မျက်လုံးခြောက်ခြင်း။ ။
ကွန်ပျူတာ အသုံးများတဲ့သူတွေ၊ အဲယားကွန်းခန်းထဲမှာအနေများတဲ့ သူတွေ ကြုံတွေ့ရတဲ့ အဖြစ်အများဆုံး ပြဿနာတစ်ခုပါ။ ခြောက်နေတဲ့ မျက်လုံးအတွက် မျက်စဉ်းဆေးတွေခတ်ပေးလို့ရပါတယ်။
မျက်ရည်တွေကျနေတာ။
အလင်းရောင်စူးစူးကို ကြည့်လိုက်တဲ့အခါမျိုး၊ လေပြင်းတိုက်တဲ့အခါမျိုးမှာဆို မျက်လုံးတွေစပ်ပြီး မျက်ရည်ပူတွေကျလာတာမျိုး ခံစားကြဖူးကြမှာပါ။ ဒါတွေဟာ မျက်လုံးက သာမန်တုံ့ပြန်တာမျိုးဖြစ်ပေမယ့် မျက်ရည်ကြောင်းပိတ်တဲ့သူတွေနဲ့ မျက်လုံးထဲ ပိုးဝင်တဲ့သူတွေမှာလည်း မျက်ရည်တစ်ချိန်လုံး ကျနေတတ်ပါတယ်။
အတွင်းတိမ် ။ ။
ကြည့်လေရာနေရာတိုင်းမှာ တိမ်တွေဖုံးနေသလို အုံ့ဆိုင်းဆိုင်းဖြစ်နေပြီဆိုရင်တော့ မျက်လုံးတိမ်စွဲနေပြီလို့ ပြောလို့ရပါတယ်။ မျက်လုံးရဲ့ မှန်ဘီလူးမှာ ဖြစ်တတ်တဲ့ အတွင်းတိမ်ပါ။ မျက်လုံးကို နာကျင်စေတာ၊ မျက်လုံးနီရဲစေတာ၊ မျက်ရည်ပူကျစေတာမျိုးတွေ မရှိ ဘဲ အသံတတ်နဲ့ တဖြည်းဖြည်းချင်းရောက်လာတတ်မျိုးပါ။
ရေတိမ် ။ ။
မျက်လုံးကို တစ်ခုခုထိခိုက်မိတာ၊ မျက်လုံးသွေးကြောတွေ ပိတ်တာ၊ မျက်လုံးရောင်တာတို့ကြောင့် ဖြစ်တတ်တဲ့ ရေတိမ်ပါ။ မျက်လုံးထဲ ဖိအားတွေများလာပြီး နောက်ဆုံး မျက်လုံးအကြောကို သွားထိတတ်လို့သေချာကုသသင့်တဲ့ ရောဂါတစ်ခုပါ။
ရောဂါအခံကြောင့် မျက်လုံး ပျက်စီးတာ။ ။
အဓိကကတော့ ဆီးချိုနဲ့ သွေးတိုး လူနာရှင်တွေမှာ အတွေ့ရများပါတယ်။ ဆီးချို၊ သွေးတိုး သေချာ မထိန်းတဲ့အခါ မျက်လုံးမှာ ရှိတဲ့ သွေးကြောတွေ ပျက်စီးလာတာကြောင့် အမြင်အာရုံ ထိခိုက်တတ်ပါတယ်။ ဒီလိုလူနာတွေက တစ်နှစ်တစ်ခါလောက် မျက်လုံးပုံမှန် စစ်ဆေးသင့်ပါတယ်။
Takeaways
ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်လုံးနဲ့ ပက်သက်တဲ့ရောဂါတွေ ပဲဖြစ်ပါတယ်။ မျက်လုံးဆိုတာလည်း ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေထဲမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်တာကြောင့် ကိုယ့်မျက်လုံးလေးကို သေချာ ဂရုစိုက်ပေးဖို့လိုတယ်နော် ။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။