ပြင်းပြီး စူးရှတဲ့နေရောင်ကြောင့် အသားအရေတင်မဟုတ် မျက်လုံးလည်းထိခိုက်နိုင်ပါသေးတယ် ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြင်းပြီး စူးရှတဲ့နေရောင်ကြောင့် အသားအရေတင်မဟုတ် မျက်လုံးလည်းထိခိုက်နိုင်ပါသေးတယ် ။ ။

    နေပူထဲ သွားတဲ့အခါ အသားအရေကိုသာ စိတ်ပူကြတာများပါတယ်။ နေပူထဲက ခရမ်းလွန်ရောင်ခြည် တွေက အသားအရေတင်မဟုတ် မျက်လုံးကိုပါ ပြဿာနာတွေဖြစ်စေတယ်ဆိုတာ သင်သိပါသလား။

    နေရောင်ထဲမှာ ခရမ်းလွန်ရောင်ခြည် UVA UVB နဲ့ UVC ဆိုပြီး ၃ မျိုးပါတယ်ဆိုတာ အားလုံးသိကြမှာပါ။ အဲဒီ သုံးမျိုးထဲမှာ အပြင်းထန်ဆုံးက UVC ပါ။ ကံကောင်းတာတစ်ခုက UVC ကို လူသားတွေ အပေါ်မကျရောက်အောင် အိုဇုန်းလွှာက ကာကွယ်ပေးတားတယ်ဆိုတာပါပဲ။ ဒါပေမယ့် ခုနောက်ပိုင်း အိုဇုန်းလွှာပါးလွှာလာမှုကြောင့် ခရမ်းလွန်ရောင်ခြည် တွေကို မတားဆီးပေးနိုင်တော့ဘဲ နေရောင်ထဲမှာ UVA နဲ့ UVB ပါဝင်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီတော့ ဒီ ခရမ်းလွန်ရောင်ခြည် နှစ်မျိုးကပဲ မျက်လုံး၊ အသားအရေနဲ့ ဆံပင်တို့ကို ပြဿနာတက်စေတာပါ ။ ။

    ပြင်းထန်တဲ့နေရောင်က သင့်မျက်လုံးကို ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်တာလဲ ။ ။

    ယာယီသာဖြစ်တတ်တဲ့ ပြဿနာတွေကတော့

    • Photokeratitis – နေပူထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် မျက်လုံးရဲ့ အပြင်ဆုံး အပိုင်းဖြစ်တဲ့ မျက်ကြည်လွှာ (Cornea ) ရောင်တာနဲ့
    • Photoconjunctivitis – conjunctivaလို့ခေါ်တဲ့ မျက်လုံးအတွင်းအပြင်က ဂျယ်လီလို အလွှာလေးတွေ ခရမ်းလွန်ရောင်ခြည်ကြောင့် ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေက နေရောင်ခြည်ကို တိုက်ရိုက်ကြည့်လိုက်တဲ့အခါမျိုးတွေ မှာ ပိုဖြစ်တတ်ပြီး မျက်လုံးအောင့်တာ၊ မျက်ရည်ပူကျတာ၊ နေရောင်ထဲမှာ မျက်လုံးစူးပြီး မကြည့်နိုင်တာတွေ ဖြစ်တတ်ပါတယ်။

    ပိုပြင်းထန်ပြီး ကြာကြာပိုဖြစ်တတ်တဲ့ ပြဿနာတွေကတော့

    • မျက်လုံးအတွင်းတိမ်စွဲခြင်း – အသက်ကြီးမှ မျက်လုံးတိမ်စွဲတတ်တာမဟုတ်ပါဘူး။ နေကာမျက်မှန်လို အကာအကွယ်မပါဘဲ နေပူထဲ ထွက်လွန်းအားကြီးရင်လည်း ငယ်ငယ်လေးနဲ့ မျက်လုံးတိမ်စွဲတတ်ပါတယ်။
    • (Pterygium) မျက်သားတက်ြခင်း – နေပူထဲမှာ အချိန်ကြာကြာ နေကာမျက်မှန် မပါဘဲသွားလာလှုပ်ရှားတဲ့ ရက်တွေများလာတဲ့အခါ နောက်ပိုင်းတဖြည်းဖြည်းနဲ မျက်လုံး အသားတက်တာတွေဖြစ်လာတတ်ပါတယ်။ Pterygium ဆိုတာ မျက်လုံးနဲ့ နှာခေါင်းထောင့်မှာရှိတဲ့ ပန်းရောင်သားစိုင်လေးတွေ ဖောင်းလာတာကို ပြောတာပါ။ မျက်သားတက်တဲ့ ပြဿနာဟာ နာကျင်မှု မရှိဘူးဆိုပေမယ့် မကုသဘဲထားတဲ့အခါ မျက်ကြည်လွှာကိုဖုံးသွားနိုင်ပြီး မြင်ကွင်းမှာ အနှောင့် အယှက်တွေ ရှိလာနိုင်ပါတယ်။
    • Pingueculae ( မျက်လုံးအဖြူပေါ် အဝါရောင် အစက်အပျောက်တွေဖြစ်ခြင်း ) – မျက်သားတက်တာလိုမျိုးပဲ မျက်လုံးနဲ့ နှာခေါင်းထောင့်မှာ တွေ့ရတတ်တဲ့ အဝါရောင် အစိုင်အခဲလေးတစ်မျိုးပါ။ မျက်သားတက်တာနဲ့ မတူတာက Pingueculae က မျက်ကြည်လွှာပေါ်အထိ ကြီးလားနိုင်စွမ်းတော့မရှိပါဘူး။ နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်၊ လေနဲ့ ဖုန်မှုန့်တွေကြောင့် pinguecula ဖြစ်နိုင်ချေပိုများပါတယ်။
    • မျက်လုံးကင်ဆာ – နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်တွေက အရေပြားကင်ဆာ ဖြစ်စေရုံသာမက မျက်လုံးအဖြူသားကင်ဆာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။
    • Macular degeneration ( မျက်စိအမြင်လွှာရုံ အလယ်တည့်တည့် ကွယ်ခြင်း ) – ကြည့်လေရာနေရာတိုင်းရဲ့ အလယ်တည့်တည့်မှာအမဲကွက်လေးဖြစ်နေပြီး ကျန်တဲ့ ဘေးပတ်လည်ကမြင်ကွင်းတွေက အကောင်းဆိုရင် ဒါ Macular degeneration ဖြစ်နေပါပြီ။ ဒီလို Macular degeneration ဖြစ်စေတဲ့ တရားခံကတော့ ခရမ်းလွန်ရောင်ခြည် A ပဲ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ပူပြင်းတဲ့ နွေနေ့လည်ခင်းတွေမှာ မဖြစ်မနေကိစ္စရှိမှ အပြင်ထွက်တာ အကောင်းဆုံးပါ။ ထွက်ဖြစ်ခဲ့ရင်လည်း နေကာမျက်မှန်လိုမျိုး အကာအကွယ်ဝတ်ဆင်ပြီးမှ အပြင်ထွက်ဖို့ မမေပါနဲ့ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement