လိပ်ခေါင်းရောဂါရှိသူတွေမှာလည်း သွေးဝမ်းသွားတတ်ပါတယ်။ အူမကြီးအောက်ပိုင်း၊ ဒါမှမဟုတ် စအိုမှာ သွေးပြန်ကြောတွေ ဖောင်းနေခြင်း ဖြစ်ပါတယ်။ ဝမ်းသွားဖို့ အားစိုက်ညှစ်ရတဲ့အခါ သွေးယိုတတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းမှာ ပိတ်ဆို့မှုတခုခုရှိရင်တော့ ဝမ်းအမည်းရောင်၊ ကတ္တရာဝန်း၊ ဒါမှမဟုတ် သွေးဝမ်းသွားတတ်ပါတယ်။
အစားအသောက်ကြောင့်ရော ဖြစ်သလား
သင်စားသောက်လိုက်တဲ့ အစားအစာတွေကလည်း ဝမ်းအရောင်ကို သွေးရောင်၊ အမည်းရောင် စသဖြင့် ဖြစ်စေနိုင်ပါသေးတယ်။ ဖြစ်နိုင်ခြေများတဲ့ အစားအစာတွေကတော့
– အမည်းရောင်နွယ်ချို
– ဘလူးဘယ်ရီ
– ချောကလက်အနက်
– ဂျယ်လတင် အနီရောင် စတာမျိုးတွေ ဖြစ်ပါတယ်။
ရောဂါရှာဖွေစစ်ဆေးခြင်း
ဆရာဝန်ဟာ ရောဂါရာဇဝင်မေးပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ သွေးစစ်ခြင်း၊ ဝမ်းနမူနာ စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်း နည်းလမ်းတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ လိုအပ်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။
ဘယ်လိုကုသမလဲ
သွေးဝမ်း၊ ဝမ်းမည်းသွားရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ဆရာဝန်များက လိုအပ်သလို ကုသပေးပါလိမ့်မယ်။ လိပ်ခေါင်းရှိသူများ၊ ကင်ဆာကျိတ်ရှိသူများအတွက် ဝမ်းသွားရတာ ချောမွေ့အောင် ဝမ်းပျော့ဆေးတွေ သုံးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းမှာ အနာဖြစ်နေရင် အနာကျက်အောင် ကုသရပါမယ်။ ပဋိဇီဝဆေးတွေလည်း သုံးစွဲရတတ်ပါတယ်။
သွေးပြန်ကြောတွေ ပုံမှန်မဟုတ်ရင် ခွဲစိတ်ပြုပြင်ဖို့ လိုအပ်နိုင်ပါတယ်။ သွေးဝမ်းသွားခြင်းဟာ သွေးအားနည်းခြင်းကိုလည်း ဖြစ်စေနိုင်တာကြောင့် သွေးအားကောင်းစေဖို့ ကုသမှုတွေ လိုနိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်းက အကျိတ်တွေ၊ အသားပိုတွေကို ခွဲစိတ်ဖယ်ရှားဖို့လည်း လိုနိုင်ပါတယ်။ အသားစ စစ်ဆေးပြီး ကင်ဆာဖြစ်နိုင်ခြေ အကျိတ်တွေဆိုရင် ဓာတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသရတတ်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး ကုသမှုမျိုးစုံ ဖြစ်နိုင်ပါတယ်။
သွေးဝမ်းမသွားအောင် ဘယ်လိုနေထိုင်မလဲ
အဓိကကတော့ အစာအိမ်အူလမ်းကြောင်းကို ဂရုစိုက်ရပါမယ်။ ရေများများသောက်ပြီး အမျှင်ဓာတ် များများစားရပါမယ်။ ဒါမှသာ ဝမ်းမှန်မှာ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေတဲ့ အရာတွေ ဥပမာ ဆေးလိပ်၊ အရက် စတာတွေ ရှောင်ကြဉ်ရပါမယ်။ အစားကို အချိန်မှန် စားရပါမယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ အစပျိုးလာရင် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။