သူတို့ကြိုက်တတ်တဲ့စားစရာတစ်ခုခုက သိပ်မတည့်ဘူးဆိုရင် ကျန်းမာရေးနဲ့ညီမယ့်ပုံစံအဖြစ်ပြောင်းလဲပြင်ဆင်ပေးပါ။ ဥပမာ အာလူးကြော်အစား ကန်စွန်းဥကိုအစားထိုးတာမျိုး၊ ယိုကြိုက်တယ်ဆိုရင် သကြားမပါတဲ့သဘာဝအသီးယိုတွေ ကိုယ်တိုင်ထိုးပေးတာမျိုး။
- ဟင်းချက်ရင် ရိုးရိုးရှင်းရှင်းပဲချက်ပါ
ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေက ခက်ခက်ခဲခဲပြင်ဆင်ရတာနည်းပါတယ်။ ဟင်းတွေပြင်ဆင်တဲ့အခါ အသား၊ငါးနဲ့ အသီးအရွက်မျှတအောင်စီစဉ်သင့်ပေမယ့် ချက်နည်းမှာ သိပ်မကွန့်စေချင်ပါ။ ဆိုင်ချက်တွေလို ခရုဆီ၊အမွှေးအကြိုင်တွေ၊ ဟိုဟာဒီဟာထည့်တာ၊ အဆင့်ဆင့်ကြော်လှော်တာတွေထက် ဆီနည်းနည်းနဲ့လွယ်လွယ်ချက်တာကပိုကောင်းပါတယ်။ အသားနဲ့ငါးကို ကင်တာ၊ ပေါင်းတာတွေလည်းကျွေးလို့ရပါတယ်။
- ပုံမှန်အလေ့အကျင့်လုပ်ပေးပါ
မနက်စာ၊နေ့လယ်စာ၊ညစာ ဒါမှမဟုတ် အဆာပြေစားချိန်တို့ကို အချိန်မှန်စားနိုင်အောင် ပုံမှန်အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ ဆီးချိုသွေးချိုဆိုတာ အစာမရှိရင် ကျတတ်တာမို့ ထမင်းစားချိန်နောက်မကျဖို့၊ ဆေးပုံမှန်သောက်နိုင်ဖို့အရေးကြီးပါတယ်။
ဆီးချိုရောဂါရှိနေတဲ့ သူတွေအတွက် အစာအာဟာရအဖြစ်စေဆုံးက ပရိုတင်းဓါတ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဆီးချိုသီးသန့်ဖြည့်စွက်အာဟာရတွေမှာ ပရိုတင်းအဓိကထုတ်လုပ်ကြတာဖြစ်ပါတယ်။ နို့ထွက်ပရိုတင်းတွေထဲမှာမှ Whey protein လို့ခေါ်တဲ့တစ်မျိုးကို ကြွက်သားတက်စေဖို့နဲ့ အဆီကျစေဖို့ အားကစားဖြည့်စွက်အစာအဖြစ်သုံးနေကြတာကြာပြီဖြစ်ပါတယ်။ အဲဒီ Whey proteinက ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သုတေသနတွေက တွေ့ရှိတာမကြာသေးပါဘူး။ Whey protein ကို မနက်စာမစားခင် စားသုံးတဲ့အခါ အမျိုးအစား(၂) ဆီးချိုရောဂါကို ကာကွယ်နိုင်၊ ထိန်းချုပ်နိုင်တယ်လို့ Newcastle University ကလေ့လာမှုအရသက်သေပြခဲ့ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။