backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးချိုထိန်းရာမှာ အကူအညီပေးမယ့် အာဟာရနည်းလမ်းအသစ်


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုထိန်းရာမှာ အကူအညီပေးမယ့် အာဟာရနည်းလမ်းအသစ်

ဆီးချိုထိန်းရာမှာ အကူအညီပေးမယ့် အာဟာရနည်းလမ်းအသစ်

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆီးချိုသွေးချိုရောဂါခံစားနေရသူတွေ တော်တော်လေးများလာပါတယ်။ ဆီးချိုသွေးချိုခံစားရတဲ့အခါ အနေအထိုင် အစားအသောက်အရာရာကို ဂရုစိုက်နိုင်မှ သက်တမ်းစေ့စေ့နေနိုင်မှာပါ။ ဒါကြောင့် ဆီးချိုဝေဒနာကို မခံစားရခင်က ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ ဘယ်သူမှတော့ ရောဂါဖြစ်လိုကြမှာမဟုတ်ပါဘူး။ မဖြစ်ချင်ပေမယ့် ရောဂါခံစားလာတဲ့အခါမှာတော့ သေသေချာချာဂရုစိုက်ပေးဖို့က မဖြစ်မနေလိုအပ်တဲ့အချက်ပေါ့။ ဒီဆောင်းပါးလေးထဲမှာ ဆီးချိုဝေဒနာသည်တွေအတွက် ဆီးချိုထိန်းရာမှာ အထောက်အပံ့ဖြစ်စေမယ့် အာဟာရနည်းလမ်းသစ်လေးတစ်ရပ်ကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ Whey protein ပါ။

Whey Protein ဆိုတာ

Whey Protein ဆိုတာက နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါဝင်နေတဲ့ အဓိကကျတဲ့ပရိုတင်းတွေထဲတစ်မျိုးပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အဆီကျစေဖို့နဲ့ ကြွက်သားတက်လာစေဖို့အတွက် အားကစားလုပ်တဲ့အခါမှာ သောက်ရတဲ့ အားဖြည့်သောက်စရာတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ လေ့လာတွေ့ရှိချက်တွေအရ Whey Protein က အမျိုးအစား – ၂ ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သိရှိခဲ့ကြပါတယ်။

ဆီးချိုသမားနဲ့Whey protein

ဆီးချိုရောဂါရှိသူတွေအနေနဲ့ အစာကြေမမြန်၊ သွေးတွင်းသကြားဓါတ်ကို ခပ်မြန်မြန်ကြီးတက်သွားတာမျိုးမဖြစ်စေတဲ့ အစားအစာတွေကိုစားသုံးဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပြုထောက်ခံထားကြပါတယ်။ ဆီးချိုသမားတွေဟာ ကြွက်သားဆုံးရှုံးမှုဖြစ်လေ့ရှိတာကြောင့်လည်း အစားအသောက်တွေထဲမှာ ပရိုတင်းရင်းမြစ်တွေပါဝင်ဖို့ကိုပါ အကြံပြုကြပါတယ်။ ဒီတော့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Whey Protein ကဆီးချိုရောဂါရှိသူတွေအတွက် ဘယ်လိုအထောက်အကူပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအတွင်း နေ့စဉ်အစားအစာတွေစားသုံးတဲ့အခါ Whey Protein ကိုထည့်သွင်းစားသုံးခြင်းက အမျိုးအစား – ၂ ဆီးချိုရောဂါရှိသူတွေမှာ အင်ဆူလင်ထုတ်လုပ်မှုပိုမိုကောင်းမွန်လာပြီး သွေးတွင်းသကြားပမာဏက ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းလောက်အထိကျဆင်းနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။

သွေးတွင်းသကြားဓါတ်ကျဆင်းအောင် Whey Protein ကဘယ်လိုလုပ်ဆောင်ပေးသလဲ

ဆီးချိုရှိသူတွေအတွက် Whey Protein က အောက်မှာပြောပြတဲ့အကြောင်းအချက်လေးတွေအတိုင်းအထောက်အကူပြုပေးပါတယ်။

Whey Protein မှာ Amino Acid ကြွယ်ဝစွာပါဝင်နေပါတယ်

Whey Protein မှာ L-cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်အတွက် အရမ်းအရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကို ထွက်ရှိလာအောင်လုပ်ဆောင်ပေးပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေက ခန္ဓါကိုယ်ထဲမှာ ဓါတ်တိုးပစ္စည်းတွေများလာတာကြောင့် ဖြစ်တဲ့ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနည်းတာကို သက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ ဆီးချိုကြောင့် မျက်လုံးထိခိုက်ခြင်းအာရုံကြောအားနည်းခြင်း ကျောက်ကပ်ထိခိုက်ခြင်းလိုမျိုး နောက်ဆက်တွဲရောဂါတွေအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

သွေးတွင်းအဆီဓါတ်ကိုကျဆင်းစေတယ်

Whey Protein က ဆီးချိုသမားတွေမှာ အစားစားပြီးချိန် သွေးတွင်းအဆီတက်လာတာကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းအဆီဓါတ်တိုးလာမှာကို စိတ်ပူစရာနည်းသွားမှာပါ။

အင်ဆူလင်ထွက်ရှိလာအောင် လုပ်ဆောင်ပေးနိုင်တယ်

အစားအစာတွေစားသောက်တဲ့အခါ Whey Protein ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် အင်ဆူလင်ထွက်ရှိမှုတိုးလာအောင် လှုံ့ဆော်ပေးနိုင်မှာပါ။ အင်ဆူလင်က သွေးထဲက သကြားဓါတ်တွေကို ကြွက်သားတွေက သုံးစွဲနိုင်အောင် ပြုလုပ်ပေးတဲ့အတွက် သွေးတွင်းသကြားဓါတ်ကို လျော့နည်းစေပြီး ကြွက်သားဆုံးရှုံးမှုတွေကို အကာအကွယ်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပါတယ်

သွေးတွင်းသကြားဓါတ်ကို ထိန်းညှိတာနဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက ဆီးချိုရောဂါရှိသူတွေမှာ ရောင်ရမ်းမှုတွေဖြစ်မလာအောင် ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ Whey Protein ကို ဖြည့်စွက်စာအနေနဲ့ စားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေရုံတင်မဟုတ်ဘဲ အသည်းအဆီတွေကိုလျော့ကျစေနိုင်မှာပါ။

အစားအများကြီးမစားမိအောင် လုပ်ဆောင်ပေးနိုင်တယ်

ကိုယ်အလေးချိန်ပုံမှန်ထက်များနေတာ၊ အဝလွန်တာတွေက ဆီးချိုရောဂါကိုဖြစ်စေတဲ့ အကြောင်းရင်းခံတွေပါ။ Whey Protein က အဆာခံစေတာကြောင့် ခဏခဏအစားစားမိတာမျိုးအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ အစားတွေကို တသွတ်သွတ်မစားမိတဲ့အခါ သွေးချိုတက်တာနဲ့ အဝလွန်တာမျိုးမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

အရေပြားဓါတ်မတည့်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်

Whey Protein ကအရေပြားမှာ ဓါတ်မတည့်မှြုဖစ်တာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အတွက် ဆီးချိုရဲ့နောက်ဆက်တွဲအရေပြားပြဿနာတွေမဖြစ်လာစေနိုင်ပါဘူး။

ကိုယ်ခံအားကောင်းစေပါတယ်

Whey Protein မှာပါဝင်တဲ့ စွမ်းအားမြင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ glutathione က ကိုယ်ခံအားကို ကောင်းမွန်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းမှ ရောဂါတွေအန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ ဆီးချိုသမားတွေမှာ ကိုယ်ခံအားက ကျဆင်းနေတတ်တဲ့အတွက်ကြောင့် ရောဂါပိုးကူးစက်ခံရနိုင်မှု မြင့်တက်နေချိန်မှာ Whey protein က ကိုယ်ခံအားပြန်လည်မြင့်တက်လာစေဖို့ အထောက်အကူပြုမှာပါ။

တစ်နေ့တာအတွက် စားသုံးသင့်တဲ့ Whey Protein ပမာဏ

Whey protein ကို တစ်နေ့ကို အနည်းဆုံး ၂၀ဂရမ်လောက်သောက်ရင် လုံလောက်ပါတယ်။ အဲဒီပမာဏက သင်နို့သောက်လိုက်ရင် ၊ ဒိန်ခဲစားလိုက်ရင် ရမယ့် ပရိုတင်း ပမာဏပဲဖြစ်တာကြောင့် ဆီးချိုသမားတစ်ယောက်သောက်နိုင်တဲ့ အတိုင်းအတာ ပဲဖြစ်တယ်။

ကဲ ဆီးချို သမားတွေ အတွက် whey protein ကတော့ အားထားရမယ့် အစားအသောက်တစ်ခုပဲနော် ။ ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement