အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယဆိုတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိဖို့ အင်ဆူလင်ကိုထုတ်ပေးသလို အစာအိမ် အက်ဆစ်ပမာဏကို ထိန်းညှိပေးဖို့ပါ တာဝန်ယူထားတဲ့ အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေး တစ်ခုပါ။ ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။ ဒီတော့ ဆီးချိုရောဂါကို ကာကွယ်ဖို့အတွက် ပန်ကရိယလေး ကျန်းမာအောင် လိုက်နာသင့်တဲ့ အလေ့အထလေးတွေက ဘာတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်လား............... ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထ အချို့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာနဲ့ အစာခြေတဲ့နေရာမှာ အင်တိုက်အားတိုက် လုပ်ဆောင်ပေးနေတဲ့ ပန်ကရိယ( မုန့်ချိုအိတ်)လေး ကျန်းမာစေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပါ အဆီများတာတွေ ဥပမာ တိရစ္ဆာန် အဆီတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ထောပတ်သီး၊ ငါးအဆီ၊ အသီးအရွက်အဆီ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေ ကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။ အူလေးတွေ ကျန်းမာမှ အစာအာဟာရတွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတော့မှာပေါ့။ ဒီတစ်ခေါက်တော့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အူလေး ကျန်းမာစေဖို့ ဘာတွေ စားရမလဲ ဆိုတာကို ပြောပြပေးသွား ပါမယ်။ အူလေး ကျန်းမာစေဖို့ ဘာတွေစားရမလဲ။ အစာခြေစနစ်ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ အူလေး ကျန်းမာစေဖို့ ကြက်သွန်ဖြူ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတဲ့ ကြက်သွန်ဖြူက အခြား အစိတ်အပိုင်းတွေကို ကျန်းမာစေသလို အူလေးတွေ ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်နေတာကြောင့် အူလမ်းကြောင်းထဲက […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ကရိယလေး ကျန်းမာစေဖို့

ပန်ကရိယက လူအတော်များများနဲ့ စိမ်းနေနိုင်တဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းလေး တစ်ခုရဲ့အမည်ပါ။ သူ့ကို မုန့်ချိုအိတ် (Pancreas) လို့လည်း ခေါ်ပါတယ်။ အခုတစ်ခေါက်မှာတော့ ပန်ကရိယလေး ကျန်းမာစေဖို့ ဘာတွေ ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ပန်ကရိယလေးက အစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။ အစာအိမ်တွင်းကို ရောက်လာတဲ့ အစားအစာတွေရဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးသလို ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့လည်း အင်ဇိုင်းတွေ ထုတ်ရင်း ကူညီပေးသေးတာပါ။ ဒါတင်မကသေးပါဘူး။ ကျန်းမာတဲ့ ပန်ကရိယလေးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်အတွက် ပိုမိုကောင်းမွန်တဲ့ အစာခြေစနစ်လေးတစ်ရပ်ကို ဖန်တီးပေးပါသေးတယ်။ ဒီတော့ အရေးပါတဲ့ အစိတ်အပိုင်း ပန်ကရိယလေး ကျန်းမာစေဖို့ ဘာတွေစားရမလဲ သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ပန်ကရိယလေး ကျန်းမာစေဖို့ အရေးပါတဲ့ ပန်ကရိယလေး ကျန်းမာစေဖို့ ဒါတွေ စားပါ။ နနွင်း  နနွင်းက […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘေလုံးထုတ် ပြီးတဲ့နောက်

ဘေလုံးထုတ်လိုက်ရတယ်၊ ဘေလုံးကြီးနေတာ ခွဲထုတ်လိုက်ရတယ်ဆိုတဲ့ စကားလေးတွေ အရပ်ထဲမှာ ကြားဖူးမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် သွေးရောဂါလူနာတွေကြားမှာပေါ့။ ဘေလုံးက တစ်ခုတည်းပါတယ်ဆိုပေမယ့် ထုတ်ပစ်လိုက်လို့လည်း သက်တမ်းစေ့နေလို့ရပါတယ်။ ဂရုစိုက်ရမယ့် အချက်လေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုတော့ လိုက်နာနေဖို့ လိုပါတယ်။ ဘေလုံးက ဘယ်မှာ ရှိတာလဲ။ ဘေလုံးက ဘယ်ဘက်နံကြားမှာ ရှိတာပါ။ လက်သီးဆုပ် အရွယ်လောက်ပဲ ရှိပါတယ်။ တချို့သူတွေမှာ ဘေလုံးသေးသေးလေး အပိုပါလာတတ်ပါတယ်။ ဘေလုံးက ဘာတွေလုပ်ပေးလဲဆိုတော့ ပျက်စီးနေတဲ့ သွေးဆဲလ်တွေနဲ့ သွေးဆဲလ်အဟောင်းတွေကို ဖျက်ဆီးပေးတယ်။ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိဇီဝပစ္စည်းတွေ ထုတ်ပေးတယ်။ သွေးဆဲလ်တွေကို သိမ်းဆည်းပေးတယ် စတဲ့ အလုပ်တွေကို လုပ်ပါတယ်။ ဘယ်လိုအခါမျိုးမှာ ဘေလုံးကို ဖယ်ထုတ်လေ့ရှိသလဲ။ ဘေလုံးကွဲသွားတဲ့အခါ ထိခိုက်ဒဏ်ရာတွေ၊ ကားတိုက်မှုတွေ၊ တွန်းတွန်းတိုက်တိုက် ကစားရတဲ့ အားကစားနည်းတွေမှာ ဘေလုံးကွဲတတ်ပါတယ်။ ဘေလုံးကွဲရင် သွေးတွေ အများကြီး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

ဗိုက်မှာ အလုံးစမ်းမိပြီဆိုရင် တော်တော်များများက ကင်ဆာလို့ ထင်တတ်ကြပါတယ်။ ဗိုက်မှာ စမ်းမိတဲ့ အလုံးတိုင်းဟာ ကင်ဆာ မဟုတ်ပါဘူး။ ကင်ဆာလောက်မဆိုးတဲ့ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် အလုံးတစ်ခုတွေ့ပြီဆိုရင် သိပ်မစိုးရိမ်ပါနဲ့။ အလုံးစမ်းမိပြီဆိုရင် အလုံးစမ်းမိပြီဆိုရင် ဘယ်တုန်းက ဘယ်လိုစမ်းမိတာလဲ။ ဥပမာ ရေချိုးရင်း စမ်းမိတာလား။ နာလို့ သတိထားမိတာလား စသဖြင့်ပေါ့။ အလုံးက ကြီးသွားလား၊ သေးသွားလား။ အလုံးစမ်းမိတာအပြင် တခြားဘာခံစားရတာ ရှိသေးလဲ။ ဘယ်နေရာမှာ စစမ်းမိတာလဲ။ အလုံးက နေရာရွေ့သွားသေးလား စတာတွေကို သတိပြု မှတ်ထားပေးပါ။ ဒါတွေက သင်ဆရာဝန်ဆီသွားပြတဲ့အခါ မေးခံရမယ့် မေးခွန်းတွေပါပဲ။ တစ်နည်းအားဖြင့် သင့်ရောဂါကို ကုသဖို့ လိုအပ်တဲ့ မေးခွန်းတွေပေါ့။ ဘာအလုံးတွေ ဖြစ်နိုင်လဲ။ ဝမ်းဗိုက်က ကြီးတဲ့အတွက် သူ့ကို ဆေးပညာအရ ၉ပိုင်း ပိုင်းချလိုက်ပါတယ်။ သာမန်လူတွေအတွက်တော့ ပြောရလွယ်အောင် ၆ပိုင်းပဲ သတ်မှတ်ထားပါတယ်။ ဝမ်းဗိုက် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အာဟာရဓာတ်တွေရအောင် ကူညီလုပ်‌ဆောင်ပေးနေတဲ့ အစာခြေအူလမ်းကြောင်းစနစ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။ အစာခြေအူလမ်းကြောင်းတလျှောက်မှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းက ကျွန်တော်တို့စားလိုက်တဲ့ အစားအသောက်တွေကို ခန္ဓာကိုယ်အတွက်အသုံးပြုနိုင်မယ့် အာဟာရဓာတ်တွေဖြစ်လာအောင်ပြောင်းလဲပေးပါတယ်။ လူတစ်ယောက်ပုံမှန်လှုပ်ရှားသွားလာနိုင်ဖို့ လိုအပ်တဲ့စွမ်းအင်တွေကို အစားအသောက်ကနေတဆင့် ရရှိနေတာမို့ အစာခြေအူလမ်းကြောင်းစနစ်တစ်ခုလုံး မှန်မှန်အလုပ်လုပ်နေဖို့ အထူးအရေးကြီးပါတယ်။ ဒီစနစ်ထဲမှာ ပါဝင်လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းတွေကတော့ ပါးစပ်၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ ပန်ကရိယ၊ သည်းခြေအိတ်၊ အသည်းနဲ့ စအိုတို့ပဲဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီက အစာခြေဖျက်မှု၊ အစာပို့ဆောင်မှုနဲ့ အာဟာရစုပ်ယူမှု တွေမှာဘယ်လိုပါဝင်လုပ်ဆောင်ပေးနေသလဲဆိုတာကို အသေးစိတ်ရှင်းပြပေးပါ့မယ်။ ပါးစပ် - စားသောက်လိုက်သမျှအရာတွေပါးစပ်ထဲရောက်တာနဲ့ အစာခြေအူလမ်းကြောင်းစနစ်ကြီး စအလုပ်လုပ်ပါတယ်။ စားလိုက်တဲ့အစားအသောက်တွေကို တံတွေးနဲ့ပျော့ပျောင်းစေပြီး သွားတွေကကြိတ်ဝါးပစ်ပါတယ်။ အပိုင်းပိုင်းပြတ်ပြီး ပျော့ပျောင်းသွားတဲ့အတွက် အစားအစာတွေကို နောက်တစ်နေရာပို့ဖို့ ပိုလွယ်ကူသွားပါတယ်။ အစာမျိုပြွန် - ပါးစပ်ထဲမှာ ချေဖျက်ပြီးအစားအစာတွေကိုမျိုချလိုက်တာနဲ့ အစာခြေစနစ်ကအလိုအလျောက် အလုပ်စလုပ်ပါပြီ။ ရောက်လာတဲ့အစားအစာတွေ အစာအိမ်ထဲရောက်အောင် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ စားသောက်ပြီးချိန်မှာ ဗိုက်ထဲမကောင်းတာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိခြင်းကနေ အစာအဆိပ်သင့်ခြင်းအထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ဖြစ်ပေါ်တဲ့လက္ခဏာပေါ် မူတည်ပြီး အကြောင်းအရင်းကို ခန့်မှန်းရပါတယ်။ လိုအပ်တဲ့ကုသမှုကို ခံယူနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စားသောက်ပြီးချိန်မှာ ပျို့အန်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း က ဒီအချက်တွေကြောင့်ပါ။ အစာမတည့်ခြင်း တစ်ခါတရံမှာ အစားအစာအချို့ ဥပမာ ခရုကမာ၊ အခွံမာသီး၊ ဥအမျိုးမျိုးကို သင့်ကိုယ်ခံစွမ်းအားကနေ အန္တရာယ်ရှိတဲ့ ပစ္စည်းများအနေနဲ့ မှတ်ယူတတ်ကြပါတယ်။ တစ်ခုခုကိုစားလိုက်မိရင် ကိုယ်ခံအားစနစ်ကနေ ဟစ်စ်တမင်းနဲ့ တခြားဓာတ်ပစ္စည်းများ ထုတ်လုပ်ခြင်းအားဖြင့် တုံ့ပြန်မှုတွေ ပြုလုပ်ပါတယ်။ အဲဒီအခါ ဓာတ်မတည့်ခြင်းလက္ခဏာများဖြစ်တဲ့ အင်ပျဉ်ထခြင်း၊ ယားယံခြင်း စတာတွေ ဖြစ်လာတတ်ပြီး ပျို့အန်တာပါ ဖြစ်လာနိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်း သေချာစွာ ထုတ်ပိုးသိမ်းဆည်းမထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူပိတ် ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။

သင့်ဗိုက်ထဲမှာ ရှိတဲ့ အူအခွေလိုက်ကို ဖြန့်ကြည့်ရင် ၂၅ပေလောက်ရှိပါတယ်။ တစ်နေ့ တစ်နေ့ စားသောက်သမျှ အစားအစာတွေက အူကို ဖြတ်ပြီး နောက်ဆုံး မစင်အနေနဲ့ ထွက်သွားတာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ဒီအစာတွေ အပြင်ကို ပြန်မထွက်နိုင်တဲ့အခါမျိုးလည်း ရှိပါတယ်။ ဥပမာ အူပိတ် နေတယ်ဆိုရင်ပေါ့။ ဒီလောက် ရှည်လျားလှတဲ့ အူလမ်းကြောင်း တလျှောက်မှာ ဘယ်နားကနေ ဘယ်လိုများ အူပိတ်မှာလဲ။ အူပိတ်တဲ့အခါ ပိတ်တဲ့နေရာ ပေါ်လိုက်ပြီး လူနာက ခံစားရတဲ့ လက္ခဏာတွေ မတူပါဘူး။ အူသိမ်ပိုင်းဆို လက္ခဏာက တစ်မျိုး၊ အူမကြီးဆို လက္ခဏာက တစ်မျိုး ခံစားရပါတယ်။ အူပိတ်တာက ကြောက်စရာကောင်းလားဆိုတော့ အူပိတ်တာကြာလာတာနဲ့အမျှ အူထဲက စားကြွင်းစားကျန်တွေ၊ အညစ်အကြေးတွေက ရှေ့လည်း မတိုး၊ နောက်လည်း မဆုတ်နိုင်ဘဲ တဖြည်းဖြည်းများလာပြီး အူပေါက်တတ်ပါတယ်။ ဒါဆိုရင်တော့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အန်တဲ့အခါ ဝမ်းသွားတဲ့အခါ သွေးပါတာ စိုးရိမ်စရာလား။

အန်ချင်လိုက်တာ။ အစာမကြေဘူးထင်တယ်။ အန်လိုက်တော့ အစာတွေတင်မဟုတ်ဘဲ သွေးစတွေ ပါလာတယ်။ အရောင်က ကော်ဖီရောင် ရင့်ရင့် ဖြစ်နေတယ်။ ဝမ်းသွားတာကလည်း ဝမ်းက အနက်ရောင်တွေ ဖြစ်နေတယ်၊ ဝမ်းထဲမှာ သွေးတွေ ပါလာတယ်ဆိုပြီး စိုးရိမ်နေကြပြီလား။ အန်တဲ့အခါ သွေးပါတာ၊ ဝမ်းသွားတဲ့အခါ သွေးပါတာတွေက ပြင်းထန်တဲ့ ရောဂါ တစ်ခုခုကြောင့် ဆိုတာထက် ဖြစ်နိုင်ခြေ အရှိဆုံး တစ်ခုက ပါးစပ်ကစလို့ အစာဟောင်းစွန့်တဲ့ နေရာအထိ ပါဝင်နေတဲ့ အစာခြေစနစ်မှာ ပြဿနာ တစ်ခုခု ရှိနေပြီဆိုတာကို ဖော်ပြနေတာပါ။ ဒီ အခြေအနေကို ကြည့်ပြီး အရမ်း မစိုးရိမ်သွားစေချင်ပါဘူး။ အန်ရင် သွေးပါတယ်။ ဝမ်းသွားတဲ့အခါ သွေးပါတယ်ဆိုတာက ကုသလို့ရတဲ့ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း  ဖြစ်နိုင်တယ် ဆိုတာကို သတိရစေချင်ပါတယ်။ အစာခြေစနစ်မှာ သွေးထွက်တိုင်း အရမ်းမစိုးရိမ်ပါနဲ့။ အန်တဲ့အခါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ .... လူအများစုကတော့ လေလည်တာကို ရယ်စရာကောင်းတယ်၊ တခြားဘေးလူအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ ထင်ကြတတ်ပေမယ့် တကယ်တော့ လေလည်တာဟာ လူတစ်ယောက် ကျန်းမာနေတာကို ပြနေတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ ဒီလိုမျိုး လေလည်မှသာ အစာအိမ်နဲ့ အူလမ်းကြောင်းထဲ အစာချေဖျက်ပြီး ထွက်လာတဲ့လေတွေက အပြင်ကို ပြန်အန်ထွက်လာကာ ဗိုက်အောင့်ဗိုက်နာတာ၊ လေပွတာတွေကို သက်သာစေမှာပါ။ ဘာကြောင့် လေလည်တာလဲ။ အစာစားနေရင်းနဲ့ ပြင်ပက လေတွေက လည်ချောင်းကနေ တစ်ဆင့် အစာအိမ်ထဲက ရောက်သွားတတ်ပါတယ်။ ဒါကြောင့်လည်း အစာစားနေရင် စကားမပြောနဲ့လို့ လူကြီးတွေ ဆုံးမခဲ့ဖူးတာပါ။ အဓိက နောက်တစ်ချက်ကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းက စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရင်းနဲ့ လေတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီလေတွေက ဗိုက်ထဲမှာ များလာတာနဲ့ ဗိုက်အောင့်တာ၊ လေပွတာ၊ ပျို့အန်ချင်တာ၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်