backup og meta

ဆီးချိုအမျိုးအစား (၁) အတွက် မျှတသော အစားအသောက်ပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုအမျိုးအစား (၁) အတွက် မျှတသော အစားအသောက်ပုံစံ

    ကစီဓါတ်စားသုံးမှုနဲ့ အင်ဆူလင်နဲ့ မျှတတဲ့ စားသောက်မှုကို ပြုခြင်းဟာ အမျိုးအစား (၁) ဆီးချို ရောဂါသည်တွေအတွက် မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။

    ဆီးချိုစာ။ ကစီဓါတ်ဟာ အဓိကဖြစ်ပါတယ်။

    ကစီဓါတ်ဟာ ပရိုတိန်းနဲ့ အဆီဓါတ်တွေနဲ့စာရင် ဆီးချိုရောဂါကို ပိုပြိး အကျိုးသက်ရောက်ပါတယ်။ အမျိုးအစား (၁) ရောဂါမှာ ခန္ဓါကိုယ်ဟာ သွေးထဲကသကြားဓါတ်ကို မယူနိုင်တော့ပါဘူး။ အဲဒီအခါ သွေးထဲက သကြားဓါတ်ဟာ မြင့်တက်လာပါတယ်။ ဒါကို မကုသရင်၊ ကစီဓါတ်ပါတာတွေ စားနေရင် သကြားဓါတ်ဟာ ပိုပြီး မြင့်တက်လာနိုင်ပါတယ်။

    အမျိုးအစား (၁) ဆီးချိုရောဂါသည်ဟာ သွေးထဲက သကြားဓါတ်ကို ထိန်းပေးတဲ့ အင်ဆူလင်ဟော်မုန်းကို နေ့စဉ် လိုအပ်ပါတယ်။ ဆီးချိုရောဂါကုသတဲ့ အဓိကရည်မှန်းချက်တခုကတော့ သွေးတွင်းသကြားဓါတ်ကို ပုံမှန်အနေအထားနဲ့ အနီးစပ်ဆုံး ထိန်းထားနိုင်ဖို့ပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုရင် သင်စားနေတဲ့ ကစီဓါတ်ကို ဂရုစိုက်ပြီး တွက်ဆပေးဖို့ပါပဲ။

    ကစီဓါတ်တွက်ဆဖို့ ၂ခု သိရပါမယ်။ တခုက သင်စားတဲ့ အစားအသောက်မှာ ကစီဓါတ် ဘယ်လောက်ပါတယ်ဆိုတာနဲ့ နောက်တခုက ဒီကစီဓါတ်ပမာဏအတွက် လုံလောက်တဲ့ အင်ဆူလင်ဓါတ်ဖြစ်ပါတယ်။

    စားစရာတွေမှာ ဘယ်ပစ္စည်းတွေ ပါဝင်တယ်လို့ တံဆိပ်ကပ်ထားခြင်းဟာ ကစီဓါတ်ပါဝင်နှုန်းကို သိနိုင်ဖို့ အထောက်အကူပေးပါတယ်။ အစာအာဟာရအကြောင်း ရေးထားတဲ့စာအုပ်တွေဟာ အသီးအရွက်တွေနဲ့ အညွှန်းမရေးထားတဲ့ စားစရာတွေအတွက် အထောက်အကူ ပြုပါတယ်။ သင့်ဆရာဝန် သို့ ဆီးချိုအကြောင်း နားလည်သူတယောက်ယောက်က သင့်အနေနဲ့ အင်ဆူလင်ဘယ်လောက်လိုကြောင်း ညွှန်နိုင်ပြီး ကစီဓါတ် ဘယ်လိုတွက်ဆမလဲ ဆက်စပ်သိနိုင်ပါတယ်။

    ဆီးချိုစာ။ စားသောက်မှုမှာ ထည့်သွင်းသင့်တဲ့ စားစရာများ

    ကစီဓါတ်တွက်ချက်မှုဟာ သင့်အတွက် သိပ်မတင်းကြပ်ရင် ကျန်းမာရေးနဲ့ သင့်တော်တဲ့ စားစရာမှန်သမျှ စားနေနိုင်ပါသေးတယ်။ ကစီဓါတ်မျှတဖို့ အားစိုက်ထုတ်စရာ လိုသူတွေကလွဲရင် အမျိုးသစား (၁) ဆီးချိုရောဂါသမားတယောက် ကျန်းမာအောင် ဘယ်လိုစားသုံးရမယ်ဆိုတာ တခြားလူတွေနဲ့ အတူတူပါပဲ။ အမျှင်ဓါတ်များတဲ့ စားစရာတွေ၊ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ ပြည့်ဝဆီနဲ့ ဆားနည်းတဲ့အစာတွေ မျိုးစုံကို နေ့စဉ် စားသုံးရပါမယ်။

    ဘရောင်းရစ်ဆိုသူက ‘’ဆီးချိုရှိသူအများက အသီးတွေဟာ အချိုများလို့ဆိုပြီး မှားယွင်းစွာ ရှောင်ကြဉ်ကြပါတယ်’’ လို့ သတိပေးခဲ့ပါတယ်။ တကယ်တော့ အသီးတွေမှာ အာဟာရဓါတ်တွေ၊ အမျှင်ဓါတ်တွေပါဝင်ပြီး အဆီဓါတ်၊ ဆားနဲ့ ကယ်လိုရီဓါတ်နည်းပါတယ်။ နေ့စဉ်စားသောက်မှုပုံစံ သတ်မှတ်ပြီးသားဆိုရင် ဘယ်လောက်အချိုးအဆ စားဖြစ်တယ်ဆိုတာရယ်၊ သင်စားတဲ့အသီးမှာ ကစီဓါတ် ဘယ်လောက်ပါတယ်ဆိုတာရယ် သတိထားနေဖို့ပါပဲ။

    ဆီးချိုစာ။ အစားအသောက်စာရင်းက ဖယ်ထုတ်ရမယ့် စားစရာများ

    ပြုပြင်ထားတဲ့ စားစရာတွေ၊ ဥပမာ- အေးခဲစာ၊ စည်သွပ်စာ၊ ထမင်းဘူး၊ ခေါက်ဆွဲထုပ်နဲ့ စည်သွပ်ထားတဲ့ စွပ်ပြုတ်စတာတေါဟာ အသင့်စားကောင်းအောင်လုပ်ထားတာမို့ သူတို့နဂို အနေအထားကနေ ပြောင်းလဲနေပါတယ်။ အဲ့ဒီစားစရာတွေမှာ ဆား၊ သကြား၊ အဆီဓါတ်တွေ ပါဝင်ပြီး အမျှင်ဓါတ်၊ ဗီတာမင်၊ ဓါတ်ဆားတွေမှာတော့ လျော့မည်းနေပါတယ်။

    ဆီးချိုသမားအတွက် ကျန်းမာရေး အထောက်အကူပြု စားစရာစာရင်း ပြုစုရာမှာ သိပ်ပြီး ခက်ခဲနေစရာ မလိုပါဘူး။ အများစုဟာ တပတ်နဲ့တပတ် အတူတူပဲ စားရမှာပါ။ သိပ်မကြာခင်ကာလမှာ သင်နှစ်သက်တဲ့ စားစရာတွေမှာ ကစီဓါတ်ဘယ်လောက်ပါလဲ မှတ်မိသွားပြီး စားစရာတွေ၊ အင်ဆူလင်နဲ့ သွေးထဲကသကြားဓါတ်ကို ဘယ်လိုမျှတအောင် စားသုံးသင့်လဲ ချိန်ဆသွားနိုင်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement