အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့်အူလေးတွေ မကျန်းမာကြောင်း ပြနေတဲ့ အချက် ၇ ချက် ။ ။

ဟိုနေ့က အစပ်လေးစားမိလိုက်တာ ဒီနေ့တော့ ပန်းကမ္ဘာထဲ ရောက်သွားပြီ။ အစားလေးနည်းနည်းပဲ စားမိတယ် ဘာမှတောင် မလုပ်ရသေးဘူး ဗိုက်ကအောင့်နေပြီ။ တင်းနေပြီ ပြည့်သလိုတွေ ခံစားနေရတယ် ဆိုတဲ့ဝေဒနာတွေကို ခံစားဖူးတဲ့သူတွေရှိကြမှာပါ။ အခြားသူတွေလည်း ကိုယ့်နည်းတူ စားနေကြတာပဲ။ ကိုယ့်ကျမှ ဒါမျိုးတွေ ခံစားရတယ်ဆိုတာ ကိုယ့်အူလမ်းကြောင်း မကျန်းမာလို့ ဖြစ်ရတာတွေပါ ။ ဒါဆို ကိုယ့်အူလေးတွေ မကျန်းမာဘူးဆိုတာကို ဘယ်လို အချက်တွေကနေ သိနိုင်သလဲ ။ ။ ဒီလို အချက်တွေရှိနေပြီဆိုရင်တော့ သင်အူလမ်းကြောင်းကျန်းမာရေးကို ပြန်ဂရုစိုက်ဖို့လိုနေပြီနော် ။ ။ ( ၁ ) ဗိုက်ထဲမှာ လေတွေပြည့်ပြီး ကယ်နေတာ၊ ဝမ်းခဏခဏပျက်တာ၊ လေအောင့်တာ။ ဒီ အချက် ၃ ချက်က ဗိုက်ထဲက အူလမ်းကြောင်း မကျန်းမာတဲ့အကြောင်း ထိပ်ဆုံးက ပြနေတဲ့ အချက် ၃ ချက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာခြေစနစ်က ဘယ်လိုအလုပ်လုပ်သလဲ

ယေဘုယျအားဖြင့် အစာမြိုချပြီး ကျေညက်သွားသည်အထိ ၂၄ နာရီမှ ၇၂ နာရီထိကြာအောင် ချေဖျက်ရပါတယ်။ ကြာမြင့်ရန်အချိန်ဟာ စားလိုက်တဲ့ အစားအစာနဲ့ ဘယ်လောက်ပမာဏ စားသုံးတယ်ဆိုတာပေါ် မူတည်သလို ကျား၊ မ၊ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်၊ အစာချေစနစ်မှာ ပြဿနာရှိမရှိပေါ် မူတည်ပြီး နှေးသွား၊ မြန်သွားနိုင်ပါတယ်။ အစာခြေစနစ်ဆိုတာ ဘာလဲ။ စားလိုက်တဲ့အစားအစာကို ကိုယ်ခန္ဓါက ချေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရဓါတ်ေတွကို ခွဲထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။ အာဟာရဓါတ်လည်း မရှိ၊ ချေဖျက်ပြီးသား အစာဟောင်းတွေကိုတော့ ဝမ်းအဖြစ် အပြင်ဘက်ကို စွန့်ထုတ်ပါတယ်။ အစာခြေစနစ်မှာ ဘာတွေပါဝင်လဲ။ ၁။ ပါးစပ် ၂။ လည်ချောင်း ၃။ အစာအိမ် ၄။ အူ ၅။ အူမကြီး ဆိုပြီး အဆင့် ၅ဆင့်ကို ဖြတ်သန်းရပါတယ်။ အစာခြေစနစ် ဘယ်လိုအလုပ်လုပ်သလဲ။ ၁။ အစားအစာကို ဝါးစားလိုက်တဲ့အခါ တံတွေးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အစားအစာထဲမှာ ပါဝင်နေတဲ့ ကစီဓါတ်ေတွကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပီကေဝါးရင်း မျိုချမိရင် အန္တရာယ်ရှိလား

ပီကေစားရင်း မျိုချမိရင် အူမှာကပ်ပြီးသေတတ်တယ်၊ ပီကေက အစာအိမ်ထဲ၊ အူထဲမှာ ကပ်သွားပြီး လုံးဝပြန်မထွက်တော့ဘူး ဆိုတဲ့ စကားတွေ ငယ်ငယ်က ကြားဖူးမှာပါ။ ဒီလိုစိတ်ပူတတ်တဲ့ လူကြီးတွေက ကိုယ်တွေကို ပီကေမစားရဘူးလို့ တားမြစ်ခဲ့ကြပါတယ်။ ပီကေဆိုတာ လူကြီးဖြစ်မှ စားရမယ်ဆိုတဲ့အသိလေးလည်းခေါင်းထဲစွဲလို့။ ခုချိန်ထိ ပီကေမျိုချမိမှာကို အရမ်းကြောက်နေမိတာလည်း အမှန်ပါပဲ။ တကယ်ရော ဘာဖြစ်သွားမှာလဲ.... မတော်တဆ မျိုချမိတဲ့အခါ ပီကေရဲ့ပါဝင်ပစ္စည်းအများစုက သဘာဝကုန်ကြမ်းတွေမဟုတ်တဲ့အတွက် လူ့အစာအိမ်ထဲမှာ ဒါတွေကိုချေဖျက်နိုင်တဲ့ အင်ဇိုင်းတွေမရှိပါဘူး။ ဒါပေမယ့်နောက်ဆုံးမှာ ပီကေကို အူမကြီးအထိရွေ့လျားရောပါသွားပြီး ဝမ်းအညစ်အကြေးတွေနဲ့အတူ စွန့်ထုတ်လိုက်မှာပါ။ အူနံရံမှာကပ်နေမှာတို့၊ တစ်သက်လုံးပြန်မထွက်တော့ဘူးလို့ကြောက်စရာအတွေးတွေ ဖိစီးနေဖို့ မလိုပါဘူး။ ဗိုက်ထဲမှာ ဘယ်လောက်ကြာမှာလဲ ပီကေကို မျိုချမိပြီးတဲ့အခါ အများအားဖြင့် တစ်ရက်၊နှစ်ရက်၊သုံးရက်လောက်ကြာမှပြန်စွန့်ထုတ်လာနိုင်ပေမယ့် သိပ်မကြာတဲ့သူတွေလည်းရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့အစာခြေစနစ်အလုပ်လုပ်ပုံနဲ့ ဆိုင်ပါလိမ့်မယ်။ယေဘုယျတော့ ရက်ပိုင်းအတွင်းပဲ ကြာနိုင်ပါတယ်။ သီတင်းပတ်လည်းမချီဘူး၊ နှစ်နဲ့လည်းမချီနိုင်ပါဘူး။ အန္တရာယ်ရှိလား ပီကေဆိုတာ မျိုမချဘဲ ဝါးဖို့ပဲ စီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် တစ်ခါတစ်လေတော့ မျိုချမိလည်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းမှာအချွဲတွေ ပါနေတာ ဘာကြောင့်လဲ

ကိုယ်ခန္ဓာတွင်းမှာ အချွဲတွေ ရှိနေတာသဘာဝပါပဲ။ ပုံမှန်အားဖြင့် တစ်ရှူးတွေကနေ အချွဲတွေထုတ်ပေးပြီး ဒီအချွဲတွေက ပါးစပ်၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း၊ လည်ပင်း၊ အဆုတ်နဲ့ အူတို့ကို ကာကွယ်ပေးပါတယ်။ အရောင်အားဖြင့်တော့ အကြည်ရောင်ရှိပြီး အမျှင်ပါးပါးလေးသာ ဖြစ်ပါတယ်။ တစ်ခါတလေ ဖျားနာတာ၊ ပတ်ဝန်းကျင်က အဆိပ်သင့်စေတဲ့ အရာတွေ၊ စားသောက်မှုပုံစံကြောင့် အချွဲတွေက ပိုစေးပျစ်လာကာ အရောင်ပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဝမ်းမှာ ဘာလို့အချွဲပါနေတာလဲ။ အူမကြီးကနေ ဝမ်းကို အဆင်ပြေချောမွေ့စွာ စွန့်ထုတ်နိုင်ဖို့ အချွဲနံရံတွေက ကူညီပေးပါတယ်။ ပုံမှန်ဝမ်းသွားတဲ့အချိန်မှာလည်း အချွဲတွေက ပါနိုင်ပေမယ့် သာမန်မျက်စိနဲ့ မြင်ရလောက်တဲ့အထိတော့ မများပါဘူး။ အရောင်အားဖြင့်တော့ အဝါရောင် သို့မဟုတ် အကြည်ရောင်ရှိပြီး ပမာဏအလွန်နည်းပါတယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်ပါ။ စိတ်ပူဖို့ လိုအပ်တာက ဝမ်းသွားပြီး တစ်ရှူးနဲ့ သုတ်လိုက်တဲ့အချိန် အချွဲတွေပဲ တွေ့နေတာမျိုးပါ။ ရေဓာတ်ခမ်းခြောက်တာ၊ ဝမ်းချုပ်တာ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် (၅) မျိုး

အူမကြီး ကျန်းမာမှ ခန္ဓာကိုယ်က ရောဂါကင်းပြီး ကျန်းမာမှာပါ။ စားလိုက်တဲ့ အစာအာဟာရတွေကနေ လိုအပ်တဲ့ အာဟာရကို စုပ်ယူပြီးတဲ့အခါ မလိုအပ်တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်မှ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က ဟန်ချက်ညီပြီး ကျန်းမာမှာပါ။ ဒီတော့ အူမကြီးက ကောင်းကောင်းအလုပ်လုပ်ဖို့ မလိုပေဘူးလား။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ အူမကြီးကျန်းမာစေဖို့အတွက် အထောက်အကူပြုမယ့်နည်းလမ်းလေးပြောပြပေးပါရစေလား။ ဒါကတော့ အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် လေးတွေ သောက်ပေးတာပါ။ အူမကြီး ဆိုတာ အူမကြီးက ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးလဲ........ အူမကြီးက အစာခြေစနစ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်နေတဲ့ အူတွေရဲ့ အကြီးဆုံးအစိတ်အပိုင်းပါ။ စားလိုက်တဲ့ အစားအစာတွေထဲကပိုလျှံနေတဲ့ရေတွေ၊ ဆားတွေကို ထိန်းသိမ်းပေးထားပြီး အစာဟောင်းတွေကို စအိုဆီကိုပို့ဆောင်ပေးလို့ ခန္ဓာကိုယ်ပြင်ပကို မစင်အဖြစ်စွန့်ထုတ်စေဖို့ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းပါ။ အူမကြီး မကျန်းမာရင် အူမကြီးကောင်းကောင်းအလုပ်မလုပ်ရင် ဘာတွေဖြစ်လာနိုင်လဲ........ အူမကြီးကကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားပြီးနောက်ပိုင်း သွေးတစ်စက် တစ်စက်ကျနေတာ ဘာဖြစ်လို့လဲ ။

ဝမ်းသွားပြီး နောက်ပိုင်း စအိုကနေ သွေးတစ်စက်ပြီး တစ်စက်ကျလာတာ ပုံမှန် မဟုတ်ဘူးဆိုတာ လူတိုင်းသိမှာပါ။ အများစုသိကြတာကတော့ ဒီလို ဝမ်းသွားပြီး သွေးဆင်းရင် လိပ်ခေါင်းရှိနေတာ ဖြစ်နိုင်တယ်ဆိုတာပါ။ မှန်ပါတယ်။ ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းတာဟာ လိပ်ခေါင်း ရောဂါရဲ့ အဓိက လက္ခဏာပါ။ ဒါပေမယ့် ဒီလို ဝမ်းသွားပြီး သွေးဆင်းတဲ့ပြဿနာဟာ လိပ်ခေါင်းရောဂါ တစ်ခုတည်းကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းတဲ့ ပြဿနာကို အဖြစ်များတာ( common causes )နဲ့ အဖြစ်နည်းတာ ( rare causes ) ဆိုပြီး ၂ မျိုးခွဲလိုက်လို့ရပါတယ်။ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို အဖြစ်များစေတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။

ကြို့ထိုးတာနဲ့ စိမ်းတဲ့သူ ရှိမယ် မထင်ပါဘူး။ ကြို့ထိုးတယ်ဆိုတာ လူကိုလည်း ပင်ပန်းစေပြီး နေရလည်း ခက်စေတဲ့ အရာတစ်ခုပါ။ ခက်တာက သူ့ဘာသူ ဖြစ်ချင်တဲ့အချိန်ဖြစ် ပျောက်ချင်တဲ့အချိန် ပျောက်နေတော့ ကိုယ်က လိုက်ပြီး ထိန်းချုပ်လို့ မရတာကတော့ စိတ်ပျက်စရာပါ။ ကြို့ထိုးတယ်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုဖြစ်ပေမယ့် တစ်ချို့ရောဂါ ကြီးကြီးမားမား အခံကြောင့်လည်း ကြို့ထိုးနိုင်ပါတယ်။ ဒီတော့ ကြို့ထိုးတာကို ဖြစ်စေတဲ့ အကြောင်းတွေကို သိဖို့လိုလာပြီပေါ့နော် ။ ။ ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။ ကြို့ထိုးတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ။ ။ ကြို့ထိုးတာဟာ အသက်ရှူတဲ့ အချိန်မှာ အလုပ်လုပ်ရတဲ့ ရင်ဝမ်းခြားကြွက်သား ညှစ်လွန်းအားကြီးလို့ဖြစ်ရတာဖြစ်ပြီး တစ်ခါညှစ်တိုင်း အသံအိုးကို သွားသွားပိတ်လို့ “အစ်” ဆိုတဲ့ အသံလေးထွက်တာဖြစ်ပါတယ်။ ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။ ကြို့ထိုးခြင်းကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာကြောင့်လဲ ။ ။

အစာခြေစနစ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေထဲမှာ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ ၊ လေအောင့်တာ အပြင် လေနဲ့ဝမ်းနဲ့ မကွဲတာလည်း ရှိတတ်ပါသေးတယ်။ ။ ဒါဆိုရင်တော့ လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာ့ကြောင့်လဲ ဆိုတာကို ကြည့်လိုက်ရအောင်လား ..... လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာ့ကြောင့်လဲ ။ ။ လေလည်တယ်ဆိုတာ ကျန်းမာတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ သင်္ကေတပါ။ လေလည်တာဟာ စကားပြောရင်း၊ အစားစားရင်း လေကို မျိုချမိတာ၊ ပီကေဝါးတာ၊ ဆေးလိပ်သောက်တာကနေ ဖြစ်လာရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ လေမလည်ရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုရလောက်အောင် လေလည်ခြင်းက အူလမ်းကြောင်းအတွက် အရေးကြီးပါတယ်။ အမှန်ဆို လေလည်တဲ့အချိန် လေပဲပါရမှာ ဝမ်းပျော့ပျော့လေးပါသွားရင်တော့ တစ်ခုခုဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါမျိုး ဘာကြောင့်ဖြစ်ရလဲ ။ လေနဲ့ ဝမ်းနဲ့ မကွဲရတဲ့ အကြောင်းရင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

အားလုံး ဝမ်းမချုပ်ဘူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။ ဝမ်းချုပ်တဲ့ ပြဿနာဟာ တကယ်ကို စိတ်ရှုပ်ရတဲ့ ပြဿနာတစ်ခုပါ။ ဝမ်းထဲသွေးပါ ရင် ပိုလို့တောင် အထိတ်တလန့် ဖြစ်ရပါသေးတယ်။ ဘာများဖြစ်နေပြီလဲ စိုးရိမ်ရလားဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ဝမ်းထဲသွေးပါ တာ နှစ်မျိုးရှိပါတယ်။ လတ်လတ်ဆတ်ဆတ် သွေးအနီရောင်တွေ ဝမ်းထဲပါတာ၊ သွေးဝမ်းလို့ခေါ်ကြတဲ့ ဝမ်းမည်းမည်းတွေ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီလို ၂ ခုကွဲသွားရခြင်းရဲ့ အကြောင်းအရင်းကတော့ ရောဂါ ဖြစ်တဲ့နေရာ မတူလို့ပဲ ဖြစ်ပါတယ်။ အူသိမ်အပေါ်ပိုင်း အစာခြေလမ်းကြောင်းကထွက်တဲ့ သွေးတွေဟာ အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုပြီး ဝမ်းမည်းမည်းတွေ ဖြစ်သွားလေ့ရှိပါတယ်။ သွေးအနီရောင် လတ်လတ်ဆတ်ဆတ်ကကျတော့ အူသိမ်အောက်ပိုင်း အစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ထွက်လာတဲ့ သွေးတွေပါ။ ဒီတော့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့်သရက်ရွက် မထိခိုက်စေအောင် ဒီလိုမျိုး ကာကွယ်လိုက်ပါ။

သရက်ရွက် ဘေလုံးလို့လည်း လူသိများကြတဲ့ spleen ဟာ ပြန်ရေကြော အဖွဲ့အစည်းထဲမှာ အကြီးဆုံး ကလီစာတစ်ခုပါ။ သူဟာ ကိုယ်တွင်းမှရှိတဲ့ သွေးတွေ၊ ရေတွေကို ညီမျှအောင် ထိန်းပေးနေရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဗိုက်ရဲ့ ဘယ်ဘက်အခြမ်းမှာရှိပြီး တစ်ရှူးနှစ်မျိုးနဲ့ သရက်ရွက်ကိုဖွဲ့စည်းပေးထားတာပါ။ အနီရောင်တစ်ရှူးကတော့ သွေးတွေကို စစ်ထုတ်ရတဲ့ တာဝန်ကို ထမ်းဆောင်ရပြီး အိုဟောင်းသွားတဲ့ သွေးနီဥဆဲလ် တွေကို စစ်ထုတ်ရတာပါ။ အဖြူရောင်တစ်ရှူးမှာတော့ ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ T cells and B cells လို့ခေါ်တဲ့ ခုခံအား ဆဲလ်တွေ အပြည့်နဲ့ ဖွဲစည်းထားတာပါ။ ဒီတော့ သရက်ရွက်က သွေးတွေကို သိမ်းထားပြီး စစ်ထုတ်ပေးတယ်။ ကိုယ်တွင်းထဲကို ရောဂါပိုး တွေဝင်လာရင် သူက ဖမ်းပြီး တိုက်ထုတ်ပေးတယ်ဆိုတော့ သရက်ရွက်ကလည်း အခြား ကိုယ်တွင်းကလီစာနည်းတူ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း