးကိုဖော်ပြပေးလိုက်တယ်နော်။ (၁) ငါး ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓါတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်လုံးလေးကို ကြင်နာပါ

တိုးတက်လာတဲ့ခေတ်မှာ စာရေးရင်တောင် လက်ပ်တော့နဲ့ဖြစ်နေပြီ ကားစီးရင်း အချိန်ကြာရင်တောင် တစ်ယောက်နဲ့တစ်ယောက် စကားပြောမယ့်အစား ဖုန်းလေးပွတ်နေမိတယ်ဟုတ်။ ဒီလိုအပြုအမူတွေ အလေ့အထတွေကြောင့် ခန္ဓါကိုယ်မှာ အထိခိုက်ဆုံးအစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒါကတော့ ဘာလုပ်လုပ်မပါမဖြစ်ပါနေရတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မျက်လုံးပါ။ ပြောင်းလဲလာတဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံ အရင်ခေတ်က စာရေးရင် ကျောက်သင်ပုန်းနဲ့ကျောက်တံသုံးပြီးရေးတယ်။ နောက်တော့ စာရွက်နဲ့ဘောပင်၊ မင်တံသုံးရေးတယ်၊ရှေးရှေးတုန်းကတော့ကျောက်စာထွင်းတယ်၊ မင်စာရေးတယ်၊ ပေ၊ပုရပိုက်စာရေးတယ်။နောက်ပိုင်းကျ လက်နှိပ်စက်သုံးပြီးစာရေးတယ်။ အခုတော့ ကွန်ပျူတာသုံးပြီးရေးတယ်။ ဒီတော့ မျက်လုံးက လိုတာထက်ပိုအာရုံစိုက်ရပြီလေ။နောက်တစ်ခုရှိသေးတယ်။ တိုးတက်လာတာနဲ့အမျှ ဖုန်းတွေကို တစ်ချိန်လုံးသုံးနေတာကလည်း မျက်လုံးကို ထိခိုက်စေနိုင်တာပါပဲ။ မျက်လုံးက ဘဝတလျှောက်လုံးမှာကောင်းစွာရှင်သန်နိုင်ဖို့လိုအပ်ပါတယ်။ပြောင်းလဲမှုကြောင့် မျက်လုံးကို ထိခိုက်မှုတွေမဖြစ်အောင် ဂရုစိုက်ပေးဖို့လိုမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါပဲ။ မျက်လုံးလေးတွေကို ကြင်နာပါ မျက်လုံးလေးကို ကိုယ့်ရဲ့နေ့စဉ်အပြုအမူကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ။ ကွန်ပျူတာကို အချိန်အကန့်အသတ်နဲ့သုံးပါ အလုပ်ခွင်ထဲမှာ တစ်ချိန်လုံး ကွန်ပျူတာသုံးရတယ်ဆိုရင်ပြန်လာတဲ့အချိန်လေးတော့ မျက်လုံးကို အနားပေးဖို့ မမေ့ပါနဲ့။ ညအိပ်ခါနီးအထိ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တာ၊ ရုပ်ရှင်ကြည့်တာမျိုးကို […]


အခြားမျက်လုံးပြဿနာများ

မျက်ကပ်မှန်ကပိုကောင်းလား။ မျက်မှန်က ပိုကောင်းလား ။ ။

အမြင်အာရုံ အားနည်းတဲ့သူတွေအတွက် မျက်မှန်တို့ မျက်ကပ်မှန်တို့ဆိုတာ တကယ်မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ တစ်ခုရှိတာက မျက်လုံးအားနည်းနေလို့ မျက်မှန်တပ်မလား မျက်ကပ်မှန်တပ်မလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှု အပေါ်မှာ မူတည်တာများပါတယ်။ မျက်မှန်ကျတော့ တပ်ထားရင် ရုပ်ရင့်စေလို့ မျက်ကပ်မှန်ကျတော့ တပ်ထားမှန်းမသိဘဲ နဂိုပုံစံအတိုင်းလေးပဲဆိုတော့ ပိုကောင်းစေလို့ဆိုပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်တတ်ကြပါတယ်။ နှစ်ခုလုံးက အမြင်အာရုံကို ပြန်ပြီး တည့်မတ်ပေးတယ်ဆိုပေမယ့် သူတို့နှစ်ခု ဘယ်သူကပိုကောင်းလဲဆိုတာ အငြင်းပွားလာကြတာခုထိပါ။ မျက်မှန်နဲ့ မျက်ကပ်မှန် ဘယ်ဟာက ပိုကောင်းလဲ ။ ။ မျက်မှန် အားသာချက် - မျက်မှန်က မျက်လုံး အပြင်ပိုင်းကနေ အမြင်အာရုံကို တည့်မတ်ပေးတာဖြစ်လို့ မျက်လုံးကို လက်နဲ့ထိစရာမလိုပါဘူး။ ဒီတော့ မျက်လုံးထဲဖုန်ဝင်တာ၊ ပိုးဝင်တာတွေ ကင်းပြီး မျက်စိနာတာတွေဖြစ်ေစေမှာ မဟုတ်ပါဘူး။ နဂိုတည်းက ကွန်ပျူတာ အကြည့်များပြီး မျက်လုံးခြောက်တဲ့သူတွေအတွက်ဆို မျက်မှန်က ကွန်ပျူတာက […]


အခြားမျက်လုံးပြဿနာများ

ပြင်းပြီး စူးရှတဲ့နေရောင်ကြောင့် အသားအရေတင်မဟုတ် မျက်လုံးလည်းထိခိုက်နိုင်ပါသေးတယ် ။ ။

နေပူထဲ သွားတဲ့အခါ အသားအရေကိုသာ စိတ်ပူကြတာများပါတယ်။ နေပူထဲက ခရမ်းလွန်ရောင်ခြည် တွေက အသားအရေတင်မဟုတ် မျက်လုံးကိုပါ ပြဿာနာတွေဖြစ်စေတယ်ဆိုတာ သင်သိပါသလား။ နေရောင်ထဲမှာ ခရမ်းလွန်ရောင်ခြည် UVA UVB နဲ့ UVC ဆိုပြီး ၃ မျိုးပါတယ်ဆိုတာ အားလုံးသိကြမှာပါ။ အဲဒီ သုံးမျိုးထဲမှာ အပြင်းထန်ဆုံးက UVC ပါ။ ကံကောင်းတာတစ်ခုက UVC ကို လူသားတွေ အပေါ်မကျရောက်အောင် အိုဇုန်းလွှာက ကာကွယ်ပေးတားတယ်ဆိုတာပါပဲ။ ဒါပေမယ့် ခုနောက်ပိုင်း အိုဇုန်းလွှာပါးလွှာလာမှုကြောင့် ခရမ်းလွန်ရောင်ခြည် တွေကို မတားဆီးပေးနိုင်တော့ဘဲ နေရောင်ထဲမှာ UVA နဲ့ UVB ပါဝင်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီတော့ ဒီ ခရမ်းလွန်ရောင်ခြည် နှစ်မျိုးကပဲ မျက်လုံး၊ အသားအရေနဲ့ ဆံပင်တို့ကို ပြဿနာတက်စေတာပါ ။ ။ ပြင်းထန်တဲ့နေရောင်က သင့်မျက်လုံးကို […]


အခြားမျက်လုံးပြဿနာများ

ဆေးလိပ်မီးခိုးကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိ

ဆေးလိပ်မီးခိုးကြောင့် ထိခိုက်တာ အဆုတ်တစ်ခုတည်းမဟုတ်ပါ ဘူးနော်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ သေသေချာချာလေး လေ့လာလိုက်ပါဦးနော်။ ဆေးလိပ် မသောက်နဲ့ အဆုတ် ထိခိုက်မယ်။ ဆေးလိပ်ငွေ့တွေ မရှူမိစေနဲ့ အဆုတ် ပျက်စီးမယ် ဆိုတာ အရင်တည်းက သိကြပြီးသား အကြောင်းအရာပါ။ ဒီတစ်ခါတော့ ဆေးလိပ်မီးခိုးကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိ ရကြောင်း သုတေသန အသစ်က သက်သေပြခဲ့ပါတယ်။ ဆေးလိပ်မီးခိုးကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိ ဆေးလိပ် အရမ်းသောက်တဲ့ သူတွေဟာ အရောင် ခွဲခြားနိုင်စွမ်း ပြဿနာ ရှိနိုင်ပြီး အလင်းရောင် မှိန်ရင် သိပ်မမြင်နိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ဖော်ပြခဲ့ပါတယ်။ သုတေသနမှာ ဆေးလိပ် မသောက်တတ်သူ ၇၁ ဦးနဲ့ တစ်နေ့ကို အလိပ် ၂၀ ထက်မက သောက်တတ်တဲ့သူ ၆၃ ဦးကို လေ့လာခဲ့တာ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။

အိပ်ရာနိုးလာလို့ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တာနဲ့ ကိုယ်ကြည့်တဲ့ မြင်ကွင်းက ကြည်မနေရင် လူတိုင်း စိတ်ရှုပ်ကြရပါတယ်။ မျက်လုံးကောင်းနေတဲ့အချိန်တုန်းကတော့ မျက်လုံးရဲ့ အရေးကြီးပုံကို သတိမထားပေမယ့်လည်း ချို့ယွင်းချက်ဖြစ်ပြီဆိုရင်တော့ တကယ်ကို စိတ်ရှုပ်ရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ မျက်လုံးက ထိပ်ဆုံးက ပါပါတယ်။ ဒီဆောင်းပါးထဲမှာ ကြည့်လေရာ မြင်ကွင်းတိုင်းကို မှုန်ဝါးစေတဲ့ မျက်လုံး ပြဿနာတွေ အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ။ ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။ Myopia ( အဝေးမှုန်ခြင်း) – ဒီ အဝေးမှုန်တဲ့ ပြဿနာဟာ မျက်လုံး တစ်ဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်ကို ပြဿနာတက်စေနိုင်တဲ့အရာပါ။ အဝေးတစ်နေရာရှိနေတဲ့ အရာကို ပြတ်သားစွာ မမြင်ရတော့တဲ့ သူတွေဟာ ငယ်ငယ်တည်းက အရာဝတ္တုတစ်ခုကို အရမ်းအနီးကပ်ပြီး ကြည့်လေ့ရှိသူတွေနဲ့ အဝေးမှုန်တဲ့ ပြဿနာ မိဘမျိုးရိုးရှိတဲ့သူတွေ […]


အခြားမျက်လုံးပြဿနာများ

မျက်လုံး ပြဿနာပေါင်း သောင်းခြောက်ထောင် ။ ။

လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ မျက်လုံး နဲ့ပက်သက်တဲ့ ပြဿနာတွေ ဖြစ်ဖူးကြမှာပါ။ တချို့မျက်လုံး ပြဿနာတွေက သူ့ဘာသာ ပျောက်သွားပေမယ့် တချို့ပြဿာနာတွေကတော့ မျက်လုံးဆရာဝန်ဆီမှာ သေချာသွားကုမှ ပျောက်တာမျိုးတွေရှိပါတယ်။ ရှိတာမှ ဒီမျက်လုံးလေးတစ်စုံမလား။ ဒီမျက်လုံးလေးမှာ ဖြစ်လိုက်တဲ့ ပြဿနာတွေကလည်း စုံလို့။ ကဲ အဖြစ်အများဆုံး မျက်လုံး ပြဿာနာပေါင်း သောင်းခြောက်ထောင် က ဘာတွေလဲ ။ ။ မျက်လုံးမှာ အဖြစ်များတဲ့ ရောဂါများ မျက်လုံး ပြဿနာပေါင်း သောင်းခြောက်ထောင် ကတော့ Eyestrain ( မျက်လုံးညောင်းခြင်း) စာအကြာကြီးဖတ်သူ၊ ကွန်ပျူတာကြည့်ပြီးအကြာကြီး အလုပ်လုပ်ရသူ၊ ကားအကြာကြီးမောင်းရသူတိုင်း ခံစားဖူးတဲ့အရာပါ။ အခြားကိုယ်ပေါ်က အရာတွေလိုပါပဲ။ မျက်လုံးကလည်း အကြာကြီးအလုပ်လုပ်ရရင် ပင်ပန်းတတ်ပြီး သူ့ကို အနားပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် မျက်လုံးကို ၁၀ မိနစ်ခန့် […]


အခြားမျက်လုံးပြဿနာများ

မျက်လုံးက ပြောနေတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။

ကိုယ်ခန္ဓာ ဆိုတာကလည်း တစ်ကယ်ကို ထူးဆန်းတဲ့အရာတစ်ခုပါ။ တစ်ကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းတွေအားလုံးက ဆက်စပ်နေပြီး တစ်နေရာမှာ ရောဂါဖြစ်နေပြီ ဆိုတာနဲ့ ဖြစ်နေတဲ့ ရောဂါနဲ့ ပက်သက်တာတွေက ကိုယ်ခန္ဓာအစိတ်အပိုင်းတော်တော်များများ ပေါ်နေလေ့ရှိပါတယ်။ ဥပမာ လက်သည်းတို့၊ ဆီးတို့၊ ဝမ်းတို့ အသားအရောင်တို့ပေါ့ ။ ဒီလိုပဲ မျက်လုံးကနေ သင့်ကျန်းမာရေးအကြောင်း သိနိုင်တာတွေရှိပါတယ်။ ဘာတွေလဲ။ ။ မျက်လုံး ပုံမှန်ထက် ပိုပြူးနေခြင်း ။ ။ ( Bulging eyes) Graves’ Disease လို့ခေါ်တဲ့ လည်ပင်းကြီးရောဂါမှာ သိုင်းရွိုက်ဟော်မုန်းတွေ အများကြီးထွက်လို့ မျက်လုံးက တစ်ရှူးတွေ ရောင်လာပြီး မျက်လုံးပုံမှန်ထက် ပိုပြူးလာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မျက်လုံး ပုံမှန်ထက် အပြင်ကို ပြူးထွက်လာပြီဆိုရင် သိုင်းရွိုက် ဟုတ်၊ မဟုတ် ဆရာဝန်ဆီ သွားပြီး စစ်ဆေးသင့်ပါတယ်။ ကိုယ့်မျက်လုံး ပြူးနေလားဆိုတာကို […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်