မျက်လုံးအတွက်တော့ နေကာမျက်မှန်က အလှပစ္စည်း မဟုတ်ပါဘူး။ ကျန်းမာရေးအရ လိုကိုလိုအပ်တဲ့ အရာပါ။ နေရာင်ခြည်ကြောင့် အတွင်းတိမ်နဲ့ AMDလို့ ခေါ်တဲ့ အသက်ကြီးလာလို့ macular တစ်ရှူးပျက်စီးတဲ့ ရောဂါတွေ မြန်မြန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် UV- Aနဲ့ UV-Bကို ၉၉ကနေ ၁၀၀ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်ကို တပ်ပါ။
လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ်၊ အားကစား လုပ်ရင်ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ရေကူးရင်ပဲ ဖြစ်ဖြစ် မျက်လုံးကို မထိခိုက်အောင် အကာအကွယ်ဝတ်ဆင်ပါ။ မျက်လုံးကို ထိခိုက်နိုင်တဲ့ အလုပ်လုပ်တိုင်း အကာအကွယ်ဝတ်ဖို့ မမေ့ပါနဲ့။ မတော်တဆ ထိခိုက်ဒဏ်ရာကြောင့်လည်း အမြင်အာရုံဆုံးရှုံးတတ်ပါတယ်။
ဆေးလိပ်သောက်တာက အသက်ကြီးလာလို့ ဖြစ်တတ်တဲ့ AMDလို့ ခေါ်တဲ့ macular တစ်ရှူးပျက်စီးတဲ့ ရောဂါနဲ့ အတွင်းတိမ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်စေနိုင်ပါတယ်။မျက်လုံးအာရုံကြောကိုလည်း ထိခိုက်စေပါတယ်။
-
မိသားစုထဲက မျိုးရိုးလိုက်ရောဂါတွေကို သိအောင် လုပ်ထားပါ။
မိသားစုထဲမှာ မျက်စိနဲ့ ပတ်သက်တဲ့ မျိုးရိုးလိုက်ရောဂါတွေ ဖြစ်ဖူးတယ်ဆိုရင် ကိုယ်လည်း ဖြစ်နိုင်ခြေရှိတဲ့အတွက် ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒါမှ စောစောစီးစီး ရောဂါတွေ့ပြီး ဆေးကုသမှု ခံယူနိုင်မှာပါ။
-
မျက်မှန်၊ မျက်ကပ်မှန်တပ်မယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ပါ။
ကိုယ်နဲ့ ပါဝါကိုက်တဲ့ မျက်မှန်၊ မျက်ကပ်မှန်ကို မတပ်ဘူးဆိုရင် ကောင်းကောင်းမြင်ရမှာ မဟုတ်တဲ့အပြင် ဇက်ကြောတက်တာ၊ မျက်ရိုးကိုက်တာ၊ ခေါင်းကိုက်တာ၊ မျက်ရည်ပူကျတာ စတဲ့ဝေဒနာတွေပါ ခံစားရမှာပါ။ မျက်မှန်၊ မျက်ကပ်မှန်တပ်ဖို့ လိုအပ်တဲ့အခါ တပ်လိုက်ပါ။ ဒီခေတ်မျာ လှတပတ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေ အများကြီး ရှိနေပါပြီ၊
မတပ်ချင်ရင် လေဆာပစ်ပြီး ပါဝါဖျောက်လို့ ရမရ တိုင်ပင်ပါ။ မျက်ကပ်မှန်တပ်တဲ့အခါမှာလည်း ပိုးဝင်တာ မဖြစ်အောင် ဂရုစိုက်ရပါမယ်။
တီဗွီတို့၊ ဖုန်းတို့၊ ကွန်ပျူတာတို့ ကြည့်တဲ့အခါ ဆက်တိုက်မကြည့်ဘဲနဲ့ မကြာမကြာ အနားပေးပါ။ ဒါတွေ ကြည့်နေရင် မျက်တောင်ခတ်ဖို့တောင် မေ့နေတတ်လို့ မျက်လုံး အညောင်းမိနိုင်ပါတယ်။ ၂၀-၂၀-၂၀ စည်းမျဉ်းကို လိုက်နာပါ။ Screenတွေကို မိနစ်၂၀ကြာကြည့်ပြီးတိုင်း ခပ်ဝေးဝေး ပေ၂၀ အကွာကို စက္ကန့် ၂၀ ကြည့်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။