တစ်ခါတလေမှာ သင်ချိုးတဲ့ ရေထဲမှာ အမှုန်တွေ၊ အမှိုက်သေးသေးလေးတွေ ပါနေတတ်ပါတယ်။ ဒါလေးတွေ မျက်လုံးထဲကို ဝင်လာတဲ့အခါ မျက်သားကို ကလိကလိ ဖြစ်စေပါတယ်။ ဒါ့ပြင် မျက်လုံးယားလို့ဆိုပြီး ထပ်ပွတ်လိုက်တဲ့အခါ မျက်လုံးက ပိုရဲသွားပါတယ်။
- ဓာတ်မတည့်စေတဲ့ သတ္တုဓာတ်ပါနေလို့
ရေထဲမှာ ကိုယ်နဲ့ မတည့်တဲ့ ဓာတ်ပစ္စည်းတွေ ပါနေပြန်ရင်လည်း မျက်စိနီတတ်ပါတယ်။ ရေကူးကန်မှာ ရေသွားကူးရင်း ကလိုရင်းနဲ့ မတည့်တဲ့အခါမျိုးမှာလည်း ဒီလိုဖြစ်တတ်ပါတယ်။
ကလိုရင်းကြောင့် မဟုတ်ဘဲ အတူကူးတဲ့သူရဲ့ ချွေးတွေ၊ ဆီးတွေကြောင့်လည်း မျက်လုံးရဲတတ်ပါတယ်။ ရေကူးကန် မသန့်တာပေါ့။ ဒါကို ကာကွယ်ဖို့ ရေကူးမျက်မှန်တပ်နိုင်ပါတယ်။ အထိုက်အလျောက်တော့ သက်သာမှာပါ။
မျက်နှာပေါ် စီးကျလာတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေနဲ့ မတည့်တဲ့အခါ မျက်လုံးနီတတ်ပါတယ်။
တချို့က ရေချိုးရင်း မျက်နှာသစ်တဲ့အခါ လိုတာထက် ပိုပြီး ပွတ်သပ်မိတတ်ပါတယ်။ ဒါကြောင့်လည်း မျက်လုံးနီနိုင်ပါတယ်။
ရိုးရိုးသာမန်ရေနဲ့ မျက်လုံးနဲ့ ထိတွေ့ပါ များရင်လည်း နီလာတတ်ပါတယ်။
အထူးသဖြင့် ဆောင်းတွင်းမှာ ပြင်ပအပူချိန်က အေးလို့ သွေးကြောတွေ ကျုံ့နေချိန်မှာ ရေနွေးနဲ့ ရေချိုးချလိုက်တဲ့အခါ မျက်သားက သွေးကြောတွေ ကျယ်လာပြီး နီတတ်ပါတယ်။
ဘယ်လိုကုသကြမလဲ။
အရင်ဆုံး အိမ်မှာလုပ်လို့ရတဲ့ နည်းတွေ ပြောပြပါ့မယ်။
သဘက်ကို ရေနွေးစိမ်ပြီး မျက်လုံးပေါ် ၁၀မိနစ်လောက် အုပ်ထားပါ။ ခံနိုင်လောက်တဲ့ အပူချိန်ပဲ ဖြစ်ပါစေ။ ရေနွေးဝတ်က မျက်လုံးကို သွေးလည်ပတ်မှုကောင်းစေပြီး အဆီတွေ ထွက်စေတာကြောင့် စိုစွတ်ပြီး နီတာသက်သာပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။