အမြင်အာရုံ အားနည်းတဲ့သူတွေအတွက် မျက်မှန်တို့ မျက်ကပ်မှန်တို့ဆိုတာ တကယ်မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ တစ်ခုရှိတာက မျက်လုံးအားနည်းနေလို့ မျက်မှန်တပ်မလား မျက်ကပ်မှန်တပ်မလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှု အပေါ်မှာ မူတည်တာများပါတယ်။ မျက်မှန်ကျတော့ တပ်ထားရင် ရုပ်ရင့်စေလို့ မျက်ကပ်မှန်ကျတော့ တပ်ထားမှန်းမသိဘဲ နဂိုပုံစံအတိုင်းလေးပဲဆိုတော့ ပိုကောင်းစေလို့ဆိုပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်တတ်ကြပါတယ်။ နှစ်ခုလုံးက အမြင်အာရုံကို ပြန်ပြီး တည့်မတ်ပေးတယ်ဆိုပေမယ့် သူတို့နှစ်ခု ဘယ်သူကပိုကောင်းလဲဆိုတာ အငြင်းပွားလာကြတာခုထိပါ။
မျက်မှန်နဲ့ မျက်ကပ်မှန် ဘယ်ဟာက ပိုကောင်းလဲ ။ ။
မျက်မှန်
အားသာချက် –
- မျက်မှန်က မျက်လုံး အပြင်ပိုင်းကနေ အမြင်အာရုံကို တည့်မတ်ပေးတာဖြစ်လို့ မျက်လုံးကို လက်နဲ့ထိစရာမလိုပါဘူး။ ဒီတော့ မျက်လုံးထဲဖုန်ဝင်တာ၊ ပိုးဝင်တာတွေ ကင်းပြီး မျက်စိနာတာတွေဖြစ်ေစေမှာ မဟုတ်ပါဘူး။
- နဂိုတည်းက ကွန်ပျူတာ အကြည့်များပြီး မျက်လုံးခြောက်တဲ့သူတွေအတွက်ဆို မျက်မှန်က ကွန်ပျူတာက အလင်းရောင်တွေကို ကာကွယ်ပေးနိုင်လို့ မျက်လုံးခြောက်တာကိုလည်း သက်သာစေဦးမှာပါ။
- နောက်တစ်ခု ပိုကောင်းတာကတော့ မျက်မှန်က မျက်ကပ်မှန်တွေထက် ဈေးသက်သာပြီး အချိန်ကြာကြာ အသုံးပြုလို့ရတဲ့အပြင် သုံးရတာလည်း လွယ်ကူပါတယ်။ ဒီဂရီ အတိုးအလျှော့ပြန်လုပ်ချင်ရင် ကိုင်းလေးကိုချန်ခဲ့ပြီး မှန်အသစ်လဲလိုက်ရုံပါပဲ။
- ပြင်ပက ဖုန်တွေ၊ လေတွေနဲ့ အခြား အမှုန်အမွှားတွေ မျက်လုံးထဲ မဝင်အောင် မျက်မှန်က ရှေ့ကနေ ကာကွယ်ပေးထားနိုင်ပါသေးတယ်။
- ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုင်းလေးရွေးပြီး အဝိုင်းပုံစံနဲ့ တပ်မလား၊ လေးထောင့်ပုံစံနဲ့တပ်မလား စတိုင်ကျနေဦးမှာနော် ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။