အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေ။ ။

မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေက ဘာတွေဖြစ်မလဲ။ မိန်းမကိုယ်ဆိုတာ တခြားခန္ဓါကိုယ်ေပါ်က အရာတွေလိုပဲ သန့်သန့်ရှင်းရှင်း မထားရင် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ မိန်းမကိုယ်မှာ ပုံမှန်အနံ့တစ်မျိုးရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ သွေးဆုံးချိန်တို့နဲ့လိုက်ပြီး အနံ့က ပြောင်းလဲတတ်ပါတယ်။ ပုံမှန်ရှိတတ်တဲ့ အနံ့ကလွဲလို့ အခြား အနံ့ဆိုးဆိုးတွေ မိန်းမကိုယ်ကထွက်နေပြီဆိုရင်တော့ သတိပြုရမယ့် အနေအထားဖြစ်နေပါပြီ။ အနံ့ဆိုးဆိုးဆိုတာကလည်း သူတစ်ယောက်တည်းမလာတတ်ပါဘူး။ သူနဲ့အတူ မိန်းမကိုယ်ယားတာ၊ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ၊ မိန်းမကိုယ်ရောင်တာတွေပါ ပါလာပြီဆိုရင်တော့ သင့်မိန်းမကိုယ်မှာပုံမှန်မဟုတ်တာတစ်ခုခုဖြစ်နေပါပြီ။ ဒါကြောင့် မိန်းမကိုယ်ကနေ အနံ့နံတယ်၊ တခြား ယားယံတဲ့ လက္ခဏာတွေလည်းရှိနေတယ် ဆိုရင် ဘာတွေလုပ်သင့်လဲ၊ ဘာတွေမလုပ်သင့်ဘူးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေ။ ။ မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်အနံ့ဆိုးတာဖြစ်နေရင် သက်သာအောင် ဘာတွေရှောင်သင့်သလဲ။ အဓိကကတော့ […]


အမျိုးသမီး ကျန်းမာရေး

ရောဂါပိုးမွှားကာကွယ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်သုံးရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၈) ချက်

တစ်လတစ်ကြိမ် ဒီအချိန်ရောက်တိုင်း ပင်ပန်းရတာ မိန်းကလေးတွေရှောင်လွှဲလို့မရပါဘူး။ ကိုက်တာခဲတာတွေ မဖြစ်ရင်တောင် အားနည်းသလို၊ခြေလက်မသယ်ချင်သလို၊ မလန်းသလိုဖြစ်လွယ်တာက အနည်းနဲ့အများပါပဲ။ဖြစ်နေကျပဲဆိုပြီးပေါ့ပေါ့ဆဆတော့ မထားသင့်ဘူးနော်။ မိန်းကလေးရဲ့ဘဝမှာ ဓမ္မတာမှန်ခြင်း၊မမှန်ခြင်း၊သားအိမ်နဲ့မိန်းမကိုယ်ကျန်းမာရေးတို့က အရေးပါဆုံးအပိုင်းတွေအဖြစ် ပါဝင်နေလို့ပါ။ တွေးကြည့်ပါ။ ရာသီလာနေတဲ့အချိန်မှာ တခြားလုပ်စရာကိစ္စတွေကိုတောင်မပျက်မကွက်အာရုံစိုက်နိုင်သေးတာပဲ၊ ကိုယ့်ကျန်းမာရေးအတွက် ဘာလို့ဂရုမစိုက်နိုင်ရမှာလဲနော်။ ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေသက်သာဖို့ကိုပဲ အာရုံစိုက်ကြတာ သန့်ရှင်းရေးအတွက်ရောသေချာဂရုစိုက်မိရဲ့လား။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့မိန်းမကိုယ်သန့်ရှင်းရေးဆိုတာ အမြဲဂရုစိုက်နေသင့်တဲ့အရာတွေဖြစ်တဲ့အပြင် ရာသီလာချိန်မှာဆို ပိုအရေးကြီးပါတယ်တဲ့။ ရာသီသွေးဆိုတာ ခန္ဓါကိုယ်ပြင်ပရောက်တာနဲ့ ဘက်တီးရီးယားကပ်တွယ်ရှင်သန်ဖို့ လွယ်ကူစေတဲ့ စိုထိုင်းတဲ့အနေအထားကိုဖြစ်စေတဲ့အပြင် ရာသီလာတဲ့အချိန်မှာ သားအိမ်ခေါင်းအဝကပွင့်နေတဲ့အချိန်ဖြစ်လို့ ပိုးမဝင်ဖို့ပိုသတိထားသင့်ပါတယ်။ ကဲ သန့်ရှင်းရေးတော့ခဏခဏလုပ်နေတာပဲ၊ အိမ်သာခန်းထဲမှာ ဆပ်ပြာသီးသန့်ထားပြီး အမြဲသန့်စင်ပေးတယ် ဆိုတာမျိုးက ပိုဆိုးပါတယ်နော်။ ဆပ်ပြာတွေမှာက မိန်းမကိုယ် pH အဆင့်ထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေ၊ယားယံစေနိုင်၊ ဓါတ်မတည့်ဖြစ်စေနိုင်၊ ခြောက်သွေ့စေနိုင်မယ့် ဓါတုပစ္စည်းတွေ နဲ့ အနံ့အသက်မွှေးစေမယ့် အနံ့တုတွေပါဝင်နေမှာသေချာပါတယ်။ သန့်ရှင်းစေတာထက် မိန်းမကိုယ်အတွင်းမှာ သဘာဝအလျောက်ရှိနေမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ(ရောဂါပိုးတွေကိုကာကွယ်ပေးတဲ့)ကိုပါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့

အရေပြားမှာ ယားယံမှုဖြစ်တာက တော်တော်လေး စိတ်မသက်မသာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ သာမန်အရေပြားပေါ်မှာဖြစ်တဲ့ ယားယံမှုကတောင် ကသိကအောက်ဖြစ်စေနိုင်တယ်ဆိုရင် မိန်းမကိုယ် လိုမျိုးနေရာမှာ ယားယံမှုခံစားရရင်တော်တော် စိတ်ရှုပ်စရာကောင်းမယ်နော်။ ဒီလိုဖြစ်တဲ့အခါ မိန်းကလေးတော်တော်များများက ရှက်တာကြောင့် ဆရာဝန်ပြဖို့ မလုပ်ကြသလို မိခင်၊ အမလိုမျိုး မိသားစုဝင်တွေကိုတောင် ဖွင့်ဟတိုင်ပင်ခဲကြပါတယ်။ ဒီဆောင်းပါးလေးမှာ လေဒီလေးတို့ သိထားသင့်တဲ့ မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့ဘယ်လို လုပ်ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။ ဒီအချက်တွေကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ် မိန်းမကိုယ်တဝိုက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာမှုကြောင့် မှိုပိုးတွေဖြစ်ပေါ်လာမှုကြောင့် ကပ်ပါးပိုးတွေရှိနေတာ ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်းပမာဏ ကျဆင်းနေမှုကြောင့် မိန်းမကိုယ်က တစ်ရှူးတွေခြောက်သွေ့နေတာ သွေးဆုံးအကြိုလက္ခဏာ တင်းကျပ်လွန်းတဲ့ အတွင်းခံတွေ ဝတ်ဆင်တာတွေကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ်။ မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့ မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့ ဆိုရင် ရေများများသောက်ပေးပါ -ရေများများသောက်ပေးတဲ့အခါ မိန်းမကိုယ်မှာဖြစ်နေတဲ့ မှိုပိုးကူးစက်မှုကြောင့် ယားယံတာကို ခန္ဓာကိုယ်က မြန်မြန်တုံ့ပြန်ဖယ်ရှားနိုင်စေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဒိန်ချဉ်သောက်ပေးပါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ်

အမျိုးသမီးတိုင်းက အလှအပကိုမြတ်နိုးတတ်ကြသူတွေပါ။ တစ်ကိုယ်လုံးကျန်းမာလှပနေအောင် ဂရုစိုက်ဖို့ကို ငယ်ငယ်က မေမေတွေက တာဝန်ယူထားပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ မေမေကလမ်းညွှန်သူအဖြစ်ရောက်သွားပြီး ကိုယ်တိုင်ကိုယ်ကျဂရုစိုက်ရပါပြီ။မေမေတွေက သမီးချောလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ အစစအရာရာ ဂရုစိုက်ပေးကြပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ မေမေ့ကိုတောင် ဖွင့်တိုင်ပင်ဖို့ ခက်တဲ့ပြဿနာတွေရှိလာနိုင်ပါတယ်။ အရှက်ကြီးတတ်တဲ့ မိန်းကလေးရဲ့သဘာဝကြောင့် ဖွင့်တိုင်ပင်ဖို့ ခက်ခဲတတ်တဲ့ပြဿနာလေးတွေကို ဒီဆောင်းပါးကဖြေရှင်းပေးနိုင်မှာပါ။ မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ် မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ် ဆိုတာက လေဒီလေးတိုင်း ကျန်းမာစေဖို့ အတော်လေး အရေးပါပါတယ်။ မိန်းကလေးတစ်ယောက်အရွယ်ရောက်လာတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရသလို မိန်းမကိုယ်လေးကျန်းမာဖို့ကိုလည်း သေချာဂရုစိုက်ရပါတယ်။ မိန်းကလေးတစ်ယောက် ပြည့်ပြည့်ဝဝကျန်းမာလှပဖို့ဆိုရင် ပုံမှန်ရာသီသွေးဆင်းဖို့လိုသလို မိန်းမကိုယ်က အနံ့အသက်ဆိုးကင်းစင်ပြီး ရောဂါပိုးကူးစက်ခံရတာတွေကင်းဖို့လည်းလိုမှာပါ။ တစ်ခါတလေမှာ မိန်းမကိုယ်က ဆင်းတဲ့အရည်တွေက နံနေတာမျိုး၊ အရောင်ပြောင်းနေတာမျိုးဖြစ်မယ်ဆိုရင် ရောဂါပိုး ကူးစက်ခံထားရတာမျိုး ဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ ကုသမှု ခံယူတာမျိုး လုပ်ဖို့လိုနိုင်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်မှ အရည်ဆင်းခြင်း

မိန်းမကိုယ်မှ အရည်ဆင်းခြင်း အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကထွက်တဲ့အရည်ဟာ မမျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ ဂလင်းတွေက ထုတ်လုပ်တဲ့အရည်ဟာ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးခြင်းအားဖြင့် မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးမွှားကူးစက်ခံရခြင်းရန်က ကာကွယ်ပေးပါတယ်။ မိန်းမကိုယ်မှ အရည်ဆင်းခြင်း မိန်းမကိုယ်မှ အရည်ဆင်းခြင်း နဲ့ ပတ်သက်ပြီး သိထားဖို့ လိုမှာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်းဆိုတာ ဘာကိုခေါ်သလဲ များသောအားဖြင့် မိန်းမကိုယ်မှ အရည်ဆင်းခြင်းဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ရာသီစက်ဝန်းအပေါ်မူတည်ပြီး ဆင်းတဲ့ အရည်ပမာဏ၊ အနံ့၊ အရောင် (အကြည်ရောင်မှ နို့ကဲ့သို့ အဖြူရောင်) ကွဲပြားနိုင်ပါတယ်။ သားဥကြွေချိန်၊ ကလေးနို့တိုက်နေချိန်နဲ့ ကာမဆန္ဒတက်ကြွနေချိန်တွေမှာ အရည်ဆင်းများနိုင်သလို ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုမစိုက်နိုင်ချိန်တွေမှာ ထွက်တဲ့အနံ့တွေဟာလည်း ကွဲပြားနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေဟာ စိုးရိမ်စရာမရှိပေမယ့် မိန်းမကိုယ်ကဆင်းတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ဘာကြောင့်နံသလဲ

မိန်းမကိုယ်ဘာကြောင့်နံသလဲ မိန်းမကိုယ်ဟာ ဘယ်လိုအမွှေးနံသာ သုံးသည်ဖြစ်စေ နံနေတာ ကြုံရနိုင်ပါတယ်။ အမျိုးသမီးအချို့ဟာ သဘာဝအရကို အနံ့ပြင်းများ ထုတ်လွှတ်တတ်ပြီး တချို့ကတော့ ဒီလိုမဟုတ်ကြပါဘူး။ ချွေးထွက်များခြင်း၊ အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း စတာတွေဟာ ဒီအစိတ်အပိုင်းတွေရဲ့ အနံ့ကို ယာယီ ပြောင်းလဲစေပါတယ်။ ဒါပေမယ့် မိန်းမကိုယ်မှာ ရနံ့တစ်ခုတော့ အမြဲရှိပါတယ်။ ဒီလိုဆိုရင်တော့ မိန်းမကိုယ်ရဲ့ အနံ့ပြောင်းလဲခြင်းဟာ သာမန်ပြောင်းလဲမှုလား၊ ရောဂါကြောင့်လားဆိုတာ ခွဲခြားသိဖို့ လိုနေပါပြီ။ မိန်းမကိုယ်ဟာ ဘယ်အခါမှာ သတ္တုနံ့ရနိုင်သလဲ ဓမ္မတာကာလပြီးဆုံးချိန် ဒါမှမဟုတ် သုတ်ရည်နဲ့ထိတွေ့ပြီးချိန်မှာ သတ္တုနံ့ရတတ်ပါတယ်။ နှစ်ခုစလုံးဟာ မိန်းမကိုယ်ထဲက pH ဓါတ်ကို ဘေ့စ်ဘက်ကို ပိုများစေပါတယ်။ ဒါကြောင့် အနံ့ပြောင်းခြင်း ဖြစ်ပါတယ်။ ကိစ္စ၂ခုလုံးဟာ ယာယီပဲ ဖြစ်သင့်ပါတယ်။ တကယ်လို့ အနံ့ပြောင်းတာ ကြာနေမယ်ဆိုရင်၊ ယားယံနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ ချိုအီလွန်းသောအနံ့ ရမြဲအနံ့ထက် ပိုပြီးပြင်းရှရှရတဲ့ အကြောင်းကတော့ ချွေးအရမ်းထွက်ခြင်း၊ တင်းကြပ်တဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားပင့်တင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်   ရင်သားပင့်တင်ခြင်း-၎င်းကို mastopexy လို့လည်းခေါ်ပါတယ်။ ခွဲစိတ်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ သင့်ရဲ့ရင်သားပုံစံကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ရင်သားပင့်တင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်တဲ့အခါမှာ ပိုနေတဲ့ အရေပြားတွေကိုဖယ်လိုက်ပြီးတော့ရင်သား တစ်ရှုးတွေကိုပြန်လည်ပုံစံပြောင်းကာ ရင်သားကိုတင်းတင်းရင်းရင်းရှိပြီး အပေါ်လေးမှာ တင်နေအောင်ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။   ရင်သားပင့်တင်ပြုပြင် ခွဲစိတ်ခြင်းဆိုတာ ပိုနေတဲ့အရေပြား အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပြီးတော့ ရင်သားပုံစံမပျက်အောင် ပုံဖော်ခြင်းနဲ့ တင်းရင်းအောင်ပြုပြင်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ရင်သားကို တင်ရင်းအောင်နဲ့ ပင့်တင်ကြပါတယ်။ ရင်သား ပင့်တင်ခြင်းက areola ရဲ့ အရွယ်အစားကိုပါ သေးသွားစေပါတယ် အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးကြီးနိုင်ပါတယ်။   ဘယ်လိုလူတွေလုပ်သင့်သလဲ။   ၁။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်အချိန်မှာ ပြုလုပ်သင့်သလဲ။   တကယ်လို့ သင့်မှာ ရင်သားတွဲလာတာရှိရင်သို့မဟုတ် သင့်နို့သီးခေါင်းက အောက်ကိုတွဲကျနေတယ်ဆိုရင် သင်က ရင်သားပင့်တင်ပြုပြင်ခြင်းကို ပြုလုပ်သင့်ပါတယ်။ ရင်သားပင့်တင်ပြုပြင်ခြင်းက သင့် ပုံစံနဲ့ သင့် ကိုယ်ပိုင်ယုံကြည်မှု ကိုပိုပြီး တိုးတက်စေမှာပါ။   ၂။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်လိုလူတွေက ပြုလုပ်သင့်သလဲ။   ရင်သားပင့်တင်ပြုပြင်ခြင်းကို သင့်ရင်သား […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းကြောင့်ရရှိနိုင်တဲ့ကောင်းကျိုး၉ချက်

အမျိုးသမီးတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုမှာမိန်းမကိုယ်သန့်ရှင်းမှုကိုချန်ထားခဲ့လို့မရပါဘူး။အတွင်းပိုင်းမိန်းမကိုယ်ကသူ့ဘာသာသူသန့်ရှင်းရေးလုပ်တတ်တယ်ဆိုပေမယ့်အပြင်ပိုင်းမိန်းမကိုယ်ကသာမန်အရေပြားပဲဖြစ်တာကြောင့်မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့သန့်စင်ဆေးရည်သုံးပေးရင်ပိုကောင်းပါတယ်။ရေချိုးရင်းတိုက်တဲ့ဆပ်ပြာတွေကမိန်းမကိုယ်အတွက် ပြင်းအားအရမ်းများတာကြောင့် ပြင်းအားပျော့တဲ့သန့်စင်ဆေးရည်များကိုသာ သုံးပေးသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းအားဖြင့် ရနိုင်တဲ့ကောင်းကျိုး (၉) ချက်ကို ပြောပြပေးသွားမှာပါ။ ၁။ရောဂါပိုးတွေရန်ကနေကာကွယ်ပေးတယ်။ မိန်းမကိုယ်သန့်ရှင်းမှုကအမျိုးသမီးတစ်ယောက်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။ သာမန်အရေပြားဖြစ်တဲ့မိန်းမကိုယ်အပြင်ပိုင်းအတွက်ကတော့သန့်စင်ဆေးရည်တွေသုံးပေးတာကသာအကောင်းဆုံးပါ။သန့်စင်ဆေးရည်တွေကသင့်မိန်းမကိုယ်ကိုသန့်ရှင်းမှုနဲ့ပိုးမွှားကင်းစင်မှုကိုပေးစွမ်းနိုင်မှာအသေအချာပါ။ ၂။ pHပမာဏကိုထိန်းညှိပေးတယ်။ ။ မိန်းမကိုယ်ရဲ့ pH ဓါတ်က ရောဂါပိုးတွေမဝင်အောင်၊ မယားယံအောင်နဲ့ အနံ့အသက်တွေမထွက်အောင် ကျန်းမာနေအောင် ထိန်းသိမ်းပေးထားပါတယ်။ မိန်းမကိုယ်ကသူ့ဘာသာ pHပမာဏကိုထိန်းထားနိုင်စွမ်းရှိပေမယ့်လည်းအကြောင်းအမျိုးမျိုးကြောင့်ပျက်သွားနိုင်ပါတယ်။ pHပမာဏကိုပုံမှန်အတိုင်းမထိန်းနိုင်တဲ့အခါမိန်းမကိုယ်တွင်းပိုးဝင်ခြင်းနဲ့အခြားပြဿနာအမျိုးမျိုးဖြစ်နိုင်ပါတယ်။မိန်းမကိုယ်သန့်စင်ဆေးရည်အများစုကpHကိုထိန်းပေးတဲ့အာနိသင်ဘာတာကြောင့်မိန်းမကိုယ်သန့်စင်ဆေးရည်သုံးလိုက်တာနဲ့pHပမာဏလည်းထိန်းပြီးသားဖြစ်သွားပါတယ်။ ၃။အရေပြားအားလုံးနဲ့သင့်တော်တယ်။ ။ အချို့သောအမျိုးသမီးတွေကမိန်းမကိုယ်သန့်စင်ဆေးရည်သုံးရင်ကိုယ့်အသားအရေနဲ့မသင့်တော်ဘဲဓါတ်မတည့်မှုတွေ ဖြစ်မှာကြောက်ကြပါတယ်။ ဒီလိုဆိုရင်တော့ အသားအရေအားလုံးနဲ့သင့်တော်အောင်ထုတ်ထားတဲ့သန့်စင်ဆေးရည်မျိုးကို အသုံးပြုဖို့ပြောပါရစေ။ ဒီလိုအသုံးပြုပေးတာက အရေပြားကို ထိခိုက်မှုမရှိနိုင်ဘဲ သန့်ရှင်းကျန်းမာစေနိုင်ပါတယ်။ ၄။အနံ့ဆိုးတွေကနေကင်းဝေးအောင်စွမ်းဆောင်ပေးနိုင်တယ်။ ။ သန့်စင်ဆေးရည်အများစုကမွှေးပျံ့တဲ့ရနံ့တွေအမျိုးမျိုးနဲ့ထုတ်ထားတာဖြစ်လို့သန့်ရှင်းမှု၊မွှေးပျံ့မှုကိုပေးစွမ်းပြီးသင့်ကိုဆွဲဆောင်မှုရှိစေမှာအသေအချာပါ။ဒါပေမယ့်အရမ်းကြီးအနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေကမိန်းမကိုယ်အရေပြားကိုထိခိုက်စေတတ်ပြီးခြောက်သွေ့စေပါတယ်။ ဒါကြောင့် သန့်စင်ဆေးရည်ရွေးချယ်တဲ့အခါ အမွှေးနံ့သိပ်ပြင်းတာမျိုးကိုရွေးချယ်ပေးပါ။ ဒါမှအသားအရေခြောက်သွေ့တာတွေမဖြစ်စေဘဲ သန့်စင်ပြီးအနံ့အသက်ကင်းတဲ့ မိန်းမကိုယ်ဖြစ်စေမှာပါ။ ၅။ပုံမှန်မဟုတ်သောအရည်များမိန်းမကိုယ်မှဆင်းခြင်းကိုကာကွယ်ပေးတယ်။ ။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကမကောင်းတဲ့ပိုးမွှားတွေကိုသန့်စင်ပေးနိုင်လို့မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်တဲ့အနံ့နံတဲ့အရည်များဆင်းခြင်းကိုကာကွယ်ပေးပါတယ်။ ၆။မိန်းမကိုယ်အရေပြားအစိုဓါတ်ကိုထိန်းပေးတယ်။ ။ မိန်းမကိုယ်သန့်စင်ဆေးရည်များဟာအရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပြီးအစိုဓါတ်ကိုထိန်းပေးတာကြောင့်သုံးပြီးတာနဲ့ခြောက်ခြောက်သွေ့သွေ့မဖြစ်နေဘဲ သက်တောင့်သက်တာရှိစေမှာပါ။ ၇။မိန်းမကိုယ်ပိုးဝင်ခြင်းကိုကုသဖို့တစ်ဘက်တစ်လမ်းကကူညီပေးတယ်။ ။ မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ယားယံခြင်းကိုသက်သာစေဖို့အတွက်မိန်းမကိုယ်သန့်စင်ဆေးရည်တွေကတစ်ဖက်တစ်လမ်းမှကူညီပေးနိုင်ပါတယ်။ ၈။မိန်းမကိုယ်ကနေအခြားနေရာများကိုပိုးများပျံ့ ခြင်းကိုကာကွယ်ပေးနိုင်တယ်။ သင့်တွင်မိန်းမကိုယ်ပိုးဝင်ခြင်းရောဂါအစတည်းကရှိနေရင်မိန်းမကိုယ်အနီးနားကနေရာတွေကိုပါပိုးထပ်ဝင်ခြင်းမရှိစေဖို့အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေက ကာကွယ်ပေးပါတယ်။ ၉။သဘာဝမှရတဲ့ပစ္စည်များနဲ့ထုတ်ထားလို့ နေ့စဉ်အသုံးပြုနိုင်တယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာသဘာဝကရတဲ့ပစ္စည်းများနဲ့သာအဓိကထားထုတ်ထားတဲ့အတွက်ကြောင့်အသားအရေကိုထိခိုက်ခြင်းမရှိ၊ ဓါတ်မတည့်ခြင်းတွေကို မဖြစ်စေနိုင်ဘဲ နေ့စဉ်အသုံးပြုနိုင်တယ်။ ဒါက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက

မိန်းမလှလေးတစ်ယောက်ဖြစ်ဖို့က တစ်ကိုယ်ရေသန့်ရှင်းရေးတော်တော်လေးအရေးကြီးပါတယ်။ အသန့်ကြိုက်တာကပြဿနာမဟုတ်ပါဘူး။ သန့်ရှင်းမှုအားနည်းတာကသာ ပြဿနာဖြစ်မှာပါ။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူဖြစ်စေတဲ့အရာပါ။ တစ်ခါတလေ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ အဆင်မပြေတာမျိုးဖြစ်ဖူးကြလားလေဒီတို့ရေ.... ဥပမာ အရေပြားယားယံတာ။ မိန်းမကိုယ်ယားယံတာတို့လိုမျိုးပြဿနာတွေပေါ့။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုမှာ ယားယံနေတဲ့အခါ နေရထိုင်ရတော်တော်လေးခက်ခဲပါတယ်။ ဒီလိုယားယံမှုတွေထဲမှာမှ မိန်းမကိုယ်မှာ ယားယံတဲ့အခါ တော်တော်လေးနေရထိုင်ရခက်စေပါတယ်။ ဒီလိုဖြစ်တာက အရမ်းကြီးစိတ်ပူရမယ့်ကိစ္စမဟုတ်ဘူးဆိုပေမယ့် တစ်ခါတရံမှာ မိန်းမကိုယ်ယားယံမှုက ရောဂါပိုးတစ်ခုခုကူးစက်ခံထားရတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။ မိန်းမကိုယ်ယားယံမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေက မိန်းမကိုယ်ကပျော့ပျောင်းတဲ့ တစ်ရှုးလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက် ပေါ့ပါးကျန်းမာနေစေဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကျန်းမာဖို့လိုအပ်မှာပါ။ ဒီထဲမှာ မိန်းမကိုယ်ကျန်းမာဖို့ကလည်း ချန်ထားလို့မရတဲ့ အချက်တစ်ခုပေါ့။ ကျန်းမာတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေ ရှင်သန်ဖို့လိုအပ်ပါတယ်။နောက်တစ်ချက်က အဖြူရောင် ဒါမှမဟုတ် အကြည်ရောင် အချွဲလေးတွေထုတ်ပေးဖို့လည်းလိုပါမယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သင်ဟာ Single mother တစ်ယောက်လား

ဒီစာလုံးလေးဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတယ်ဆိုပေမယ့် လူအတော်များများနဲ့ ရင်းနှီးပြီးသား စာလုံးလေးပါ။ မသိသေးသူတွေအတွက် နည်းနည်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် Single mother ဆိုတာဟာ မိမိကလေး ကြီးပြင်းလာသည်အထိ (ခင်ပွန်းသည် မရှိဘဲ) တစ်ဦးတည်း ပြုစုပျိုးထောင်ပေးနေတဲ့ မိခင်တွေကို ဆိုလိုပါတယ်။ လူသိများထင်ရှားသူတွေထဲမှာလည်း Single mother တွေ ဒုနဲ့ဒေး ရှိပါတယ်။ Single mother ဖြစ်လာရခြင်း နောက်ခံအကြောင်းရင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူပါလိမ့်မယ်။ လက်ထပ်ပြီး ကိုယ်ဝန်ရှိချိန်မှာမှ ခင်ပွန်းသည်နဲ့ ကွဲသွားလို့၊ လက်မထပ်ခင် ကိုယ်ဝန်ရှိခဲ့ပေမယ့် ယောက်ျားလေးဖက်က တာဝန်မယူ၊ လက်မထပ်လို့၊ ခင်ပွန်းသည် ဆုံးပါးသွားလို့ စသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် Single mother ဖြစ်လာရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Single mother တစ်ဦးအနေနဲ့ မိမိရဲ့ ကလေးကို ပြုစုပျိုးထောင်ရာမှာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း