backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓာတ် မြင့်တတ်စေနိုင်တဲ့ အရာလေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓာတ် မြင့်တတ်စေနိုင်တဲ့ အရာလေးတွေ

ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံနေဖို့လိုပါမယ်။ ဒီလိုပြည့်စုံနေဖို့လိုတဲ့အထဲမှာ အချိုဓာတ်ကလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါပေမယ့် အချိုဓာတ်က လိုတာထက်ပိုများနေရင်လည်း ခန္ဓာကိုယ်အတွက်မကောင်းတာအမှန်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ လုပ်မိတဲ့ အလေ့အထတွေကြောင့် မလိုအပ်ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်မှုဖြစ်စဉ်တွေမဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။

အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တဲ့ အရာတွေက ဘာတွေများလဲ

ကိုယ်နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတွေ ကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်မှုမဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။

နေလောင်တာ -နေလောင်တာကြောင့် စိတ်ဖိစီးမှုဖြစ်နိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုကပဲ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

ပြုပြင်ထားတဲ့ အချိုဓာတ်တွေ -လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်သေးတယ်ဆိုပေမယ့် ပြုပြင်ထားတဲ့ အချိုဓာတ်တွေက သဘာဝအချိုတွေထက်သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

ကော်ဖီ -ကော်ဖီကို သကြားမထည့်ဘဲ သောက်ရင်တောင်မှ ကဖင်းဓာတ်ကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။

အိပ်ရေးပျက်တာ – ညဘက်မှာ အိပ်ရေးပျက်တာက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကျဆင်းစေပြီးသွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။

မနက်စာမစားတာ – မနက်ခင်းမှာ မနက်စာ မစားမစားဘဲနေတာကလည်း သွေးတွင်းသကြားဓာတ်ကို တော်တော်လေးမြင့်တက်စေနိုင်ပါတယ်။

နေ့ခင်းနေ့လယ်တစ်နေ့တာရဲ့နေ့လယ်ပိုင်း၊ ညနေပိုင်းတွေကို ရောက်လာတဲ့အခါမှာလည်း သွေးတွင်းသကြားဓာတ်က မြင့်တက်ပြီး ထိန်းချုပ်ဖို့ခက်နိုင်ပါတယ်။

မနက်ခင်းဖြစ်နေတာ – မနက်ခင်းမှာ ကိုယ်တွင်းဟော်မုန်းပမာဏတွေ မြင့်တက်မှုကြောင့် ဆီးချိုရှိသူမှာရော ဆီးချိုမရှိသူမှာပါ သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။

ရေဓာတ်နည်းတာ – ကိုယ်တွင်းမှာ ရေဓာတ်နည်းတာကြောင့်လည်း သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်ပါတယ်။

နှာခေါင်းဖြန်းဆေးအသုံးပြုတာနှာစေးနှာပိတ်တာကို သက်သာစေဖို့အသုံးပြုတဲ့ နှာခေါင်းဖြန်းဆေးတွေမှာပါတတ်တဲ့ ဓာတုပစ္စည်းတွေကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

သွားဖုံးရောဂါရှိတာ – သွားဖုံးရောဂါခံစားနေရတာကြောင့်လည်းသွေးတွင်းသကြားဓါတ်မြင့်တက်နိုင်ပါတယ်။ တစ်ခါတလေမှာ သွားဖုံးရောဂါခံစားနေရတာကသွေးချိုဆီးချိုရောဂါရှိနေတာရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နေနိုင်ပါတယ်။

အဖျားနေတာ – အဖျားရှိနေတာကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါ။

တစ်နေ့တာလုပ်ဆောင်မိနေတဲ့ အပြုအမူတွေထဲမှာ အခုပြောခဲ့တဲ့ အလေ့အထလေးတွေကို လုပ်မိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့်ဖြစ်နိုင်ရင် သတိထားစေချင်ပါတယ်။ ကဲ ….. မသိလို့လုပ်မိနေတယ်ဆိုရင်တောင် ဒီအလေ့အကျင့်လေးတွေကို အခုပဲ ဆင်ခြင်လိုက်ပါနော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement