ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။
Myopia ( အဝေးမှုန်ခြင်း) – ဒီ အဝေးမှုန်တဲ့ ပြဿနာဟာ မျက်လုံး တစ်ဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်ကို ပြဿနာတက်စေနိုင်တဲ့အရာပါ။ အဝေးတစ်နေရာရှိနေတဲ့ အရာကို ပြတ်သားစွာ မမြင်ရတော့တဲ့ သူတွေဟာ ငယ်ငယ်တည်းက အရာဝတ္တုတစ်ခုကို အရမ်းအနီးကပ်ပြီး ကြည့်လေ့ရှိသူတွေနဲ့ အဝေးမှုန်တဲ့ ပြဿနာ မိဘမျိုးရိုးရှိတဲ့သူတွေ အများဆုံးဖြစ်နိုင်ပါတယ်။
Hyperopia ( အနီးမှုန်ခြင်း ) – အဝေးက အရာတွေကိုပြတ်ပြတ်သားသား မြင်ရပြီး အနီးက အရာတွေကို သဲကွဲစွာ မမြင်နိုင်တဲ့ အနီးမှုန်ပြဿနာကြောင့်လဲ အမြင်အာရုံ ဝါးတာဖြစ်နိုင်ပါတယ်။
Presbyopia – အသက်ကြီးလာရင် ဖြစ်လေ့ရှိတဲ့ မျက်လုံး ပြဿနာတစ်မျိုးပါ။ မျက်လုံးရဲ့ မှန်ဘီလူးတွေဟာ အသက်အရွယ်ကြောင့် ပျော့ပျောင်းမှု အားနည်းသွားလို့ စာဖတ်အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္တုတွေကို ပြတ်ပြတ်သားသား မမြင်နိုင်တော့တာဖြစ်ပါတယ်။
Astigmatism – Cornea ( မျက်ကြည်လွှာ) ပုံမှန် မဟုတ်တာကြောင့် မျက်လုံးဆီကို လာတဲ့ အလင်းတန်းတွေကို တစ်နေရာတည်း သေချာ မ စုနိုင်တော့ဘဲ ပြန့်ကျဲကုန်တဲ့အခါမှာ အနီးရော အဝေးရော မပြတ်သားဘဲ ဝေဝါးရတာဖြစ်ပါတယ်။
Glaucoma – ရေတိမ် ဆိုပြီး လူသိများကြတဲ့ Glaucoma ဟာ မျက်လုံးထဲ အရည်တွေစုတာများပြီး မျက်လုံးအာရုံကြောပေါ် သွားဖိလို့ အမြင်အာရုံ ချို့ယွင်းရတာဖြစ်ပါတယ်။ အစပိုင်းမှာ ကြည့်လေရာ မြင်ကွင်းရဲ့ ဘေးပတ်လည်ကို ဝါးစေပြီး သေချာကုသမှု မခံယူရင် နောက်ပိုင်းကျ အလယ်ကိုပါ ဝါးသွားစေကာ လုံးဝ မမြင်ရတော့တဲ့အထိ အမြင်အာရုံ ဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ မျက်စိ ပြဿနာတစ်ခုပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။