မနက်စာမစားခြင်း အလုပ်ရှုပ်သောကြောင့် သင်သည် မနက်စာ မစားရသည့် နေ့များ ရှိနိုင်ပါသည်။ မနက်စာသည် တစ်နေ့တာတွင် အရေးအကြီးဆုံး အစားအစာ ဖြစ်ပါသည်။ ၎င်းသည် သင့်ကို တစ်နေ့တာလုံး အတွက် စွမ်းအင်များ ပေးပါလိမ့်မည်။ မနက်စာ လွတ်ခြင်းသည် သင့်ကို အချိန်အများကြီး မသက်သာစေပါ။ ထိုအရာသည် သင့်ကို ဆီးချိုရောဂါ ဖြစ်ရန် အကြောင်း ဖြစ်လာနိုင်ပါသည်။ နေ့လည်စာ မတိုင်ခင်အထိ ဗိုက်ဆာနေခြင်းသည် ခန္ဓါကိုယ်တွင် ပြောင်းလဲခြင်းများကို ဖြစ်စေပြီး အင်ဆူလင် ထွက်ခြင်းကို နှောင့်ယှက်ပြီး သကြားဓါတ်ကို တက်စေသည်။
ညစာ စားပြီးနောက် အဆာပြေမုန့်များ ထပ်စားခြင်းသည် ဆီးချို လူနာများအတွက် တားမြစ်ရမည့် အရာဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော အဆာပြေ မုန့်များသည် ကိုယ်အလေးချိန်ကို တက်စေပြီး ညဘက် အစားစားခြင်းသည် သွေးထဲရှိ သကြားဓါတ်ကို တက်စေသည်။ ညစာစားပြီး ထပ်စား လိုလျှင် သစ်သီး အနည်းငယ်ကိုသာ စားပါ။
ဆီးချိုကို ဖြစ်စေသော အလေ့အထ အနည်းငယ်ကို သိပြီးနောက် သင်သည် ကျန်းမာရေးကို ကောင်းလာစေရန် ပြောင်းလဲမှုများ ပြုလုပ်ရန် အဆင်သင့် ဖြစ်ပါပြီလား။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပိုမို ပြုလုပ်သင့်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို သိနေရပါမည်။ သင့်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသော အလေ့အထ ကောင်းများကို ပြင်ဆင်ခြင်းဖြင့် သင့်ကျန်းမာရေးကို ကောင်းစေရန် ပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။