မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား !

မျက်စိနာတာက ကိုယ်တိုင်အတွက် အတော်လေး နေရခက်သလို ပတ်ဝန်းကျင်ကသူတွေကိုလည်း စိုးထိတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ငါ့ကိုများ ကူးလေမလားဆိုပြီးပေါ့။ လူကြီးတွေဆိုရင် မျက်စိနာတဲ့သူကို သွားမကြည့်နဲ့ ကူးတတ်တယ်ဆိုပြီး တားတတ်ကြပါတယ်။ မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား ဆိုတာနဲ့ မျက်စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မျက်စိနာတာက အဖြစ်များသလား! မျက်စိနာတယ်ဆိုတာက အဖြစ်များတဲ့ မျက်လုံးပိုးဝင်ကူးစက်မှု တစ်ရပ်ဖြစ်ပြီး မျက်ခွံအတွင်းသားတစ်ရှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ မျက်စိနာတာက မျက်လုံး တစ်ဖက်တည်းမှာ ဖြစ်တာမျိုး ရှိနိုင်သလို မျက်လုံး နှစ်ဖက်စလုံးမှာ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ မျက်စိနာတာက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။  မျက်စိနာတဲ့အခါ ဖြစ်တဲ့ အကြောင်းတရားပေါ်ကိုလိုက်ပြီး မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ နဲ့ ရေသန့်သန့်နဲ့ သန့်စင်တာ၊ သက်သောင့်သက်သာဖြစ်အောင် ထားတာ […]

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

မျက်ကပ်မှန် တပ်သူတို့ မမေ့သင့်တဲ့ အချက်လေးတွေ

မျက်ကပ်မှန်‌ လေးတွေရောင်စုံနဲ့ မျက်ဝန်းကိုအလှဆင်ဖို့ခေတ်စားနေတာ ကြာပါပြီ။ မျက်စိပါဝါရှိသူတွေ မျက်မှန်လွတ်ချင်တဲ့အခါ မျက်ကပ်မှန်အစားထိုးတပ်ဆင်ကြသလို အလှသက်သက် အရောင်လေးတွေနဲ့ မျက်ကပ်မှန်တွေ၊ Big Eye မျက်နက်ဆံအကြီးနဲ့ မျက်ကပ်မှန်တွေ တပ်လာကြပါတယ်။ မျက်မှန်နဲ့လို ရုပ်မရင့်တော့ဘူး၊ပေါ့ပါးတယ်၊ မျက်ဆံပိုလှ၊ပိုထင်ရှားစေတယ် ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမယ့် မျက်မှန်ထက် ပိုပြီး မျက်လုံးမှာ ထိတွေ့နီးကပ်ရတာမို့ သန့်ရှင်းမှုဂရုစိုက်ဖို့၊မထိခိုက်မိစေဖို့ နဲ့ရောဂါပိုးမဝင်စေဖို့ကို ပိုသတိထားရပါလိမ့်မယ်။ တစ်ကိုယ်လုံးမှာ အနုနယ်ဆုံးပြင်ပအစိတ်အပိုင်းဖြစ်တဲ့ မျက်စိကျန်းမာရေးအတွက် မျက်ကပ်မှန်တပ်သူတွေ သိထားသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။ အရင်ဆုံးပြောချင်တာက မျက်စိပါဝါ‌ေကြာင့်ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်ကပ်မှန်တပ်မယ်ဆိုရင်ဈေးပေါတာတွေ မသုံးပါနဲ့။ အရည်အသွေးမကောင်းတဲ့ မျက်ကပ်မှန်တွေဟာ မျက်စိကျန်းမာရေးအတွက်ကောင်းကျိုးမပေးနိုင်သလို တာရှည်ခံတဲ့ သက်တမ်းလည်း တိုပါတယ်။ အမြဲမတပ်ဘူး၊သိပ်မသုံးဖြစ်လို့ ဆိုရင်တောင် သုံးသင့်တဲ့သက်တမ်းကျော်လွန်ရင် ဆက်မသုံးပါနဲ့။ ကြာနေပြီဆို အသစ်လဲလိုက်ပါ။ မျက်ကပ်မှန်ကို မကိုင်တွယ်ခင် လက်ကိုသေချာဆေးကြောပြီးခြောက်သွေ့အောင်သုတ်ပါ။ ဒါပေမယ့် […]


အခြားမျက်လုံးပြဿနာများ

မျက်စိပါဝါကို လေဆာပစ်ပြီးဖျောက်ရာဝယ် (About LASIK treatment)

ကွန်ပြူတာ၊ စမတ်ဖုန်းအသုံးပြုသူတွေ အခုခေတ်ထဲများလာတာနဲ့အမျှ ဒါတွေကို အာရုံစိုက်ကြည့်ရတဲ့သူတွေအနေနဲ့ မျက်လုံးနဲ့ပတ်သက်ပြီး အဝေးမှုန်အနီးမှုန်တွေ အဖြစ်များလာကြတယ်။ ဒါပေမဲ့လည်း ခေတ်မီတိုးတက်မှုက ဆိုးကျိုးတင်မက ကောင်းတဲ့အချက်လေးတွေပါ တွဲပါလာလေတော့ ဒီလို မျက်စိမှုန်တာ၊ ဝါးတာတွေကို ပြန်ဖျောက်တဲ့နည်းလမ်းတွေလည်း ရှိလာပါတယ်။ အခုဒီမျက်စိပါဝါဖျောက်တဲ့ ကုသနည်းကိုတစ်ချက်လောက်လေ့လာကြည့်ရအောင်ပါ။ မျက်လုံးကို လေဆာပစ်ပြီး ပါဝါဖျောက်တာကို အင်္ဂလိပ်လို LASIK (Laser-assisted in situ keratomileusis) လို့ခေါ်ပါတယ်။ ၁၉၈၅ ခုနှစ်လောက်က စပြီးကျင့်သုံးခဲ့တဲ့ ဒီနည်းဟာ အခုဆို တစ်ကမ္ဘာလုံးမှာ အတော်လေးလေးကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါပြီ။ လေဆာနဲ့မျက်လုံးကို ကုသရာမှာ တခြားနည်းတွေလည်း ရှိပေမဲ့ ဒီနည်းက အတော်လေးအသုံးများပါတယ်။ သူ့ကို မျက်စိ အနီးမှုန်၊ အဝေးမှုန်နဲ့ မျက်စိသူငယ်အိမ်စောင်းတာတွေကိုပါ ကုသရာမှာသုံးပါတယ်။ တခြားမျက်စိအမြင်အာရုံကို ပြုပြင်ပေးတဲ့ ကုသနည်းတွေလိုပဲ ဒီနည်းမှာလည်း မျက်ကြည်လွှာကိုပြန်ပုံသွင်းပေးတဲ့နည်းနဲ့ ကုသပါတယ်။ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိအားဆေး သောက်ဖို့မလိုအောင် အားဖြည့်ပေးမယ့် အစားအသောက်လေးတွေ

မျက်ခုံးလှုပ်တယ်၊ မျက်ခွံလှုပ်တယ်၊ မျက်ခမ်းလှုပ်တယ် ဆိုတာနဲ့ ကံမကောင်းတော့ဘူးပဲ ထင်နေတာလား။ အမှန်က မျက်စိက ကြည့်ရတာမကောင်းဘူး၊ မျက်လုံးတွေကျိန်းစပ်တယ်၊ မျက်လုံးခြောက်တယ်၊ မျက်ရိုးကိုက်တယ်၊ မျက်လုံးတဝိုက် ကြွက်သားလေးတွေလှုပ်တယ်၊ မျက်လုံးအောင့်တယ် ဆိုတာတွေက မျက်စိအားနည်းနေတဲ့လက္ခဏာတွေပါ။ မျက်စိအားနည်းရင် အားဆေးတွေသောက်လို့ရတယ်ဆိုပေမယ့် ဆေးကိုအရင်အားမကိုးဘဲ ကိုယ့်ရဲ့နေ့စဉ်အာဟာရထဲမှာ အစားအသောက်တချို့ကို ဦးစားပေးလိုက်ရုံနဲ့ ဒီဓာတ်တွေကို သဘာဝအတိုင်းရနိုင်နေတာပဲလေ။ ဒီတော့ မျက်စိအားဆေးမသောက်ခင် ဒီအစားအစာလေးတွေနဲ့ အရင်ကုစားကြည့်ရအောင်လား … (၁) ငါး ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓာတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။ (၂) ပဲ နဲ့ […]


အခြားမျက်လုံးပြဿနာများ

ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ

မျက်စိယားယံ တယ်ဆိုတာ များသောအားဖြင့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်၊၊ ဒီဆောင်းပါးမှာ ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ မျက်စိယားယံ ရတဲ့ အကြောင်းရင်း ၁။ ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုး ဒါမှမဟုတ် အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ထားတဲ့အဝတ်နဲ့ မျက်လုံးကို ပွတ်မိလိုက်တဲ့အခါ မျက်စိက နီရဲပြီး ယားယံလာတတ်ပါတယ်။ ၂။ အပြင်က ဝင်လာတဲ့ ဖုန်မှုန့်တွေ၊ ဆေးလိပ်မီးခိုးငွေ့နဲ့ ရေမွှေးဖျန်းလိုက်တဲ့အခါ ထွက်လာတဲ့ ရေစက်အမှုန်အမွှားတွေဟာလည်း မျက်စိမှာ ကပ်နေနိုင်ပြီး တဖြည်းဖြည်းနဲ့ ယားယံလာတာမျိုးလည်း ရှိပါတယ်။ ၃။ တစ်နေ့လုံး ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်နေရတာ၊ တီဗီကြည့်နေတာ၊ ဖုန်းကို မျက်နှာနဲ့ နီးနီးကပ်ကပ်အသုံးပြုတဲ့အခါ ညရောက်လာရင် မျက်စိက ညောင်းကိုက်ပြီး ယားယံခြင်းဖြစ်စေနိုင်ပါတယ်။ ၄။ နံပါတ် […]


မျက်စိရောဂါများ

မျက်စိစွံတာ မြန်မြန်သက်သာစေဖို့

မျက်စိစွံလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အတူတူဖတ်ပြီး မျက်စိစွံတဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းရအောင်လား။ မျက်စိစွံတာ မြန်မြန်သက်သာစေဖို့ လုပ်ဆောင်ရမှာလေးတွေကို ပြောပြပေးသွားပါမယ်။ မျက်စိစွံတယ်ဆိုတာ ဘာလဲ.... မျက်စိစွံတယ်ဆိုတာက မျက်ခမ်းသားမှာ နီရဲနေတဲ့ အဖုလေးဖြစ်တာပါ။ မျက်တောင်နားမှာဖြစ်တာဖြစ်ပြီး မျက်ခွံအောက်နားနဲ့ မျက်ခွံအတွင်းထဲမှာလည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမဟုတ်ပေမယ့် ခံစားရသူအရေအတွက်က မနည်းလှပါဘူး။ မျက်စိစွံတာက ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် နေရခက်စေပြီး နာကျင်မှုကို ခံစားရစေပါတယ်။ မျက်စိစွံတာက ဖြစ်တဲ့နေရာကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။ ပြင်ပမှာဖြစ်တဲ့ မျက်စိစွံခြင်း - မျက်ခွံအောက်ဘက်မျက်ခမ်းသားနားက မျက်တောင်မွေး မွေးညှင်းအိတ်လေးတွေနားမှာဖြစ်တာပါ။ အတွင်းမှာဖြစ်တဲ့ မျက်စိစွံခြင်း - မျက်ခွံအောက်ဘက်ခြမ်းနဲ့ အတွင်းဘက်က အဆီဂလင်းတွေမှာဖြစ်တတ်တဲ့ မျက်စိစွံခြင်းတစ်မျိုးပါ။ မျက်စိစွံတာ မြန်မြန်သက်သာစေဖို့ မျက်စိစွံတာကို အိမ်မှာတင် အလွယ်တကူ ကုသလို့ရပါတယ်။ ဘယ်လိုများလုပ်ရမလဲဆိုတာကို သိချင်ရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။ မျက်စိစွံတာ မြန်မြန်သက်သာစေဖို့ ဆိုရင်တော့ လက်ကို ပုံမှန်ဆေးကြောပေးပါ - လက်ကို အမြဲသန့်စင်ပေးတာက […]


မျက်စိရောဂါများ

မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ

မျက်ခမ်းမှာ အနီရောင်အဖုလေးပေါက်ပြီး ကြည့်ရခက်နေပြီဆိုရင်တော့ မျက်စိစွံနေတာ ဖြစ်နိုင်ပါတယ်။ ဒါက ပြဿနာကြီးကြီးမားမားမဟုတ်ဘူးဆိုပေမယ့်  မျက်လုံးကြည့်ရခက်သလို တစ်နေ့တာလုပ်ဆောင်မှုတွေကို ထိခိုက်စေတာ အမှန်ပါ။ ဒီတော့ မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ ကို အဖြေလေးတွေနဲ့ တကွ လေ့လာလိုက်ပါဦးနော်။ မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ ကတော့ မျက်စိစွံတယ်ဆိုတာ ဘာလဲ.... မျက်စိစွံတယ်ဆိုတာက မျက်ခမ်းသားမှာ နီရဲနေတဲ့ အဖုလေးဖြစ်တာပါ။ မျက်တောင်နားမှာဖြစ်တာဖြစ်ပြီး မျက်ခွံအောက်နားနဲ့ မျက်ခွံအတွင်းထဲမှာလည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမဟုတ်ပေမယ့် ခံစားရသူအရေအတွက်က မနည်းလှပါဘူး။ မျက်စိစွံတာက ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် နေရခက်စေပြီး နာကျင်မှုကို ခံစားရစေပါတယ်။ မျက်စိစွံတဲ့ အမျိုးအစားဘယ်နှစ်မျိုးရှိလဲ............ မျက်စိစွံတာက ဖြစ်တဲ့နေရာကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။ ပြင်ပမှာ ဖြစ်တဲ့ မျက်စိစွံခြင်း - မျက်ခွံအောက်ဘက် မျက်ခမ်းသားနားက မျက်တောင်မွေး မွေးညှင်းအိတ်လေးတွေနားမှာဖြစ်တာပါ။ အတွင်းမှာ ဖြစ်တဲ့ မျက်စိစွံခြင်း - […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ ၇ မျိုး

မျက်စိကျန်းမာရေးကောင်းစေဖို့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းအချို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် အောက်ပါအာဟာရဓါတ်တွေ ဖြစ်ပါတယ်။ ဗီတာမင် အေ၊ စီ၊ အီး ဘီတာ ကရိုတင်း ဇင့် omega-3 fatty acid zeaxanthin lutein ဒီအာဟာရဓါတ်တွေအတွက် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်မျိုးစုံကနေ ရရှိနိုင်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်တွေမှာ ပြည့်ဝဆီတွေပါဝင်ပြီး သကြားဓါတ်လွန်ကဲစွာ ပါဝင်လို့ ရှောင်ကြဉ်သင့်ပါတယ်။ အောက်ပါအစားအစာတွေကတော့ မျက်လုံးအတွက် အကောင်းဆုံးလို့ ယူဆထားတဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။ အများစုဟာ ရာသီမရွေး တနှစ်တာကာလပတ်လုံး သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ အစားအစာမျိုးတွေ ဖြစ်ပါတယ်။ ၁။ ငါးအမျိုးမျိုး ငါးအမျိုးမျိုးစားသုံးခြင်းဟာ မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်။ အထူးသဖြင့် ဆယ်လ်မွန်ငါး ဖြစ်ပါတယ်။ အဲဒီငါးတွေမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ omega-3 fatty acid တွေ ပါဝင်ပါတယ်။ omega-3 fatty acid […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

သင့်မျက်ဝန်းများ တောက်ပရွှန်းစိုနိုင်စေဖို့

တောက်ပရွှန်းစိုတဲ့ မျက်ဝန်းများဟာ လူမှုဆက်ဆံရေးမှာ အရေးပါပါတယ်။ မျက်ဝန်းများဟာ စိတ်ရဲ့ပြတင်းပေါက်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် လူအချင်းချင်းဆက်သွယ်ရာမှာလည်း အကြည့်ချင်းဆုံ eye contact ယူပြီး ပြောဆိုဆက်ဆံရာမှာ ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် သင့်မျက်ဝန်းတွေကို ပိုပြီးတောက်ပလာအောင် ဂရုစိုက်ခြင်းဟာ လူမှုဆက်ဆံရေးအတွက် အထောက်အကူပြုမှာ သေချာပါတယ်။ ပထမဆုံးတင်ပြချင်တာကတော့ မျက်ဝန်းများဟာ နီရဲခြောက်သွေ့နေရင် သဘာဝအတိုင်း တောက်ပနိုင်မှာ မဟုတ်ပါဘူး။ သင့်မျက်စိများရဲ့ ကျန်းမာရေးကို ကောင်းမွန်ပြီး အနာအဆာမရှိအောင် ဂရုစိုက်ခြင်းဟာ တောက်ပရွှန်းစိုဖို့ ပိုမိုအလေးသာပါတယ်။ မျက်စိဘေးဝန်းကျင်က အရေပြားများဟာလည်း အရေးကြီးပါတယ်။ မျက်စိဘေးဝန်းကျင်က အရေပြားမှာ တင်းတိပ်မှဲ့ခြောက်များရှိနေခြင်း၊ မျက်ခွံများ မို့အစ်နေခြင်း စတာတွေဟာ မျက်ဝန်းရဲ့အလှတရားကို မှေးမှိန်စေပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့မျက်ဝန်းတွေကို တောက်ပအောင် ဘယ်လိုနည်းလမ်းတွေ ကျင့်သုံးသင့်တယ်ဆိုတဲ့ အကြောင်းပါ။ အောက်ပါအချက်တွေပဲ ဖြစ်ပါတယ်။ ၁။ ခြောက်သွေ့တဲ့လေကို ရှောင်ကြဉ်ပါ။ ကုန်းမြင့်ဒေသတွေ၊ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

ကွန်ပျူတာ၊ဖုန်းတွေကြောင့်ဖြစ်တဲ့(Digital eye strain) မျက်စိအောင့်တာကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ ။

အရင်တုန်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိ ဆေးခန်းသွားရ မျက်မှန်တပ်ရတာမျိုးတွေ မရှိပေမယ့် ခုနောက်ပိုင်း ဖုန်းခေတ် ကွန်ပျူတာခေတ်ရောက်မှ မျက်စိဆေးခန်းတွေလူပြည့်၊ ငယ်ငယ်လေးနဲ့ မျက်မှန်သမားတွေဖြစ် မျက်လုံးဝေဒနာတွေတစ်ပုံကြီခံစားနေရတဲ့ သူတွေ အများကြီးပါ။ ဒီထဲကမှ အများဆုံးကတော့ Digital eye strain လို့ခေါ်တဲ့ ကွန်ပျုတာ ဖုန်းတွေက ထွက်လာတဲ့ရောင်ခြည်ကြောင့် မျက်လုံးညောင်း မျက်လုံးကိုက်တဲ့ဝေဒနာကို ခံစားနေရတဲ့သူတွေက ပိုများပါတယ်။ ဘာ့ကြောင့် ဒီ ကွန်ပျူတာ ဖုန်း တွေက မျက်လုံးညောင်းတာကိုဖြစ်စေရတာလဲ။ မျက်လုံးမခြောက်အောင်လို့ ပုံမှန်ဆို တစ်မိနစ်ကို ၁၅ ကြိမ်ကနေအကြိမ်၂၀လောက် မျက်တောင်ခတ်တတ်ကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကြည့် ဖုန်းပွတ် ကွန်ပျူတာသုံးတဲ့အချိန်တွေမှာဆို မျက်တောင်ခတ်နှုန်းက တစ်ဝက်လောက် လျော့ကျသွားတယ်လို့ လေ့လာချက်တွေ အရသိရပါတယ်။ နောက်ပြီး ဖန်သားပြင်ရဲ့ အလင်းအမှောင်၊ ရောင်ခြည်တွေနဲ့ စာလုံးတွေကလည်း မျက်လုံးညောင်း မျက်လုံးအောင့်တာကို ဖြစ်စေတဲ့ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်ဝန်းလေးအပေါ် သင်လုပ်မိနေတဲ့ အမှား (၁၀) ခု

အချစ်မှာမျက်စိမရှိလို့ ရနိုင်ပေမယ့် လူ့ဘဝမှာ မျက်စိမရှိရင် ဘယ်လောက်ဒုက္ခများမလဲကြည့်လိုက်ပါ။ကိုယ်ရှင်သန်နေတဲ့ဘဝမှာ မျက်စိက သိပ်ကိုအရေးပါတယ်ဆိုတာ လက်ခံတယ်မဟုတ်လား။ အလုပ်ပဲဖြစ်ဖြစ်၊ ဘဝတိုးတက်ရေးပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်စိက သိပ်ကိုအရေးပါတဲ့အထောက်အပံ့တစ်ခုဖြစ်ပါတယ်။ မျက်လုံး၊ မျက်ခုံးလေး၊ မျက်တောင်လေးကြည့်ကောင်းဖို့ကို ယောကျာ်း၊မိန်းမ မရွေးပြုပြင်ဂရုစိုက်နေကြတာပဲလေ။ ဘယ်လိုဂရုစိုက်သလဲ မျက်စဉ်းလေးဝယ်ခတ်တာ၊ မျက်တောင်ကော့ဆေး သုံးတာလောက်က လုံလောက်တဲ့ဂရုစိုက်မှုမဟုတ်ပါဘူး။ ဒါတင်မကဘဲ မျက်လုံးနဲ့ပတ်သက်ပြီး ကိုယ်လုပ်မိနေတဲ့အမှားတွေ ဘယ်လောက်များရှိနေပြီလဲ။ ဆက်ပြီးကြည့်ရအောင် - (၁) မျက်စိကျန်းမာရေးစစ်ဆေးမှု ပုံမှန်မလုပ်ဘူး မျက်စိဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပြသမှု ရှိတာကောင်းပါတယ်။ ဒါမှ ဖြည့်သင့်တာဖြည့်၊ ကုသင့်တာကုဖို့ မျက်စိအမြင်အာရုံအခြေအနေကို စောစောသိနိုင်မှာပါ။ မျက်စိပါဝါတက်လာသလား၊ ထိခိုက်မှုရှိသလား၊ တိမ်စွဲနေသလား၊ ကုသဖို့လိုသလား ဆိုတာ စစ်ဆေးမှသိနိုင်မှာပါ။ တစ်ခုခုဖြစ်မှ သွားပြတာထက် ပုံမှန်ပြရင်းစောစောဖြေရှင်းနိုင်တာ ပိုကောင်းပါတယ်။ (၂) မျက်စိပြဿနာကို ပေါ့ဆတာ မျက်စိနီပြီး မျက်ရည်တွေထွက်တာ၊ ယားတာ၊ ပူတာတွေက ဓာတ်မတည့်မှုလက္ခဏာတွေဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဒီလက္ခဏာတွေပါဖြစ်နေတယ်ဆိုရင် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်