အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ

ပန်ခရိယကို မုန့်ချိုအိတ်လို့လည်း ခေါ်ပါတယ်။ ပန်ခရိယဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာမှာ ပါဝင်ပါတယ်။ အင်ဇိုင်းများထုတ်လုပ်ပေးပြီး အစာချေရာမှာလည်း ပါဝင်ကူညီပါတယ်။ ပန်ခရိယဟာ ရောင်ရမ်းနေချိန်မှာတော့ သူ့ရဲ့ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ ဒီတစ်ခေါက်တော့ ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ပန်ခရိယဟာ အစာခြေလုပ်ငန်းစဉ်မှာ အဓိကပါဝင်တာကြောင့် သင်ဘာတွေစားလိုက်သလဲဆိုတာ ပန်ခရိယ အပေါ် သက်ရောက်မှု ရှိပါတယ်။ ပန်ခရိယ ရုတ်တရက်ရောင်ရမ်းခြင်းဖြစ်တာဟာ များသောအားဖြင့် သည်းခြေကျောက်များနဲ့ အရက်သောက်တာကြောင့် ဖြစ်တတ်ပါတယ်။ ခဏခဏရောင်ရမ်းတာကို သေချာမကုတဲ့အခါ ကာလရှည်ကြာ ရောင်ရမ်းခြင်း ဖြစ်တတ်ပါတယ်။ သုတေသီတွေအနေနဲ့ ပန်ခရိယ မကောင်းချိန်မှာ ဘယ်လို အစားအသောက်တွေကို စားသုံးသင့်ကြောင်း လေ့လာနေကြပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ပန်ခရိယရောင်ရမ်းချိန်မှာ ဘယ်အစားအသောက်တွေ ရှောင်ကြဉ်သင့်တယ်၊ ဘယ်အစားအသောက်တွေကို စားသုံးသင့်သလဲ ဆိုတာပါပဲ။ ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ ပန်ခရိယ ကျန်းမာရေး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့်ကိုယ်ခန္ဓာထဲက အစာခြေအင်ဇိုင်းများအကြောင်း

အင်ဇိုင်းဆိုတာ ဆဲလ်အတွင်းမှာ တွေ့ရတဲ့ ပရိုတိန်းအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ အင်ဇိုင်းတွေဟာ လူ့ကိုယ်ခန္ဓာထဲမှာ ဓာတုဓာတ်ပြုခြင်းတွေကို လုပ်ဆောင်ပါတယ်။ ကြွက်သားများ တည်ဆောက်ပေးခြင်း၊ အဆိပ်အတောက်များကို ချေဖျက်ပေးခြင်း၊ အစာစားပြီး အစာခြေပေးခြင်း စတဲ့အရေးကြီးလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ကြပါတယ်။ ဒီအင်ဇိုင်းတွေကို ကိုယ်ခန္ဓာထဲမှာပဲ သဘာဝအလျောက် ထုတ်လုပ်ပါတယ်။ ဥပမာ အစာချေဖို့ လိုအပ်တဲ့ အင်ဇိုင်းတွေကို ပန်ခရိယ၊ အစာအိမ်နဲ့ အူသိမ်ထဲမှာ အများဆုံး ထုတ်လုပ်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်အရ အစာကိုဝါးနေချိန်မှာပါ ချေဖျက်နိုင်အောင် တံတွေးဂလင်းများကပါ အစာချေအင်ဇိုင်းတွေကို ထုတ်လုပ်ပေးပါတယ်။ အစာအိမ်အူလမ်းကြောင်းပြဿနာ ရှိနေရင် လိုအပ်တဲ့အခါ အစာခြေအင်ဇိုင်းတွေပါတဲ့ ဆေးပြားတွေ သောက်သုံးနိုင်ပါတယ်။ အစာခြေအင်ဇိုင်း အမျိုးအစားများ အစာခြေအင်ဇိုင်းကို အဓိကအားဖြင့် အုပ်စုသုံးစုခွဲနိုင်ပါတယ်။ ၎င်းတို့ကတော့ - အမိုင်းလေ့စ် (Amylase) အင်ဇိုင်း။ ကာဘိုဟိုက်ဒရိတ်ကို သကြားများအဖြစ် ဖြိုခွဲပါတယ်။ - ပရိုတီယေ့စ် (Protease) အင်ဇိုင်း။ ပရိုတိန်းကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ခရိယ (သို့မဟုတ်) မုန့်ချိုအိတ် ရောင်ရမ်းခြင်းအကြောင်း

ပန်ခရိယ (ခေါ်) မုန့်ချိုအိတ်ဟာ အစာအိမ်ရဲ့အနောက် ကပ်လျက်ရှိတဲ့ ကိုယ်တွင်းအင်္ဂါဖြစ်ပါတယ်။ စားလိုက်တဲ့ အစာတွေကို ချေဖျက်ဖို့၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ အင်ဇိုင်းနဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးတဲ့ အရေးကြီးအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ ပန်ခရိယဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရောင်ရမ်းတဲ့အခါမှာတော့ ပုံမှန်လုပ်ငန်းတာဝန်တွေ မထမ်းဆောင်နိုင်တော့ဘဲ ရောဂါဝေဒနာတွေပါ ပေါ်ပေါက်လာပါတယ်။ ပန်ခရိယရောင်ရမ်းခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ပန်ခရိယရောင်ရမ်းသူအများစုဟာ ဝမ်းဗိုက်အပေါ်ပိုင်း ဘယ်ဘက်အလယ်ခြမ်းမှာ ထိုးအောင့်တတ်ပါတယ်။ နာတာရှည် ရောင်ရမ်းသူတွေမှာတော့ ကွန်ပျူတာဓာတ်မှန် ရိုက်တဲ့အခါ ရောင်ရမ်းတဲ့လက္ခဏာကို မြင်တွေ့နိုင်ပါတယ်။ တခြားတွေ့နိုင်တဲ့ လက္ခဏာတွေကတော့ - ကိုယ်ခန္ဓာအပေါ်ပိုင်း ရင်ဘတ်နှင့်ကျော ညှပ်အောင့်ခြင်း - အစာမကြေခြင်း - ပျို့ခြင်း၊ အန်ခြင်း - ဗိုက်နာခြင်း - ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း - ဗိုက်ထဲတွင် လေပွခြင်း၊ တင်းခံနေခြင်း - ကြို့ထိုးခြင်း - ဖျားခြင်း စတာတွေ ဖြစ်ပါတယ်။ နာတာရှည် ပန်ခရိယရောင်ရမ်းခြင်းမှာတော့ အဆီများပါပြီး အနံ့ဆိုးတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် နေကြမယ်။

ကျွန်ုပ်တို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ သန်လုံးကောင်၊ သန်ပြားကောင်၊ သန်ချိတ်ကောင် စတဲ့ သန်ကောင်တွေ အများကြီးရှိနေပါတယ်။ အကောင်အမျိုးအစားအပေါ် မူတည်ပြီး သန်ကောင် တွေဟာ ခန္ဓာကိုယ်ထဲကို အစာလမ်းကြောင်းက တစ်ဆင့် (သို့) အရေပြားတွေကတစ်ဆင့် ဖောက်ပြီး ဝင်လာနိုင်ပါတယ်။  ခန္ဓာကိုယ်ထဲရောက်လာတဲ့အခါ ကပ်ပါးကောင်တွေလိုမျိုး ကျွန်ုပ်တို့ စားသောက်ထားတဲ့ အာဟာရဓာတ်တွေကို စုပ်ယူစားသုံးပြီး ရှင်သန်ကြပါတယ်။ ဒီလို အာဟာရဓာတ်တွေကို စုပ်ယူရုံတင်မကဘဲ လူသားတွေကိုလည်း ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ရောဂါ အဖြစ်များတဲ့အတွက် သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ထားဖို့ လိုပါတယ်။ သန်ကောင် တွေကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုး လက္ခဏာများ။ ၁။ ဗိုက်နာခြင်း။ ၂။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း။ ၃။ ပျို့အန်ခြင်း။ ၄။ ရင်ပြည့်သလို ခံစားရခြင်း။ ၅။ အကြောင်းမဲ့ ကိုယ်အလေးချိန်ကျလာခြင်း။ ၆။ အရေပြား ယားယံမှုဖြစ်ခြင်း။ ၇။ မောပန်းလွယ်ခြင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စအိုကွဲခြင်း (Anal Fissure) အကြောင်း သိထားသင့်သမျှ

စအိုကွဲခြင်း (Anal Fissure) ဆိုတာ စအိုအတွင်း မစင်စွန့်ရာ လမ်းကြောင်းဟာ ပွန်းပဲ့ထိခိုက်ပြီး အက်ကွဲကြောင်း ဒဏ်ရာလို ဖြစ်သွားတာကို ဆိုလိုတာပါ။ ဝမ်းသွားစဉ်မှာ အလွန်အမင်း နာကျင်တာ၊ သွေးထွက်တာမျိုး ဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ အချိန် ကြာလာတာနဲ့အမျှ စအို ကြွက်သားအတွင်းမှာ ရှိတဲ့ တစ်ရှူးတွေကို ဒဏ်ဖြစ်လာစေနိုင်တဲ့အထိ ဒဏ်ရာက ပြင်းထန်ပြီး နက်လာတတ်ပါတယ်။ ပုံမှန်အားဖြင့် စအိုကွဲတာသည် စိုးရိမ်စရာ ကောင်းတဲ့ ပြဿနာတစ်ခု မဟုတ်ပေမဲ့ သေချာ ကုသမှုခံယူဖို့ လိုအပ်သလို ဖြစ်နေချိန်မှာလည်း ဒဏ်ရာကို ဂရုစိုက်သင့်ပြီး မှန်ကန်စွာ စားသောက်နေထိုင်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေရော လူကြီးတွေမှာပါ အကြောင်း အမျိုးမျိုးကြောင့် စအိုကွဲခြင်း ဖြစ်တတ်ပါတယ်။ စအိုကွဲခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်း • ဝမ်းမကြာခဏ ချုပ်တတ်ခြင်း • ဝမ်းအမာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာခြေလမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လိုကာကွယ်ကြမလဲ။

အစာခြေလမ်းကြောင်း ဆိုတာ ပါးစပ်၊ လည်မျို ကစ အစာအိမ်၊ အူနဲ့ စအို အဆုံး လမ်းကြောင်းတစ်လျှောက်ကို ခေါ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အစာခြေလမ်းကြောင်းမှာ အဖြစ်များတဲ့ peptic ulcer လေးအကြောင်းကို မျှဝေပေးသွားမှာပါ။ peptic ulcer မှာ အဓိကအားဖြင့် အစာအိမ်အနာဖြစ်ခြင်း (gastric ulcer) နဲ့ အူသိမ်ဦးပိုင်းအနာ ဖြစ်ခြင်း (Duodenal ulcer) ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ အစာအိမ်အနာ နဲ့ အူသိမ်ဦးပိုင်းအနာတွေဟာ ကို ဖြစ်စေသော အကြောင်းအရင်းများ။ ဒီအစာခြေလမ်းကြောင်းအနာနှစ်မျိုးဟာ H.Pylori လို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အစာအိမ်နဲ့ အူနံရံတွေမှာ အစာခြေဖို့အတွက် ထုတ်လိုက်တဲ့ အက်ဆစ်တွေကို ကာကွယ်နိုင်ဖို့အတွက် ထူထဲတဲ့ mucous အလွှာလေးတွေရှိပါတယ်။ အဲဒီအလွှာလေးတွေက ပါးသွားပြီး မကာကွယ်နိုင်တော့တဲ့အခါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူလမ်းကြောင်းဘက်တီးရီးယားများကို အထောက်အပံ့ဖြစ်စေမည့် နည်လမ်းများ

လူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိပြီး အများစုဟာ အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ သူတို့ဟာ လူသားတို့ကျန်းမာရေးကို များစွာ အကျိုးသက်ရောက်ပါတယ်။ တချို့ကတော့ ရောဂါဖြစ်စေတတ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားပေါင်းများစွာလည်း အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ စိတ်ဝင်စားစရာတစ်ချက်ကတော့ သင်စားလိုက်တဲ့ အစားအစာများဟာလည်း အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေအပေါ် အကျိုးသက်ရောက်မှုများစွာရှိတယ် ဆိုတာပါပဲ။ ၁။ အမျိုးမျိုးသော အစားအစာများ စားသုံးပါ အူလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားများဟာ အမျိုးပေါင်းရာချီပါတယ်။ တစ်မျိုးစီဟာ ကျန်းမာရေးအတွက် ကိုယ်စီအရေးပါပြီး မတူညီတဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် အစားအစာမျိုးစုံကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ အဆီဓာတ်၊ သကြားဓာတ်၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ် စတာတွေကို သူ့အချိုးအဆနဲ့သူ မျှတစွာ စားသုံးသင့်ပါတယ်။ ၂။ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနှင့် သစ်သီးများစွာ စားသုံးပေးပါ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များဟာ အူလမ်းကြောင်းဘက်တီးရီးယားတွေအတွက် အကောင်းဆုံးသော အာဟာရရင်းမြစ်တွေ ဖြစ်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သဘာဝအလျောက် အစာခြေအင်ဇိုင်းပါဝင်သော အသီးအနှံများ

လူသားတို့ နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေကို ချေဖျက်နိုင်ဖို့ ကိုယ်တွင်းအင်္ဂါများဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ပါတယ်။ စားသောက်လိုက်တဲ့ အစာတွေနဲ့အရည်တွေကို ချေဖျက်ပြီး ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ ဗီတာမင် စတာတွေအဖြစ် ခွဲထုတ်လိုက်ပါတယ်။ အဆိုပါ အာဟာရဓာတ်များကို အူလမ်းကြောင်းတစ်လျှောက်ကနေ စုပ်ယူပြီး သွေးထဲကို ရောက်သွားစေပါတယ်။ သွေးကတဆင့် ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်ပေးပါတယ်။ အဆိုပါလုပ်ငန်းစဉ်အတွက် အစာခြေအင်ဇိုင်းတွေကို လိုအပ်ပါတယ်။ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် မော်လီကျူးများကို ပိုမိုသေးငယ်အောင် ခွဲထုတ်ပြီး စုပ်ယူရလွယ်ကူစေပါတယ်။ အဓိကအင်ဇိုင်းတွေကတော့ - Protease အင်ဇိုင်း။ ပရိုတိန်းကို ပက်တိုဒ်နဲ့ အမိုင်နိုအက်ဆစ်အဖြစ် ဖြိုခွဲပေးပါတယ်။ - Lipase အင်ဇိုင်း။ အဆီဓာတ်ကို ဖက်တီးအက်ဆစ်အနေနဲ့ ဖြိုခွဲပေးပါတယ်။ - Amylase အင်ဇိုင်း။ ကာဘိုဟိုက်ဒရိတ်ကို ပိုမိုသေးငယ်အောင် ဖြိုခွဲပေးပါတယ်။ Lactase၊ maltase နဲ့ sucrose စတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပျို့အန်ချင်စိတ်ကို ပယ်ဖျောက်နိုင်မယ့် နည်းလမ်းများ

ပျို့အန်ချင်စိတ်ဟာ အစာအိမ်ကနေ အော်ဂလီဆန်စွာ ပေါ်ထွက်လာတတ်ပြီး အန်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ရောဂါပိုးဝင်ခြင်း၊ အစာအိမ်အူလမ်းကြောင်း ပြဿနာ၊ ကိုယ်ဝန်ဆောင်ခြင်း၊ နှစ်သက်ဖွယ်မရှိသော အနံ့အသက် စတာတွေကနေ အစပျိုးတတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ပျို့အန်ချင်စိတ်ကို ပယ်ဖျောက်နိုင်မယ့် နည်းလမ်းများ ဖြစ်ပါတယ်။ ယာယီသက်သာစေမယ့် နည်းလမ်းတွေကနေ ရေရှည်အတွက် ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေအထိ ပါဝင်ပါတယ်။ ပျို့အန်ချင်စိတ်ကို ပယ်ဖျောက်နိုင်မယ့် နည်းလမ်းများ ပျို့အန်ချင်စိတ်ကို ပယ်ဖျောက်နိုင်မယ့် နည်းလမ်းများ ကတော့ ၁။ မတ်မတ်ထိုင်ပါ၊ အစာအိမ်ကို ဖိမထားပါနဲ့ အစာစားပြီးချိန်မှာ လှဲမနေဖို့ ငယ်ငယ်ကတည်းက လူကြီးတွေပြောဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ လှဲနေတဲ့အချိန်မှာ အစာခြေရည်များဟာ အစာရေမျိုကနေ ထွက်လာပြီး ပျို့အန်ချင်စိတ်နဲ့ မအီမသာဖြစ်စေပါတယ်။ ဗိုက်ကို ဖိပြီးနေခြင်းဟာလည်း သက်သောင့်သက်သာမဖြစ်စေဘဲ ပျို့အန်ချင်စိတ်ကို ပိုဆိုးစေပါတယ်။ တကယ်လို့ အန်ချင်စိတ်ဖြစ်နေရင် ခန္ဓာကိုယ်ကို မတ်မတ်နေရပါမယ်။ အထက်ပိုင်းကို နောက်ဖက်မှီထားသင့်ပါတယ်။ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားလည်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ကလေးတွေပဲ သန်ချ ရမှာလား

ဘာလို့ ဒီလိုမေးရတာလဲဆိုတော့ လူတွေက သန်ချ တာ အရေးမကြီးဘူးလို့ ယူဆကြလို့ပါ။ လူရဲ့ သဘောကလည်း ကိုယ်သာ ကျန်းမာနေရင် ဘာကိုမှ အားမထုတ်ချင်တာပါ။ ကျန်းမာရေးစာစောင်တွေမှာ သန်ကောင်တွေ အူကနေ အထွေးလိုက် ထွက်လာတယ်လို့၊ အသက်ရှူလမ်းကြောင်းမှာ သန်ကောင်ပိတ်နေတယ်တို့၊ နှာခေါင်းကနေ သန်ကောင် ထွက်လာတယ်လို့ ဆိုတာ တကယ့်အဖြစ်အပျက်တွေပါ။ သန်ကောင်ဆိုတာ ခုဝင် ခုဒုက္ခပေးတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန် သန်ချနေဖို့ လိုပါတယ်။ အထူးသဖြင့် ဒီနိုင်ငံက လူတွေက ပိုလိုပါတယ်။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ သန်ထတာလဲ။ သန်ကောင်တွေ ဘာလို့ ကိုယ်ထဲဝင်တာလဲလို့ မေးရင် အရိုးဆုံးဖြေရရင် ညစ်ပတ်လို့ပါ။ ခုထက်ထိကို လက်သန့်၊ ရေသန့်၊ အိမ်သာသန့်ကို လိုက်မလုပ်နိုင်တဲ့ သူတွေ အများကြီး ရှိပါသေးတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း