ရေအေးအေးနဲ့ ဆေးကြောပေးပါ –မိန်းမကိုယ်ကို ရေအေးအေးနဲ့ ဆေးကြောသန့်စင်ပေးတာကလည်း ယားယံမှုကို သက်သာစေမှာပါ။ ရေနဲ့ ဆေးကြောသန့်စင်တဲ့အခါ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာမျိုးမလုပ်မိဖို့တော့လိုပါတယ်။
ရေခဲဝတ်ကပ်ပေးပါ – မိန်းမကိုယ် အပြင်ဘက်ကို ရေခဲဝတ်နဲ့ ကပ်ပေးတာကလည်း မိန်းမကိုယ်ယားယံမှုကို သက်သာစေပါတယ်။ အဝတ်စသန့်သန့်ကို ရေခဲရေစွတ်ပြီး ၅ မိနစ် ကနေ ၁၀ မိနစ်အထိ ကပ်ပေးလို့ရပါတယ်။ ရေခဲအိတ် ကပ်ပေးလို့လည်း ရပါတယ်။ ရေခဲအိတ်ကပ်တဲ့အခါမှာ တိုက်ရိုက်ကပ်တာမျိုးမလုပ်ဘဲရေခဲအိတ်ကို အဝတ်စသန့်သန့်လေးနဲ့ ထုပ်ပြီးမှ ကပ်ပေးပါ။
အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ်မဝတ်ပါနဲ့ – မိန်းကလေးတော်တော်များများ လုပ်မိနေတဲ့အရာတစ်ခုက ကိုယ်လုံးအလှပေါ်စေချင်တဲ့ဆန္ဒနဲ့ အဝတ်အစားတွေကို တင်တင်းကျပ်ကျပ်ဝတ်တာပါ။ အတွင်းခံကို တင်းတင်းကျပ်ကျပ်ဝတ်ဆင်မှုကလည်း မိန်းမကိုယ်ယားယံစေတဲ့ အချက်တွေထဲကတစ်ခုပါ။ လေဝင်လေထွက်မကောင်းစေတဲ့ အဝတ်အစားတွေက အနံ့အသက်ဆိုးတွေကို ဖြစ်စေသလို အရေပြားယားယံမှုကိုပါ ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ်ဝတ်တာမျိုးကို တတ်နိုင်သမျှရှောင်ပါ။
ချည်သားကိုဝတ်ဆင်ပေးပါ – အတွင်းခံရွေးချယ်တဲ့အခါ နိုင်လွန်ပါတဲ့ အတွင်းခံမျိုးကို မရွေးချယ်ပါနဲ့။ ချည်သားစစ်စစ်နဲ့လုပ်ထားတဲ့ အတွင်းခံမျိုးကိုပဲရွေးချယ်ဝတ်ဆင်ပေးပါ။ ချည်သားက အရေပြားထိခိုက်မှုကို နည်းစေသလို လေဝင်လေထွက်ကောင်းတာကြောင့် အနံ့အသက်ဆိုးဖြစ်ပေါ်တာနဲ့ အရေပြားယားယံမှုတွေကို သက်သာစေမှာပါ။
ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့ – အမျိုးသမီးတွေအနေနဲ့ ညအိပ်တဲ့အချိန်မှာတော့ အတွင်းခံဝတ်အိပ်တာမျိုး မလုပ်သင့်ပါဘူး။ ညအိပ်တဲ့အခါ ချည်သားဘောင်းဘီပွပွလေးဝတ်ဆင်တာလောက်နဲ့တင် အဆင်ပြေနေပါပြီ။ တစ်နေကုန်လုံး ဝတ်စုံအပြည့်အစုံဝတ်ဆင်ပြီးပြီမို့ ကျန်းမာလန်းဆန်းတဲ့ လေဒီလေးဖြစ်စေဖို့ ညအိပ်ချိန်မှာတော့ သက်သောင့်သက်သာနေဖို့ မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။