ပါဝင်တဲ့အာဟာရဓာတ်တွေကို သေချာဖတ်ပါ။ label မှာဖော်ပြထားတဲ့ အာဟာရ ဓာတ်ပါဝင်မှုတွေက တစ်ကြိမ်စာ စားသုံးမယ့်ပမာဏနဲ့ ကိုက်ညီရဲ့လား သေချာကြည့်ပါ။ ကုန်ပစ္စည်းမှာပါဝင်တဲ့ ကယ်လိုရီပမာဏကို စစ်ကြည့်ပါ။ ကိုယ်အလေးချိန်လျှော့ချတဲ့အစီအစဉ်ကိုတော့ အနှောင့်အယှက်မဖြစ်ပါစေနဲ့။ ပြည့်ဝဆီနဲ့ ဆိုဒီယမ်ပါဝင်မှုကို တွက်ချက်ပါ။ ဆီးချိုဝေဒနာရှင်အတော်များများဟာ အဆီနဲ့အငန်ပါဝင်မှုကန့်သတ်ထားတဲ့ အစာအာဟာရကိုပဲ စားသုံးသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက သောက်သုံးမယ့်သူရဲ့လိုအပ်ချက်အတွက် သင့်လျော်ရဲ့လားဆိုတာ သေချာချင့်ချိန်ပါ။ အထူးသဖြင့် ဆီးချိုရှိသူတွေဟာ ဖြည့်စွက်စာရွေးချယ်တဲ့အခါ ဆီးချိုသမားတွေအတွက် ရည်ရွယ်ပြီး သီးသန့်စီမံထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုပဲ ရှာသင့်ပါတယ်။ သကြားဓါတ်ပါဝင်မှုများတဲ့ ရိုးရိုးဖြည့်စွက်စာတွေကို ရွေးမိမယ်ဆို သွေးတွင်းသကြားမြင့်တက်မှု အန္တရာယ်ရှိပါတယ်။
နောက်ဆုံးဖော်ပြချင်တာက ဒီလို ဖြည့်စွက်အာဟာရတစ်ခုခုကို သုံးစွဲနေတယ်ဆိုတဲ့အကြောင်းကိုတော့ ဆရာဝန်ကိုပြောပြထားရပါမယ်။ ဒါမှ ဆရာဝန်က အကောင်းဆုံးအကြံဉာဏ်တွေနဲ့ တခြားသိထားသင့်တဲ့ အကြောင်းအရာတွေကို ပြောပြဆွေးနွေးပါလိမ့်မယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။