စိမ်းစိုနေတဲ့အရာတွေကို ကြည့်ပြီး မျက်လုံးကို အနားပေးပါ။ သဘာဝပတ်ဝန်းကျင်ရှုခင်းတွေက မျက်လုံးကို အနားရစေနိုင်ပါတယ်။ အလုပ်စားပွဲကနေ ခပ်ဝေးဝေးမှာရှိတဲ့ အရာတွေကိုလှမ်းကြည့်တာကလည်း မျက်လုံးကို အနားပေးရာရောက်ပါတယ်။
မကြာခဏ မျက်တောင်ခတ်ပေးပါ
မကြာခဏမျက်တောင်ခတ်ပေးတာက မျက်လုံးကို သက်သာရာရစေနိုင်ပါတယ်။ ဒါကြောင့် သတိလေးထားပြီး မျက်တောင်ခတ်ပေးပါ။
မျက်လုံးကို အနားပေးဖို့ လိုအပ်နေပြီလား
ကွန်ပျူတာ သုံးရင်းဖြစ်ဖြစ်၊ ဖုန်းသုံးရင်းဖြစ်ဖြစ် မျက်လုံးက အခုလို လက္ခဏာတွေပြလာပြီဆိုရင် မျက်လုံးက အနားပေးဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြနေတာပါ။
- မျက်လုံးတွေညောင်းလာတယ်
- အမြင်တွေဝေဝါးလာတယ်
- အဝေးကအရာတွေကို သဲသဲကွဲကွဲမမြင်ရတော့ဘူး
- မျက်လုံးခြောက်လာတယ်
- ခေါင်းကိုက်လာတယ်
- ဇက်ကြောတွေတောင့်လာတယ်
- နောက်ကျောတွေတောင့်တင်းလာတယ်
- ပခုံးကြောတွေနာလာတယ် ဆိုရင် မျက်လုံးကို အနားပေးဖို့ လိုအပ်နေပါပြီ။
မျက်လုံးအတွက် ဓါတ်စာ
မျက်လုံးကျန်းမာစေဖို့ အစားအသောက်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။
- ငါး (တူနာ၊ဆယ်လ်မွန်၊မက်ကာရယ်၊ ဆာဒင်းစတဲ့ပင်လယ်ငါး)
- အခွံမာသီးတွေ (သစ်ကြားသီး၊ သီဟိုဠ်စေ့၊မြေပဲ)
- အစေ့အဆန်တွေ ( ပင်ပွားစေ့၊ နှမ်းကြတ်စေ့)
- အချဉ်သီးတွေ (ဗီတာမင် စီကြွယ်ဝတဲ့ သံပုရာသီး၊ လိမ္မော်သီး၊ရှောက်ချိုသီး)
- အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ရှိတဲ့အရွက်တွေ)
- မုန်လာဥနီ
- ကန်စွန်းဥ
- အမဲသား
- ဥအမျိုးမျိုး
- ရေ တို့ကိုမျှတအောင်စားသုံးပေးလို့ မျက်လုံးလေးကို ကြင်ကြင်နာနာနဲ့စောင့်ရှောက်ပေးပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။