စီးလိယတ်ရောဂါ (Celiac Disease) ဟာ အစာလက်မခံတဲ့ အခြေအနေတခုဖြစ်ပါတယ်။ ဂလူတန်လို့ခေါ်တဲ့ ပရိုတိန်းတမျိုးကို စားမိရင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် စီးလိယတ်ရောဂါရှိသူတွေဟာ ဂလူတန်မပါတဲ့ အစားအစာများကိုပဲ သတိပြုရွေးချယ်သွားဖို့ လိုအပ်ပါတယ်။
ဒီပြဿနာဟာ လူအတော်များများ ကြုံဖူးကြတဲ့ ပြဿနာဖြစ်ပါတယ်။ အစာအိမ်နဲ့ အစာရေမျိုကြားကို ပိုင်းခြားထားတဲ့ ကြွက်သားလျော့ရဲလာရင် အစာအိမ်ထဲက အက်ဆစ်ဓာတ်ကဲတဲ့ အစာချေရည်တွေဟာ အစာရေမျိုအထိ ပြန်ဆန်တက်လာတတ်ပါတယ်။ အဆိုပါ အခြေအနေမှာ ရင်ခေါင်းအတွင်း မအီမသာဖြစ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ပါးစပ်အတွင်းချဉ်ခြင်း၊ ရင်ပူခြင်း၊ အစာမျိုချရ ခက်ခဲခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ GERD အတွက် သောက်သုံးနိုင်တဲ့ ဆေးဝါးတွေလည်း ရှိပါတယ်။ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဖို့ လိုပါတယ်။
အူလမ်းကြောင်း တနေရာရာမှာ နာတာရှည်ရောင်ရမ်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။ ခရွမ်းရောဂါ (Crohn’s disease) ကတော့ အူလမ်းကြောင်းတခုလုံးကို (အများအားဖြင့် အူသိမ်နှင့်အူမ) ကို ဒုက္ခပေးပါတယ်။ Ulcerative Colitis ကတော့ အူမကြီးမှာ ဖြစ်ပွားပါတယ်။ အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါတွေမှာတော့ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေအပြင် အစားပျက်ခြင်း၊ ဝမ်းကျန်သလိုခံစားရခြင်း၊ ညအချိန်ချွေးထွက်ခြင်း၊ စအိုမှသွေးယိုခြင်း စတာတွေ ကြုံနိုင်ပါတယ်။ အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါတွေကို စောစီးစွာ သိရှိပြီး ကုသမှုခံယူခဲ့ရင် အူလမ်းကြောင်းကို ထိခိုက်မှုနည်းစေမှာ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြသသင့်သလဲ
အထက်ဖော်ပြခဲ့ပြီးတဲ့ လက္ခဏာတွေကြုံရရင် ဆရာဝန်ပြသင့်ပါတယ်။ စောစီးစွာ ကုသမှုခံယူခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာတွေ ထပ်မံမဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။ သွေးဝမ်းသွားခြင်း၊ ဆက်တိုက်ပျို့အန်နေခြင်း၊ ဝမ်းဗိုက် ဆိုးရွားစွာအောင့်ခြင်း၊ ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းသွားခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ရရင်တော့ အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။ အဆိုပါ လက္ခဏာတွေဟာ ရောဂါပိုးဝင်ခြင်း၊ သည်းခြေကျေက်တည်ခြင်း၊ အသည်းရောင်ခြင်း၊ ကင်ဆာဖြစ်ခြင်း၊ အူလမ်းကြောင်းအတွင်းပိုင်း သွေးယိုခြင်း စတာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။