ပျို့အန်ချင်စိတ်ဟာ အစာအိမ်ကနေ အော်ဂလီဆန်စွာ ပေါ်ထွက်လာတတ်ပြီး အန်ခြင်းကို့ဖြစ်စေတတ်ပါတယ်။ ရောဂါပိုး၊ အစာအိမ်အူလမ်းကြောင်း ပြဿနာ၊ ကိုယ်ဝန်ဆောင်ခြင်း၊ နှစ်သက်ဖွယ်မရှိသော အနံ့အသက် စတာတွေကနေ အစပျိုးတတ်ပါတယ်။
ပျို့အန်ချင်စိတ်ဟာ အစာအိမ်ကနေ အော်ဂလီဆန်စွာ ပေါ်ထွက်လာတတ်ပြီး အန်ခြင်းကို့ဖြစ်စေတတ်ပါတယ်။ ရောဂါပိုး၊ အစာအိမ်အူလမ်းကြောင်း ပြဿနာ၊ ကိုယ်ဝန်ဆောင်ခြင်း၊ နှစ်သက်ဖွယ်မရှိသော အနံ့အသက် စတာတွေကနေ အစပျိုးတတ်ပါတယ်။
ယခုဆက်လက်ဖော်ပြမှာကတော့ ပျို့အန်ချင်စိတ်ကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ယာယီသက်သာစေမယ့် နည်းလမ်းတွေကနေ ရေရှည်အတွက် ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေအထိ ပါဝင်ပါတယ်။
အစာစားပြီးချိန်မှာ လှဲမနေဖို့ ငယ်ငယ်ကတည်းက လူကြီးတွေပြောဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ လှဲနေတဲ့အချိန်မှာ အစာခြေရည်များဟာ အစာရေမျိုကနေ ထွက်လာပြီး ပျို့အန်ချင်စိတ်နဲ့ မအီမသာဖြစ်စေပါတယ်။
ဗိုက်ကိုဖိပြီးနေခြင်းဟာလည်း သက်တောင့်သက်သာမဖြစ်စေဘဲ ပျို့အန်ချင်စိတ်ကို ပိုဆိုးစေပါတယ်။ တကယ်လို့ အန်ချင်စိတ်ဖြစ်နေရင် ခန္ဓာကိုယ်ကို မတ်မတ်နေရပါမယ်။ အထက်ပိုင်းကို နောက်ဖက်မှီထားသင့်ပါတယ်။ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားလည်း နေသင့်ပါတယ်။
ကားမူးတဲ့သူတွေဟာ ကားမှန်ချပြီး ခေါင်းတွေကို အပြင်ထုတ်တတ်တာလည်း ဒီသဘောပါပဲ။ လတ်ဆတ်တဲ့လေဟာ လူအများစုရဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေနိုင်ပါတယ်။ မကောင်းတဲ့ အနံ့အသက်တွေကို ထွက်သွားစေပြီး တခြားတခုခုကိုလည်း အာရုံပြောင်းသွားစေနိုင်ပါတယ်။ ပျို့အန်ချင်စိတ် ပေါ်လာတာနဲ့ ပန်ကာရှေ့၊ ပြတင်းပေါက်ရှေ့ အရောက်သွားခြင်းဟာ သင့်ကို သက်သာစေနိုင်ပါတယ်။
လည်ပင်းနောက်မှာ အေးမြတဲ့အရာတခုခု ကပ်ပေးခြင်းဟာ ပျို့အန်ချင်စိတ်ကို လျော့ပါးစေပါတယ်။ ပျို့အန်ချင်တဲ့အခါ ခန္ဓာကိုယ်အပူချိန်လည်း မြင့်တက်နေတတ်ပါတယ်။ လည်ပင်းနောက်မှာ အေးမြတဲ့အရာကပ်ထားရင် ခန္ဓာကိုယ်အပူချိန်လည်း ကျဆင်းတဲ့အပြင် ပျို့အန်ချင်စိတ်လည်း သက်သာစေပါတယ်။
ဒါကတော့ အပ်စိုက်ကုနည်း သဘောတရားကို အခြေခံပါတယ်။ လက်ကောက်ဝတ်အတွင်းပိုင်းကနေ ၂.၅ လက်မခန့်အကွာမှာ ပျို့အန်ခြင်းပြဿနာကို ကုသပေးနိုင်တဲ့ အကြောရှိပါတယ်။ အဲဒီနေရာမှာ ကြွက်သားချောင်းကြီးနှစ်ခု တည်ရှိပြီး အဆိုပါနေရာကို မိနစ်အနည်းငယ်နှိပ်ပေးခြင်းဟာ ပျို့အန်ခြင်းကို သက်သာစေပါတယ်။
တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်အေးချမ်းစေတာမို့ ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကြောင့် ဖြစ်လာတဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။
အသက်ကို ၀၀မှန်မှန် ရှူပေးခြင်းဟာလည်း တရားထိုင်သလိုပါပဲ။ အသက်ကို ဖြည်းဖြည်းရှူသွင်းပြီး သုံးစက္ကန့်လောက် အောင့်ထားရပါမယ်။ ပြီးရင် ဖြည်းညင်းစွာ ရှူထုတ်ရပါမယ်။ ပျို့အန်ချင်စိတ်ပျောက်တဲ့ထိ ထပ်ခါထပ်ခါ လုပ်ဆောင်နိုင်ပါတယ်။
တခါတရံမှာ ပျို့အန်ခြင်းဟာ စိတ်အခြေအနေသက်သက်ဖြစ်ပါတယ်။ ပျို့အန်ချင်စိတ်ကို အာရုံထားလေလေ ပိုပြီးပျို့အန်ချင်လေ ဖြစ်ပါတယ်။ ပျို့အန်ချင်စိတ်ပေါ်လာရင် စာဖတ်ခြင်း၊ တီဗီကြည့်ခြင်း စတာတွေနဲ့ အာရုံပြောင်းပါ။ လှုပ်ရှားတဲ့အခါ ပိုဆိုးမလာဘူးဆိုရင် အပေါ့စားအိမ်အလုပ်တွေ လုပ်ရင်း၊ ကလေးတွေနဲ့ ဆော့ကစားရင်း စိတ်ကိုပြောင်းပါ။
ပျို့အန်ချင်စိတ်ကြောင့် မစားမသောက်ဘူးဆိုရင် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်လာနိုင်ပါတယ်။ ပျို့အန်ခြင်းဟာ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာလည်း ဖြစ်နေတတ်ပါတယ်။ ရေကိုသောက်တာများသွားပြီးမှ ဗိုက်ပြည့်သွားလွန်းရင်လည်း ပျို့အန်ချင်စိတ်ကို ပိုဆိုးသွားစေနိုင်ပါတယ်။
ဒါကြောင့် ပျို့အန်ချင်နေပြီဆိုရင် ရေကို တဝမသောက်ဘဲ နည်းနည်းချင်းစီ တစွတ်စွတ် သောက်နေသင့်ပါတယ်။ ဒါမှမဟုတ် ကဖိန်းလျှော့ထားတဲ့ ကော်ဖီ၊ လတ်ဆတ်တဲ့ အသီးဖျော်ရည် စတာတွေ သောက်သင့်ပါတယ်။
သံပုရာမှာပါတဲ့ စီထရစ်အက်ဆစ်ဟာ အစာခြေစနစ်ကို အားပေးပြီး အစာအိမ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ သုံပုရာရည်ကို လတ်လတ်ဆတ်ဆတ်ဖျော်ပြီး နည်းနည်းချင်းစီ သောက်သုံးပေးရင် ပျို့အန်ချင်စိတ်ကို ထိန်းပေးနိုင်ပါတယ်။
ဝမ်းချုပ်ခြင်းကြောင့် ပျို့အန်ချင်စိတ်ဖြစ်ရင်လည်း သံပုရာရည်ကို ရေနွေးနွေးနဲ့ ဖျော်သောက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်း လုှပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ သံပုရာသီးကို ဖျော်မသောက်ဖြစ်ရင်တောင် ထက်ခြမ်းလှီးပြီး ရနံ့ကိုရှိုက်သွင်းရင် ပျို့အန်ချင်စိတ်ကို လျော့ပါးစေမှာ ဖြစ်ပါတယ်။
ဗီတာမင် B6 ဟာ သာမန်ပျို့အန်ချင်စိတ်ကို သက်သာစေရုံသာမက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ ပျို့အန်ခြင်းတွေကိုပါ သက်သာစေပါတယ်။ တနေ့ကို ၃၀ မီလီဂရမ်ကနေ ၁၀၀ မီလီဂရမ်ထိ သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ဗီတာမင် B6 ကို အလွန်အကျွံသုံးစွဲမိရင်လည်း နှလုံးခုန်မမှန်ခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားတင်းအားလျော့ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
ကောင်းတာကတော့ ဆေးဝါးတွေကို သုံးစွဲတိုင်းမှာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။
ပျို့အန်ချင်စိတ်အပြင် တခြားလက္ခဏာတွေပါ တွေ့ရှိနေရင် ဆရာဝန်ပြသင့်ပါတယ်။ ဥပမာ ပျို့အန်ချင်စိတ်အပြင် ရင်ဘတ်ပါအောင့်နေရင် Heart Attack လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ဆိုးရွားစွာ ခေါင်းမူးခြင်းများနဲ့ပါ တွဲဖက်နေရင် အာရုံကြောလက္ခဏာ ဖြစ်နေနိုင်ပါတယ်။
ပျို့အန်ချင်စိတ်အပြင်
– ဆိုးဆိုးရွားရွား ဗိုက်အောင့်ခြင်း
– အမြင်ဝါးခြင်း
– အဖျားကြီးပြီး လည်ပင်းတောင့်ခြင်း
– ဆိုးဆိုးရွားရွား ခေါင်းကိုက်ခြင်း
စတဲ့လက္ခဏာတွေရှိနေရင် အရေးပေါ်ဆေးဝါးကုသမှု လိုအပ်နိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။