ဆီးချိုရှိသူ တစ်ယောက်က ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုဂရုစိုက်တဲ့အခါသွေးတွင်းသကြားဓာတ်မြင့်နေတာလား၊ ရှိသင့်တာထက်နည်းနေတာလားဆိုတာကိုသေချာသိရှိပြီး မှန်ကန်တဲ့ကုသမှုကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ခံစားရတဲ့ လက္ခဏာတွေကသွေးချိုတက်နေတာလား၊ ကျနေတာလားဆိုတာကို သိရှိနိုင်စေဖို့ ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ကို ဒီဆောင်းပါးလေးကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။
အစာမကြေတာမျိုးဖြစ်မယ် -သွေးတွင်း သကြားဓာတ် မြင့်တက်မှုက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေပြီး အစာ ချေဖျက်မှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာ၊ ရင်ပူတာ၊ အော့အန်တာတွေ ခံစားရနိုင်ပါတယ်။