ဆီးချိုအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ။ ။
ဆီးချိုအမျိုးအစား (၂) မျိုးရှိပါတယ်။
ဆီးချိုအမျိုးအစား ၁ ။ မွေးကတည်းက ကိုယ်တွင်းခုခံအား စနစ်က ပန်ကရိယမှာရှိတဲ့ အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို မှားတိုက်နေလို့ အင်ဆူလင် လုံးဝမထွက်နိုင်တော့ဘဲ သွေးတွင်းမှာ သကြားဓါတ်တွေ စုပုံနေတာကြောင့် ဆီးချိုဖြစ်လာရခြင်းဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ရဲ့ အဓိက ကုသမှုကတော့ အင်ဆူလင်ပဲဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ကတော့ ကလေးကတည်းက အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာလည်း ရံဖန်ရံခါဖြစ်နိုင်ပါတယ်။
ဆီးချိုအမျိုးအစား ၂ ။ သူကတော့ အသက်ကြီးလာတာနဲ့အမျှ ထွက်နေတဲ့ အင်ဆူလင်ကို ကိုယ်ခန္ဓါကကောင်းကောင်း အသုံးမချနိုင်တော့တာ၊ အင်ဆူလင်လုံလုံလောက်လောက်မထွက်တာကြောင့် သွေးတွင်းမှာသကြားဓါတ်တွေစုပုံနေပြီး ဆီးချို ဖြစ်လာရခြင်းဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၂ ရဲ့ ပြင်းထန်မှု အပေါ် မူတည်ပြီး အစားသောက်၊ လေ့ကျင့်ခန်းနဲ့ ဆီးချိုထိန်းသောက်ဆေး၊ အင်ဆူလင်ထိုးဆေးတို့ နဲ့ ကုသလို့ရပါတယ်။
ဆီးချိုအမျိုးအစား ၁ ကတော့ ရှင်းပါတယ်။ အင်ဆူလင် တစ်မျိုးတည်းနဲ့ ပဲ ကုသလို့ရတာပါ။ ပြီးတော့ လက်ရှိဖြစ်နေတဲ့ ဆီးချိုရောဂါမှာ အများစုက ဆီးချိုအမျိုးအစား ၂ ဖြစ်တဲ့ အတွက်ကြောင့် ဆီးချိုအမျိုးအစား ၂ ကိုဆေး အပြင် အခြား အစားနဲ့ထိန်းတာ၊ လေ့ကျင့်ခန်းနဲ့ထိန်းတာ တွေ လုပ်လို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။