ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။
လူတိုင်း အမြင်ဝေဝါးတာမျိုးကို ကြုံရတတ်ပါတယ်။ ယျေဘုယျအားဖြင့် အမြင်အာရုံဝေဝါးတာ၊ အမြင်မကြည် တာဟာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာမျိုး မဟုတ်ပါဘူး။ အမြင်အာရုံစွမ်းဆောင်ရည် ကျဆင်းလာတာ၊ မျက်မှန် မျက်ကပ်မှန်စတာတွေ အပြောင်းအလဲပြုလုပ်ဖို့လိုတာတွေကြောင့် အဖြစ်များပါတယ်။
ဒါပေမယ့် အမြဲတမ်း ဒီပြဿနာတွေကြောင့်ချည်း အမြင်အာရုံဝေဝါးနေတတ်တယ်လို့တော့ သတ်မှတ်လို့မရပါဘူး။ တခြားသော အကြောင်းအရင်းတွေကြောင့်လည်း မြင်ကွင်းဝေဝါးတာ၊ အမြင်မကြည်တာမျိုးတွေ ကြုံရတတ်ပါသေးတယ်။ တခါတရံမှာ ဆိုးရွားတဲ့ မျက်စိကျန်းမာရေးပြဿနာတွေကြောင့် အမြင်ဝေဝါးနေတာဖြစ်နေနိုင်တာကြောင့်ပါ။
အမြင်အာရုံ ဝေဝါးနေတာ သာမန် နေပူထဲ ထွက်ရင်း နေထိုးလို့ဖြစ်နိုင်သလို မျက်လုံးကျန်းမာရေး ပြဿနာတစ်စုံတစ်ရာ ရှိနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အဆိုရှိကြပါတယ်။ အမြင်မကြည်တာကို အမြဲတမ်းကြီးတော့ ပေါ့လျော့မေ့ထားလို့ မဖြစ်နိုင်တဲ့ သဘောပေါ့။
သတိပေးချက်တွေအရဆိုရင် အောက်ပါ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာလည်း အမြင်အာရုံ ဝေဝါးနေတတ်တယ်လို့ ဆိုထားပါတယ်။ ဒါတွေကတော့
အမြင်မကြည်တာ၊ အမြင်ဝေဝါးတာဟာ ဘယ်လောက်ပဲ သာမန်ကျန်းမာရေးပြဿနာလို့ပြောပြော ဂရုမစိုက်ရင် စနစ်တကျ ကုသမှုမပြုလုပ်ရင်တော့ ရေရှည်မှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်စေနိုင်တာမို့ သတိထားဖို့တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မျက်လုံးဟာ လူ့ခန္ဓာကိုယ်မှာ အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာကြောင့်ပါပဲ။
အမြင်အကြည်တာက ရုတ်တရက်ဆိုရင် သာမန်ပြဿနာလေးလို့ ထင်ရစရာရှိပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ အမြင်အာရုံဝေဝါးတာမျိုး မကြာခနကြုံနေရတယ်ဆိုရင် အမြန်ဆုံး မျက်စိစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းပါရစေ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။