ဖုန်းတို့ ကွန်ပျူတာတို့အကြည့်များပြီး မျက်လုံး အောင့်တာ မျက်လုံးညောင်းတာမျိုးတွေ မဖြစ်ဖူးတဲ့သူဆိုလို့ ခုခေတ်ကြီးမှာ ခပ်ရှားရှားပါ။ အရင်တုန်းကတော့ မျက်လုံးအားနည်းတာ၊ မျက်လုံးအားမစိုက်နိုင်တာ မျက်လုံးညောင်းတာမျိုးတွေက အသက်ကြီးလာမှ ဖြစ်တယ်ဆိုပေမယ့် ခုခေတ်ကြီးမှာတော့ မျက်လုံးပြဿနာဟာ အသက်အရွယ်မရွေးတော့ပါဘူး။ တစ်နေ့လုံးကွန်ပျူတာရှေ့ အလုပ်လုပ်နေရတဲ့သူတွေ၊ အင်တာနက်သုံး ဖုန်းပွတ် ဂိမ်းဆော့နေတဲ့သူတွေအတွက် စိတ်အညစ်ရဆုံး မျက်လုံးပြဿနာကတော့ မျက်လုံးအောင့်တာပဲ ဖြစ်ပါတယ်။ ဖုန်းမပွတ်သာနေလို့ရမယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေအတွက်ကတော့ ဘယ်လိုမှ ရှောင်လွဲမရတာကြောင့် ဖြစ်နေတဲ့ မျက်လုံးအောင့်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ကသာ အဓိကဖြစ်နေတာပေ့ါ။
ဒီတော့ မျက်လုံးအောင့်တာကို ဘယ်လိုသက်သာအောင်လုပ်ကြမလဲ ။ ။
လောလောလတ်လတ် မျက်လုံး အရမ်းအောင့်နေတဲ့အခါ
- မျက်တောင်ခဏခဏ ခတ်ပါ။ အရမ်းအာရုံစိုက်လိုက်တဲ့အခါ မျက်တောင်ခတ်ဖို့ မေ့နေတတ်ကြပါတယ်။ မျက်တောင်ခတ်ခြင်းက မျက်လုံးကို ခဏအနားပေးတာဖြစ်သလို မျက်ရည်ကြည် တွေကိုလည်း ထုတ်ပေးတာကြောင့် မျက်လုံခြောက်တာ၊ မျက်လုံးအောင့်တာတွေကိုလည်း သက်သာစေပါတယ်။
- မျက်လုံးပေါ် သခွားသီး ေအးအေးလေး ကပ်ပေးတာမျိုး၊ ရေခဲဝတ်လေးကပ်ပေးတာမျိုးကလည်း မျက်လုံးအောင့်တာကို သက်သာစေပါတယ်။
- မျက်စဉ်းဆေးရှိရင် မျက်စဉ်းခတ်ပါ- မျက်စဉ်းဆေးတွေ ဆောင်ထားပါ – မျက်ရည်တုလို့ခေါ်တဲ့ မျက်စဉ်းဆေးတွေက အားစိုက်ထားရလို့ ခြောက်သွေ့နေတဲ့ မျက်လုံးကို အစိုဓါတ်ပြန်ထိန်းပေးလို့ အောင့်နေတဲ့ မျက်လုံး သက်သာသွားမယ့်အပြင် မျက်ရည်ကြည်အလွှာလေးတစ်ထပ်ခံနေလို့ မျက်ကြည်လွှာပေါ် အလင်းရောင် တိုက်ရိုက်ထိခြင်းကနေလည်း ကာကွယ်ပေးမှာပါ။
- မျက်လုံးကို မှိတ်ပြီး အနားပေးလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။