– မယောနေ့စ်
– မာဂျရင်း၊ ထောပတ်
– အဆီများသော နို့ထွက်ပစ္စည်းများ
– သကြားကဲသော အချိုတည်းအစားအစာများ၊ စားသောက်ဖွယ်ရာများ စတာတွေပဲ ဖြစ်ပါတယ်။
ပန်ခရိယရောင်နေချိန်မှာ ပုံပြောင်းဆီတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အာလူးချောင်းကြော်၊ ဟမ်ဘာဂါ စတာတွေဟာလည်း ပန်ခရိယ မကောင်းချိန်မှာ အဆင်မပြေနိုင်ပါဘူး။ အလွန်အကျွံကြော်ထားတဲ့ အစားအစာတွေဟာ ပန်ခရိယကို ဒုက္ခပေးပါတယ်။
ပန်ခရိယရောင်ရမ်းချိန်မှာ မြန်မြန်သက်သာအောင်
ပန်ခရိယ ရုတ်တရက်ထပြီး ရောင်ရမ်းတာမျိုးဖြစ်စေ၊ နာတာရှည် ရောင်ရမ်းနေတာမျိုးဖြစ်စေ အရက်ကို လုံးဝရှောင်ရပါမယ်။ ဆေးလိပ်လည်း ဖြတ်သင့်ပါတယ်။ အဆီနည်းတဲ့ အစားအစာတွေကိုပဲ စားသောက်ပေးပြီး ရေများများသောက်သင့်ပါတယ်။
တစ်ခါစားရင် အစာနည်းနည်းနဲ့ တစ်နေ့တာလုံးမှာ မကြာခဏ (၆ကြိမ်ကနေ ၈ကြိမ်အထိ) စားသင့်ပါတယ်။ တစ်နေ့မှာ နှစ်ကြိမ်သုံးကြိမ်တည်းနဲ့ အစားများများ စားခြင်းထက်စာရင် အစာခြေစနစ်ကို ပိုပြီး သက်သာစေပါတယ်။
အမျှင်ဓာတ်များကို တစ်ကြိမ်တည်းနဲ့ အများအပြားစားခြင်းမျိုးကို ရှောင်သင့်ပါတယ်။ ဒါဟာ အစာခြေခြင်းကို နှေးစေတဲ့အပြင် အာဟာရဓာတ်စုပ်ယူမှုတွေကို လျော့နည်းသွားစေနိုင်လို့ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။