အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

ပါးစပ်ကနေ စားသောက်လိုက်တဲ့ အစားအစာများဟာ အစာရေမျိုကနေတဆင့် အစာအိမ်ထဲရောက်ပါတယ်။ အစာအိမ်ထဲမှာ ချေဖျက်ပြီးစအစာများဟာ အစာအိမ်ရဲ့ညာဘက် အောက်ပိုင်းကနေ အူသိမ်ထဲကို ရောက်ပါတယ်။ အဆိုပါ အူသိမ်ထဲကို ထွက်တဲ့အပေါက်မှာ အကျဉ်းအကျယ်ပြုလုပ်ပေးနိုင်တဲ့ ကြွက်သားများရှိပါတယ်။ အဆိုပါကြွက်သားဟာ ယေဘုယျအားဖြင့် ၁ လက်မလောက်ပဲ ကျယ်ပါတယ်။ အဆိုပါ ပမာဏထက် ပိုမိုကျဉ်းမြောင်းသွားရင်၊ ပိတ်ဆို့သွားရင် အစာများ အူလမ်းကြောင်းထဲကို ရောက်ရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ဖော်ပြပါအခြေအနေအတိုင်း အူသိမ်အဝမှာ ကျဉ်းမြောင်းပိတ်ဆို့ရင်တော့ အစာအိမ်ထွက်ပေါက်ကြွက်သားကို ပြုပြင်ခွဲစိတ်ခြင်း (pyloroplasty) နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။ အစာအိမ်နဲ့ အူသိမ်အဆက်နေရာက ရှုံ့ကြွက်သားကို ခွဲစိတ်ပြီး အစိတ်အပိုင်းတချို့ကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းကို လုပ်ဆောင်ပြီးရင်တော့ အူလမ်းကြောင်းထဲကို အစာတွေ ကောင်းစွာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ပိုဆိုးတဲ့အခြေအနေတွေမှာ ကြွက်သားတခုလုံးကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

အစာအိမ်ကနေ အူသိမ်ကို ဆက်သွယ်ထားတဲ့နေရာမှာ ပိုင်လောရပ်စ် pylorous လို့ခေါ်တဲ့ အဆို့ရှင်ကြွက်သား ရှိပါတယ်။ အဆိုပါကြွက်သားဟာ အစာအိမ်ထွက်ပေါက်ကို အကျဉ်းအကျယ် ပြုလုပ်ပေးနိုင်ပြီး အစားအစာတွေကို သေချာစွာ မချေဖျက်ထားခင်မှာ အူထဲကို ရောက်ရှိမသွားအောင် ထိန်းထားပေးနိုင်ပါတယ်။ တခါတရံမှာ အကြောင်းအမျိုးမျိုးကြောင့် အဆို့ရှင်ကြွက်သားဟာ ထူထဲပြီး ထွက်ပေါက်ကျဉ်းမြောင်းသွားခြင်းမျိုး ဖြစ်နိုင်ပါတယ်။ အဆိုပါအခြေအနေကို အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း Pyloric stenosis လို့ ခေါ်ဝေါ်ပါတယ်။ ကြွက်သားဟာ အရမ်းထူသွားတဲ့အခါ အစာအိမ်ကထွက်လာတဲ့ အစာများဟာ အူသိမ်ထဲကို မရောက်နိုင်ဘဲ ပိတ်ဆို့သွားစေပါတယ်။ လက္ခဏာများ အဓိကကြုံတွေ့ရတဲ့ လက္ခဏာကတော့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေပဲ ဖြစ်ပါတယ်။ မွေးရာပါ အစာအိမ်ထွက်ပေါက်ကျဉ်းနေတဲ့ ကလေးငယ်များဟာ မွေးခါစမှာ သိပ်ပြီးမသိသာပါဘူး။ နောက်ပိုင်းမှာမှ လက္ခဏာဖြည်းဖြည်းချင်းပြလာနိုင်ပါတယ်။ အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းနေသူတွေမှာ အောက်ပါလက္ခဏာတွေ ကြုံနိုင်ပါတယ်။ စားသောက်ပြီးနောက် ထိုးအန်ခြင်း အစာအိမ်နဲ့ အူသိမ်အကြားမှာ အဆို့ရှင်ကြွက်သားဟာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

ပြည်တည်နာဆိုတာကတော့ ပြည်တွေနဲ့ပြည့်နေပြီး ရောင်ရမ်းနေတဲ့ တစ်ရှူးအစုအဝေးကို ဆိုလိုပါတယ်။ ပြည်တည်နာများဟာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပေါ်နိုင်ပါတယ်။ အရေပြားပေါ်မှာ အများဆုံးဖြစ်တတ်ပါတယ်။ တခါတရံမှာတော့ ဝမ်းဗိုက်အတွင်းမှာပါ ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ရာမှာ ဝမ်းဗိုက်အရှေ့မျက်နှာပြင်နားမှာ ဖြစ်ပေါ်နိုင်တာရှိသလို နောက်ကျောဘက်မှာကပ်ပြီး ဖြစ်တာလည်း ရှိပါတယ်။ ဝမ်းတွင်း ကလီစာအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ ပန်ခရိယ၊ ကျောက်ကပ် စတာတွေရဲ့ဝန်းကျင်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဝမ်းဗိုက်အတွင်း ပြည်တည်နာဘာကြောင့်ဖြစ်ရသလဲ ပြည်တည်နာဖြစ်ပေါ်ရခြင်းကတော့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ကူးစက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဝမ်းဗိုက်အတွင်း ပေါက်ပြဲစေတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါကြောင့် အူလမ်းကြောင်း ပေါက်ပြဲခြင်း၊ ဝမ်းဗိုက်ကို ခွဲစိတ်ကုသမှုပြုလုပ်ခြင်း စတဲ့အကြောင်းတခုခုကြောင့် ဘက်တီးရီးယားပိုးများ ဝမ်းဗိုက်အတွင်းမှာ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ ဝမ်းဗိုက်အတွင်း တနေရာရာမှာ ပြည်တည်နာဖြစ်ပွားရင် ဝမ်းခေါင်းအတွင်းက တခြားနေရာတွေ၊ အင်္ဂါအစိတ်အပိုင်းတွေဆီပါ ပျံ့နှံ့သွားနိုင်ပါတယ်။ ဝမ်းဗိုက်အတွင်းက အင်္ဂါအစိတ်အပိုင်းတခုခု ရောဂါဖြစ်ပွားရာကနေလည်း ပြင်ပကနေ ဘက်တီးရီးယားများ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

Probiotics ဆိုတာဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာ မှီတင်းနေထိုင်တဲ့ သက်ရှိဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းထဲမှာ နေထိုင်ပြီး လူသားတွေရဲ့ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ တနည်းပြောရရင် အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။ ပါးစပ်ကနေ စတင်ပြီး စအိုဝမှာအဆုံးသတ်တဲ့ အစာအိမ်အူလမ်းကြောင်းကို အထောက်အကူပြုတဲ့အပြင် အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေရဲ့ ရန်ကလည်း ကာကွယ်ပေးပါတယ်။ အစာကိုကြေစေပြီး အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။ ပရိုဘိုင်အိုတစ်တွေကို သဘာဝအားဖြင့် အချဉ်ဖောက်ထားတဲ့ အစားအစာတွေနဲ့ နို့မှချက်လုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေမှာ တွေ့နိုင်ပါတယ်။ အားဖြည့်ဓာတ်စာတွေ အနေနဲ့လည်း ရရှိနိုင်ပါတယ်။ ပရိုဘိုင်အိုတစ်များဟာ များသောအားဖြင့် ဘေးကင်းစိတ်ချရပါတယ်။ Probiotics များဟာ အူလမ်းကြောင်းကို ဘယ်လိုအကျိုးပြုသလဲ Probiotics  များဟာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ - ဝမ်းချုပ်ခြင်း - ခရွန်းရောဂါ - IBD ခေါ် အူလမ်းကြောင်းရောင်ရမ်းသည့်ရောဂါ - IBS ခေါ် မကြာခဏဝမ်းပျက်တတ်သည့်ရောဂါ - […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ

အစာအိမ်အူလမ်းကြောင်း ဟာ အဆင့်မြင့်ရှုပ်ထွေးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းဟာ ကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊ အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ထူးခြားချက်တစ်ခုကတော့ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ အကျိုးပြုဘက်တီးရီးယားတွေ ရှိနေခြင်းပါပဲ။ လူတစ်ဦးချင်းစီရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားမျိုးကွဲပေါင်း ၃၀၀ ကနေ ၅၀၀ အထိ ရှိနေနိုင်ပြီး အများစုဟာ အကျိုးပြုဘက်တီးရီးယား ဖြစ်ပါတယ်။ အနည်းငယ်ကပဲ အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ စိတ်ဖိစီးမှုများခြင်း၊ အအိပ်အနေနည်းခြင်း၊ အဆင့်ဆင့်ပြုပြင်ထားပြီး သကြားပါဝင်မှုမြင့်မားသော အစားအစာများ စားသုံးခြင်း၊ ပဋိဇီဝဆေးဝါးအချို့ သုံးစွဲခြင်း စတာတွေဟာ အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်ပါတယ်။ ၎င်းတို့နဲ့ ဆက်နွယ်နေတဲ့ ဦးနှောက်၊ နှလုံး၊ ကိုယ်ခံအား၊ အရေပြား၊ ကိုယ်အလေးချိန်နှင့် ဟော်မုန်း စတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အူလမ်းကြောင်းစနစ်ဟာ ကိုယ်ခန္ဓာထဲမှာ ရှုပ်ထွေးပြီးရှည်လျားတဲ့ စနစ်တခုဖြစ်ပါတယ်။ အူလမ်းကြောင်းတခုလုံးဟာ ပါးစပ်ကနေ စတင်ပြီး စအိုမှာဆုံးပါတယ်။ အစာအိမ်အူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်ကတော့ စားသောက်လိုက်တဲ့ အစားအသောက်တွေကနေ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူပေးပြီး မလိုအပ်တဲ့ အညစ်အကြေးများကို ပြန်လည်စွန့်ထုတ်ပေးခြင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းဟာ ရှည်လျားလှသလို ပြဿနာလည်း မျိုးစုံဖြစ်နိုင်ပါတယ်။ ရောဂါအစုံဖြစ်နိုင်ပြီး လက္ခဏာလည်းဆင်တူကြတာမို့ တခါတရံမှာ ထင်မြင်ယူဆချက်မှားယွင်းနိုင်ပါတယ်။ အသေးအဖွဲပြဿနာတွေဖြစ်ပေမယ့် ထိရောက်စွာ မကုသဘဲ ထားလိုက်ရင် ပိုမိုဆိုးရွားသွားတာတွေ ဖြစ်နိုင်ပါတယ်။ မည်သည့်ရောဂါလက္ခဏာမဆို ဆရာဝန်နဲ့ တိုင်ပင်ပြသနိုင်ရင် အကောင်းဆုံးပါပဲ။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ အတွေ့ရများတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်းဝမ်းချုပ်ခြင်း တရက်နှစ်ရက်လောက် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်းများဟာ သိပ်ပြီးပြဿနာ မရှိပါဘူး။ ဒါပေမယ့် ရက်ကြာကြာ ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်း စတာတွေဟာ အူလမ်းကြောင်းကို ထိခိုက်လာနိုင်ပါတယ်။ အလွန်အမင်း ဝမ်းချုပ်ခြင်းကြောင့် စအိုဝန်းကျင်မှ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်ဖြတ်ထုတ်ကုသခြင်း

အစာအိမ်ဟာ ပါးစပ်ကစပြီး စအိုမှာအဆုံးသတ်တဲ့ အူလမ်းကြောင်းမှာ အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ အစာများကို ချေဖျက်ပြီး လိုအပ်တဲ့အာဟာရဓာတ်များရရှိအောင် လုပ်ဆောင်ပေးပါတယ်။ အစာအိမ်မရှိခဲ့ရင် အစားအစာများကို ကောင်းစွာချေဖျက်နိုင်ခြင်း မရှိတော့ဘဲ နေထိုင်စားသောက်မှုပုံစံလည်း အတော်လေးကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အစာအိမ်ဖြတ်ထုတ်ကုသခြင်း (Gastrectomy) ဆိုတာကတော့ အကြောင်းတခုခုကြောင့် အစာအိမ်ရဲ့ မကောင်းတော့တဲ့ အစိတ်အပိုင်းကိုဖြစ်စေ၊ တခုလုံးကိုဖြစ်စေ ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့် အစာအိမ်ဖြတ်ထုတ်ကုသခြင်း ၃မျိုးရှိပါတယ်။ ၎င်းတို့ကတော့ - အစာအိမ် တပိုင်းတစကို ဖြတ်ထုတ်ခြင်း (Partial Gastrectomy)။ အစာအိမ်ရဲ့ တစိတ်တပိုင်းလောက်သာ ဖြတ်ထုတ်ပါတယ်။ များသောအားဖြင့် အောက်ပိုင်းကို ဖြတ်ထုတ်ကြပါတယ်။ - အစာအိမ်တခုလုံး ဖြတ်ထုတ်ခြင်း (Full Gastrectomy) - အစာအိမ်ဘယ်ဘက်အပိုင်းဖြတ်ထုတ်ခြင်း (Sleeve Gastrectomy)။ များသောအားဖြင့် ကိုယ်အလေးချိန်လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ ကုသခြင်း ဖြစ်ပါတယ်။ အစာအိမ်ဖြတ်ထုတ်ကုသခြင်း ဘာကြောင့်လုပ်ရသလဲ တခြားနည်းလမ်းတွေနဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးသော ရောဂါပိုးကူးစက်ခြင်းများ

အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး စတာတွေဟာ မျိုးစုံရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် အသက်ကြီးပိုင်းများနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ စစ်တမ်းများအရ ကမ္ဘာတလွှားမှ သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ ၉ပုံတပုံဟာ အစာအိမ်အူလမ်းကြောင်း ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ပမာဏဟာ အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ ဝက်သက် စတဲ့သုံးမျိုးပေါင်းထက်ကို ပိုမိုများပြားပါတယ်။ လက္ခဏာများ အစာအိမ်အူလမ်းကြောင်းကို ရောဂါပိုးဝင်ရောက် ကူးစက်တဲ့အခါ အမျိုးအစားအလိုက် ဖြစ်ပေါ်တဲ့လက္ခဏာ ကွာခြားမှု ရှိနိုင်ပါတယ်။ အဓိကအားဖြင့် ဗိုက်အောင့်ပြီး ဝမ်းပျက်တတ်ပါတယ်။ တွေ့ရများတဲ့ တခြားလက္ခဏာတွေကတော့ - ပျို့အန်ခြင်း - အဖျားတက်ခြင်း - အစားပျက်ခြင်း - ကြွက်သားများနာကျင်ကိုက်ခဲခြင်း - ရေဓာတ်ခန်းခြောက်ခြင်း - ခေါင်းကိုက်ခြင်း - သွေးဝမ်းသွားခြင်း၊ အမြှုပ်များပါသော ဝမ်းသွားခြင်း - ကိုယ်အလေးချိန်ကျခြင်း စတာတွေ ဖြစ်ပါတယ်။ https://hellosayarwon.com/digestive-health/other-digestive-health-issues/common-gi-diseases-in-myanmar/ အကြောင်းအရင်းများ အစာအိမ်အူလမ်းကြောင်းကို ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဘက်တီးရီးယားများ E Coli ဟာ အစာအိမ်အူလမ်းကြောင်းကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်း အကြောင်း

သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်း ဟာ မပေါ့ဆသင့်တဲ့ အခြေအနေဖြစ်ပါတယ်။ ဝမ်းမည်းခြင်းဟာ အစာအိမ်အူလမ်းကြောင်းမှာ သွေးယိုစီးခြင်း၊ ထိခိုက်မှုဖြစ်ထားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အရောင်ရင့်တဲ့ အစားအစာတွေ စားပြီးချိန်မှာလည်း ဝမ်းအရောင်မည်းတာမျိုး ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ ဝမ်းအမည်းရောင်တွေ၊ သွေးဝမ်းတွေ သွားနေပြီဆိုရင်တော့ အထူးသတိထားရမယ့် ရောဂါအခြေအနေဟုတ်၊ မဟုတ် သိရအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကတ္တရာဝမ်းသွားခြင်း ဘာကြောင့်ဖြစ်ရတာလဲ အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်းလောက်မှာ သွေးယိုစီးရင် အမည်းရောင်၊ ကတ္တရာရောင်ဝမ်းများ သွားတတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း အနာများ၊ ဒါမှမဟုတ် အစာရေမျိုနဲ့ အစာအိမ်မှာ ထိခိုက်မှုတခုခု ရှိနေရင် သွေးယိုစီးနိုင်ပါတယ်။ သွေးများဟာ အစာချေရည်များနဲ့ ရောနှောသွားတဲ့အတွက် ကတ္တရာစေးရောင်များ ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဆေးဝါးတချို့ကို သောက်သုံးချိန်မှာလည်း ကတ္တရာရောင်ဝမ်းတွေ သွားတတ်ပါတယ်။ ဥပမာ သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးချိန်မှာ ဝမ်းမည်းသွားတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်ရင်လည်း အစာအိမ်အနာကနေ  […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူအတက် ခွဲစိတ်ကုသခြင်း

အူအတက် ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အရေးပေါ် ခွဲစိတ်ကုသမှု တစ်မျိုး ဖြစ်ပါတယ်။ လူတိုင်းရဲ့ ဝမ်းဗိုက်ညာဘက်ထောင့်နေရာမှာ အူအတက်ရှိပါတယ်။ အူမကြီးနေရာကနေ ပြွန်လေးတခုလို ရှည်ထွက်နေတဲ့ အင်္ဂါအစိတ်အပိုင်းလေး ဖြစ်ပါတယ်။ အဆိုပါ အူအတက်လေး ရောင်ရမ်းသွားချိန်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားလာနိုင်ပြီး ပတ်ဝန်းကျင်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့သွားနိုင်ပါတယ်။ အတက်နဲ့ ဝန်းကျင်နေရာတဝိုက်မှာလည်း အထိမခံနိုင်အောင် အောင့်တတ်ပါတယ်။ လမ်းလျှောက်ချိန်၊ ချောင်းဆိုးချိန်မှာ ပိုအောင့်တတ်ပါတယ်။ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေပါ ကြုံနိုင်ပါတယ်။ အူအတက်ရောင်ခဲ့ရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် အချိန်မီ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ အူအတက် ခွဲစိတ်ကုသခြင်း အူအတက် ခွဲစိတ်ကုသခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ အူအတက် ခွဲစိတ်မှု ပြုလုပ်ဖို့ ဘာကြောင့်လိုအပ်သလဲ အူအတက်ရောင်ခြင်းကို အချိန်မီမကုသရင် ရောင်နေတဲ့ အူအတက်ဟာ ပေါက်ထွက်သွားနိုင်ပါတယ်။ အူအတက်ထဲက ဘက်တီးရီးယားနဲ့ တခြားအန္တရာယ်ပေးနိုင်တဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်