အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

တစ်ခါတလေ ရုတ်တရက် အကောင်းကြီး ဖြစ်နေရာကနေ ဗိုက်ထဲ မအီမသာနဲ့ လေပွချင်သလို၊ အိမ်သာ တက်ချင်သလို ခံစားဖူးကြမယ် ထင်ပါတယ်။ ဒီလို ဖြစ်ရတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအစာတွေကြောင့်လည်း ဖြစ်နိုင်သလို အစာအိမ် အူလမ်းကြောင်းဆိုင်ရာမှာ ပြဿနာတစ်ခုခု ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပါစေ၊ အရမ်းကြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ ဗိုက်ထဲက တစ်ခုခု ရင်ခေါင်းတောင့်သလို ရင်ခေါင်းအောင့်သလို ခံစားနေရပြီဆိုတာနဲ့ ခုပြောပြပေးမယ့် အိမ်တွင်းနည်းလမ်းတွေကို လုပ်ကြည့်ပါနော်။ ၁။ ချင်းပြုတ်ရည် ပူပူလေး သောက်ပေးကြည့်ပါ။ ချင်းမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် အာဟာရဓာတ် အများအပြား ပါဝင်ရုံသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကို အရောင်ကျစေပြီး အစာချေဖျက်ခြင်းကို ကူညီပေးတယ်။ ဗိုက်ထဲမှာဖြစ်နေတဲ့ လေပွတာ၊ စားချင့်ရည် ပြန်ကန်တက်တာ၊ လေချဉ်တက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ရေနွေးပူပူထဲ ချင်းကို ပါးပါးလေးလှီးပြီး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ

အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ ကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အစာအိမ်ဆိုတာ ဘာလဲ။ တကယ်တော့ အစာအိမ်ဆိုတာ ကိုယ်နေ့စဉ်နဲ့အမျှ စားသောက်လိုက်တဲ့ အစာတွေကို ချေဖျက်ပေးနိုင်တဲ့ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတစ်ခုပါ။ ဝမ်းတစ်လုံးမကောင်းရင် ခေါင်းခဲရတယ်ဆိုတဲ့ မြန်မာစကားပုံလေးလည်း ရှိတယ်မဟုတ်လား။ အစာအိမ်က အစားအစာတွေကို ကောင်းကောင်းမချေဖျက်နိုင်ရင် ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒီလိုအရေးပါလှတဲ့ အစာအိမ်နဲ့ပတ်သက်ပြီး လူတွေရဲ့အကြားမှာ ယုံတမ်းစကားတွေ၊ အယူအဆမှားတွေ အများအပြားရှိနေပါတယ်။ အစာအိမ်လေးကျန်းမာနေဖို့ဆိုရင် ဒီလို ယုံတမ်းအမှားတွေကို ရှောင်ရှားနိုင်ဖို့ လိုမှာပါ။ အစာအိမ်အကြောင်း သေသေချာချာ သိရှိမထားဘူးဆိုရင် လူအများစု လက်ခံထားကြတဲ့ ယုံတမ်းစကားတွေကို အမှန်တရားထင်ပြီး အမှားတွေ ကျူးလွန်မိနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်လေးနဲ့ ပတ်သက်နေတဲ့ ယုံတမ်းအထွေထွေကို စုစည်းဖော်ပြပေးချင်ပါရဲ့။ အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ တွေက ဘာတွေ ဖြစ်မလဲဆိုတော့ Myth: ပီကေတွေကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာခြေခြင်း အကြောင်းသိကောင်းစရာ

အစာစားခြင်းဟာ လူသားတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး အသက်ရှင်ရပ်တည်ရေးအတွက် စွမ်းအင်နဲ့ အာဟာရဓာတ်တွေ အထောက်အပံ့ပေးပါတယ်။ ယခုဆောင်းပါးမှာတော့ အစာစားပြီးချိန်မှာ အစာဘယ်လိုခြေသလဲ၊ ဘာတွေဆက်လက်လုပ်ဆောင်သလဲ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အစာခြေဖို့ ဘယ်လောက်ကြာသလဲ သင်စားသုံးလိုက်တဲ့ အစားအစာဟာ အစာအိမ်အူလမ်းကြောင်းတခုလုံးကို ဖြတ်သန်းသွားဖို့ ၂၄ နာရီကနေ ၇၂ နာရီထိ ကြာတတ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒါ့အပြင် ကျား/မကွဲပြားခြင်း၊ ဇီဝဖြစ်ပျက်မှုနဲ့ အစာအိမ်အူလမ်းကြောင်းမှာ ပြဿနာ တစ်စုံတစ်ရာရှိမရှိဆိုတာပေါ် မူတည်ပါသေးတယ်။ စတင်စားသောက်ချိန်မှာ အစားအသောက်များဟာ အူလမ်းကြောင်းထဲကို လျင်မြန်စွာ ဝင်ရောက်နိုင်ပါတယ်။ ၆ နာရီကနေ ၈ နာရီအတွင်းမှာ အစာများဟာ အစာအိမ်၊ အူသိမ်နဲ့ အူမကို ဖြတ်သန်းသွားနိုင်ပါတယ်။ အူမထဲရောက်ရင်တော့ တစ်ဝက်တစ်ပျက်ချေဖျက်ပြီးသား အစားအစာများကို အပြီးတိုင်ချေဖျက်ဖို့ တစ်ရက်ခန့် အချိန်ယူပါတယ်။ ယေဘုယျအားဖြင့် အစာအိမ်အတွင်း အစာခြေချိန်ဟာ ၂နာရီမှ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘာလို့ အူကျ ရတာလဲ။ ဘယ်လိုကုသကြမလဲ။

အူကျ တယ်ဆိုတာ ခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု (ဥပမာ အူဖြစ်ဖြစ် ) အပြင်ကို ကျွံထွက်လာတာပါ။ အထူးသဖြင့် ဝမ်းဗိုက်ရဲ့ အားနည်းတဲ့ အပိုင်းကနေပေါ့။ အူကျတာက ဘာလက္ခဏာမှ မပြဘဲ ဒီတိုင်း ဖောင်းရုံလေးပဲ ဖြစ်နိုင်သလို တစ်ခါတလေ အရေးပေါ် ခွဲစိတ်ရမယ့် အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ အူကျတာက လူတိုင်းသိတဲ့ ကပ္ပာယ်အိတ်ထဲကို အူကျတာ အပါအဝင် ပေါင်ခြံကနေ အူကျတာ၊ ချက်ပတ်လည်ကနေ အူကျတာ၊ အရင်ဗိုက်ခွဲထားတဲ့ နေရာကနေ အူကျတာ အမျိုးမျိုး ရှိနိုင်ပါတယ်။ အူကျတာရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်တဲ့ နည်းလမ်းပါပဲ။ ဒီဆောင်းပါးမှာ အူကျရင် ဘယ်လို ခံစားရမှာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ခွဲစိတ်ကုသလို့ ရလဲဆိုတာ ပြောပြပေးသွားပါမယ်။ အူကျခြင်း အမျိုးအစားများ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ အားနည်းတဲ့နေရာ weak […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အန်တဲ့အခါ ဝမ်းသွားတဲ့အခါ သွေးပါခြင်း

အန်တဲ့အခါ သွေးပါတာ၊ ကော်ဖီရောင်အန်တာ၊ ဝမ်းသွားတဲ့အခါ သွေးပါတာ၊ ကတ္တရာစေးလို ဝမ်းမည်းမည်းတွေသွားတာက အစာအိမ်နဲ့ အူလမ်းကြောင်း တစ်နေရာရာမှာ သွေးယိုနေတဲ့ လက္ခဏာပါ။ ဒါပေမယ့် သိပ်မစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။ အကြောင်းကတော့ ဆေးပညာတွေ တိုးတက်နေတဲ့ ဒီလိုအချိန်မှာ အချိန်မီသာသိမယ်ဆိုရင် ကုသလို့ နည်းလမ်းတွေ အများကြီး ရှိနေလို့ပါ။  အစာခြေစနစ်မှာ သွေးထွက်ရတဲ့ အကြောင်းအရင်းများ။ အစာခြေစနစ် အပေါ်ပိုင်းမှာ သွေးထွက်တဲ့အခါ အန်ရင် သွေးပါတာမျိုး ဖြစ်စေနိုင်ပြီး အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်တဲ့အခါ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။ အစာခြေစနစ် အထက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း Peptic ulcer (အစာအိမ် အနာ)  အစာရေမျိုနံရံ စုတ်ပြဲတာ အစာရေမျိုသွေးပြန်ကြော ကြီးနေတာ  အစာရေမျို ရောင်ရမ်းခြင်း အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း Diverticular disease […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ

ဗိုက်ဆာတယ်ဆိုတာ ခန္ဓာကိုယ်က အစားအစာလိုအပ်နေပြီလို့ အချက်ပြတဲ့သဘောပါပဲ။ ဗိုက်ဆာလာတာကို မစားဘဲ နေလိုက်ရင် ဗိုက်နာမယ်၊ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ နုံးချိချိဖြစ်လာမယ်၊ အာရုံကောင်းကောင်း မစူးစိုက်နိုင်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဗိုက်ဆာတာကို လျစ်လျူမရှုသင့်ပါဘူး။ ဒါပေမဲ့ ပုံမှန်စားနေလျက်နဲ့ ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ ။ ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ ဗိုက်ဆာလို့အပြင် ခဏခဏ စားချင်သောက်ချင်စိတ် ဖြစ်ရတဲ့ တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။ ဒါတွေကတော့ ကျန်းမာရေးကြောင့်လား ခဏခဏဗိုက်ဆာတယ်ဆိုတာ ဆီးချိုရောဂါရဲ့ လက္ခဏာတွေထဲက တစ်ချက်ဖြစ်ပါတယ်။ ပုံမှန်ဆိုစားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ် ပြောင်းလဲသုံးစွဲပစ်ပါတယ်။ ဆီးချိုရောဂါရှိနေရင်တော့ ကိုယ်တွင်းဆဲလ်တွေက သကြားဓာတ်တွေ ရယူမသုံးစွဲနိုင်တော့တဲ့အတွက် ခဏခဏစားသောက်ဖို့ အားပေးသလိုဖြစ်နေပါတယ်။ Hyperthyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက်များတဲ့ အခြေအနေမှာလည်း ခဏခဏဗိုက်ဆာ တတ်ပါတယ်။ ပိုလျှံနေတဲ့ သိုင်းရွိုက်ဟော်မုန်းတွေက စားချင်စိတ်ကို ပိုအားကောင်းစေလို့ပါ။ လူတိုင်းမဟုတ်ပေမဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကောင်းစေဖို့

အစာအိမ်အောင့်ခြင်း၊ လေထခြင်း၊ အစာမကြေရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာများကို လူတိုင်းလိုလို ကြုံဖူးကြပါလိမ့်မယ်။ များသောအားဖြင့် ခဏတာမျှသာ ခံစားကြုံကြိုက်ရတာများပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေကို ရက်ရှည်လများ ကြုံတွေ့လာရမယ်ဆိုရင်တော့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာပါလိမ့်မယ်။ ယခုဖော်ပြမယ့်နည်းလမ်းတွေကတော့ အစာကြေစေပြီး အစာအိမ်အူလမ်းကြောင်းကို သက်သာရာရစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ၁။ လတ်ဆတ်ပြီး ပြုပြင်မှုနည်းသော အစားအစာများကိုစားပါ စားကောင်းအောင် ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေ၊ ပြည့်ဝဆီတွေ၊ ဆိုးဆေးတွေဟာ အစာအိမ်လမ်းကြောင်းကို ဒုက္ခပေးတတ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ စားသောက်ဖွယ်ရာတွေမှာ တွေ့ရများတဲ့ ပုံပြောင်းဆီဟာလည်း အူလမ်းကြောင်းကို ရောင်ရမ်းစေတတ်တဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် စားကောင်းအောင်ပြုပြင်ထားတဲ့ ဖျော်ရည်တွေ၊ ရေခဲမုန့်တွေမှာပါတဲ့ ဆေးသကြားတွေဟာ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေကို ဒုက္ခပေးပြီး အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး လတ်ဆတ်စွာနဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

မပေါ့ဆသင့်တဲ့ အစာအိမ်အူလမ်းကြောင်း လက္ခဏာများ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်ရင် လက္ခဏာအမျိုးမျိုးပြသပြီး အချက်ပေးတတ် ပါတယ်။ ဒီတစ်ခေါက်မှာတော့ အစာအိမ်နဲ့အူလမ်းကြောင်းစနစ်မှာ ပြဿနာရှိနေကြောင်း ပြသတဲ့လက္ခဏာတွေ ကိုပြောပြပေးချင်ပါတယ်။ ဝမ်းထဲသွေးပါခြင်း - အိမ်သာတက်ပြီး စအိုကိုရေနဲ့ဆေးတဲ့အခါမှာဖြစ်ဖြစ် တစ်ရှုးနဲ့သုတ်လိုက်တဲ့အခါမှာဖြစ်ဖြစ် သွေးစလေးတွေပါနေမယ်ဆို သတိထားပါ။ စအိုဝလမ်းကြောင်းမှာ လိပ်ခေါင်းရှိနေတာ၊ ဒါမှမဟုတ် အနာတစ်ခုခုဖြစ်နေကြောင့် သွေးပါတာဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အူမကြီးကင်ဆာ၊ အူမကြီးအကျိတ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတွေဖြစ်ရင်လည်း သွေးဝမ်းသွားတတ်ပါတယ်။ ဒါ့ကြောင့် ဝမ်းထဲသွေးပါလာခဲ့ရင် တစ်ပတ်လောက်စောင့်ကြည့်ပါ။ သွေးပမာဏများလာမယ် ဒါမှမဟုတ် တစ်ပတ်ကျော်တဲ့အထိ မပျောက်သွားရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။ ဗိုက်ညာဖက်အောက်နားကနာကျင်ခြင်း - ဗိုက်ညာဖက်အောက်နား ရုတ်တရက်နာကျင်မှုက အူအတက်ရောင် လက္ခဏာတွေထဲမှာ အဖြစ်အများဆုံးပါ။ နာကျင်မှုက ချက်ပတ်လည်တစ်ဝိုက် မှာစတင်ပြီး ဗိုက်ညာဖက်ကို ရွေ့သွားတတ်ပါတယ်။ အူအတက်ရောင်ခြင်းကို အချိန်မှီမကုသရင် အူအတက်ပေါက်ပြီး အသက်ဆုံးရှုံးနိုင်တာမို့ မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ခုပါ။ ရင်ခေါင်းတောင့်ခြင်း - […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

လူတော်တော်များများ ချက်တစ်ဝိုက်က နာကျင်တာ၊ အောင့်တာကို တော်တော်များများ ခံစားဖူးကြမှာပါ။ တစ်ခါတစ်လေမှာ ဒီလို ချက်တစ်ဝိုက် အောင့်တာ၊ နာတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလို ချက်တစ်ဝိုက်က အောင့်တဲ့အခါ အကောင်းဆုံး နည်းလမ်းက ဆရာဝန်ကို သေချာပြောပြပြီး ဆွေးနွေးတာပါ။ ဒါမှ စိုးရိမ်ရတဲ့ အနေအထားလား၊ မဖြစ်မနေ ကုသမှုခံယူဖို့ လိုတဲ့ အနေအထားလား ဆိုတာကို သေချာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကြောင့် ချက်တစ်ဝိုက်မှာ နာကျင်တာဖြစ်နိုင်ပါတယ် ချက်တစ်ဝိုက်မှာ နာကျင်ရတဲ့ အကြောင်းအရာက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဒါတွေကတော့ ကိုယ်ဝန် ရှိနေတာ -  အမျိုးသမီးတွေ အနေနဲ့ ချက်တစ်ဝိုက်မှာ နာကျင်နေမယ်။ အိမ်ထောင်လည်း ရှိနေမယ်ဆိုရင် ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။ အချို့သော ကျန်းမာရေးပြဿနာတွေ - အစာမကြေတာကစလို့ အူအတက်ရောင်တာ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ ၇ ချက်

ဒီတစ်ခေါက်တော့ အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ ၇ ချက် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အူအတက်ရောင်ခြင်းကို လူအတော်များများ ကြားဖူးကြပါလိမ့်မယ်။ အမျိုးသား ၉ ရာခိုင်နှုန်း နဲ့ အမျိုးသမီး ၇ ရာခိုင်နှုန်းခန့်ဟာ အူအတက်‌ရောင်ခြင်းကို ဘဝမှာ တစ်ခါတော့ ခံစားဖူးကြတယ်လို့ဆိုပါတယ်။ အူအတက်ရောင်ရာကနေ အလွန်ဆိုးဝါးတဲ့အခါ အူအတက်ပေါက်သွားနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲ့လိုအဆင့်ရောက်ဖို့အတွက် လက္ခဏာတွေ ပြပြီး ၄၈−၇၂ နာရီခန့် အချိန်ကြာမြင့်နိုင်တဲ့အတွက် လက္ခဏာတွေကို သိရှိပြီး ဆေးရုံကို အမြန်သွားဖို့ အလွန်အရေးကြီးပါတယ်။ အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ ၇ ချက် အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ တွေကတော့ ၁. ဝမ်းဗိုက်အောက်ပိုင်း နာခြင်း၊ အောင့်ခြင်း အူအတက်ရောင်ခြင်းရဲ့ အဓိက လက္ခဏာဖြစ်ပါတယ်။ အူအတက်ရှိရာ ဝမ်းဗိုက်ရဲ့ ညာဘက် အောက်ပိုင်းမှာ နာခြင်း အောင့်ခြင်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်