မျက်လုံးနီတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။
မျက်သားဖြူနဲ့ မျက်ကြည်လွှာကြားရှိတဲ့ သေးငယ်တဲ့သွေးကြောလေးတွေ ဖောင်းလာတာကနေ သွေးရောက်တာများသွားပြီး မျက်လုံးနီတာ ဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်ကြောင့် ကိုယ့်ကြောင့် နဲ့ အခြား မျက်လုံးပြဿနာတွေကြောင့် အရင်မသိသာတဲ့ မျက်လုံးသွေးကြောလေးတွေ ဖောင်းလာရတာပါ။ ကဲ ဘယ်လိုအကြောင်းအရာ တွေကြောင့်လဲဆိုတော့
- ဓါတ်မတည့်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတာ
- မျက်လုံးကို အားစိုက်လွန်းလို့ မျက်လုံးက ပင်ပန်းနေတာ
- မျက်ကပ်မှန်တွေအရမ်းတပ် လွန်းအားကြီးလို့ဖြစ်တာ
- မျက်လုံးပိုးဝင်ပြီး မျက်ကြည်လွှာရောင်တာ နဲ့
- မျက်လုံး ရေတိမ်စွဲတာတို့ကြောင့် မျက်လုံးနီရဲလာတာမျိုး ဖြစ်တတ်ပါတယ်။
မျက်သားမှာ ဖြစ်တာမျိုး မဟုတ်ဘဲ မျက်လုံးက သွေးကြောတွေထောင်လာပြီး မျက်လုံးနီလာရတဲ့ ပြဿနာလည်းရှိပါသေးတယ်။ ဒါကို ဆေးပညာမှာဆို bloodshot eyes လို့ခေါ်ပါတယ်။ bloodshot eyes ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။