အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ကိုယ်ဝန်လည်း မရှိ နို့တိုက်နေတာလည်း မဟုတ်ဘဲနဲ့ သားမြတ်ကနေ အရည်တွေ ဘာကြောင့် ထွက်နေရတာလဲ ။ ။

ကိုယ်က ကလေးအမေတစ်ယောက်လည်း မဟုတ်ဘဲနဲ့ နို့သီးခေါင်းကို ညှစ်လိုက်တဲ့အခါတိုင်း အထဲကနေ အရည်လိုမျိုး အဆီလိုမျိုး အဖတ်လေးတွေထွက်လာရင် လန့်သွားတတ်ကြတာထုံးစံပါ။ ရင်သားကင်ဆာနဲ့ များဆက်စပ်နေလို့လားပေါ့။ အဲလို နို့သီးခေါင်းထဲကနေ အဆီလိုမျိုး အဖတ်လေးတွေ ထွက်လာတတ်တိုင်း စိတ်ပူရလား။ ပုံမှန်ဆိုရင်ရော ဒီလိုပဲ ထွက်တတ်လား ။ ။ ရင်သား ကင်ဆာနဲ့များ ဆက်စပ်မှုရှိလား ။ ဒါဆို ပုံမှန် ဖြစ်လေ့ရှိတဲ့ နို့သီးခေါင်းထဲက အရည်ထွက်တာနဲ့ ပုံမှန် မဟုတ်တာကို ဘယ်လိုခွဲခြားကြမလဲ ။ ။ ပုံမှန် - ညှစ်လိုက်တဲ့အချိန်တိုင်းမှာ နှစ်ဖက်လုံးက အရည်တူညီစွာထွက်လာရပါမယ်။ ထွက်လာတဲ့အရည်ကလည်း အကြည်ရောင်၊ အဝါရောင် အပြင် အဆီလိုမျိုး ပျစ်ပျစ်လေးတွေလည်းထွက်လာနိုင်ပါတယ်။ ရင်သားမှာ နာကျင်တာ၊ ရောင်ရမ်းနေတာမျိုးလည်း ရှိမနေပါဘူး။ ပုံမှန်မဟုတ်သော - ညှစ်လိုက်တဲ့အချိန်မှာ တစ်ဖက်တည်းက ပဲ အရည်တွေထွက်နေပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ပိန်ချင်လို့ Gymဆော့ မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ကိုယ်ခန္ဓာ၊ အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ။ ပိန်ချင်လို့ Gymဆော့ တဲ့ မိန်းကလေးတွေ ကိုယ်အလေးချိန် ချိန်ပြီးတော့မှ "ဆရာရယ် သမီး ၃ပေါင်တောင် ထပ်တက်လာတယ်" ဆိုပြီး ညည်းနေကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါဆိုရင် သေချာလည်း ကစားပါရက်နဲ့ ဘာလို့ ကိုယ်အလေးချိန် မကျဘဲ ပိုတောင် တက်လာရတာလဲ။ ပျိုမေတွေကြား အမေးများနေတဲ့ ဒီပြဿနာလေးရဲ့ တရားခံအကြောင်းရင်းတွေကို ပြောပြပေးမယ်နော်။ Gymဆော့မှ ဘာလို့ အလေးချိန်ပိုတက်လာတာလဲ၊၊ ၁။ ညစာမစားဘဲ နေခြင်း ညစာတစ်နပ် လျှော့စားလိုက်လို့ ကိုယ်အလေးချိန် ကျသွားမှာပါဆိုပြီး ထင်ဖူးကြမှာပါ။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ညစာကို ဘာဆို ဘာမှမစားပဲ နေလိုက်တဲ့အခါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီတွေလှချင်လို့ လုပ်မိနေတဲ့ ကျန်းမာရေးထိခိုက်စေတဲ့အပြုအမူတွေ

အလှကြိုက်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ မိန်းကလေးတွေက ငယ်စဉ်အရွယ်ကတည်းက အလှကြိုက်တတ်ကြတာပါ။ ဒါပေမယ့် ကျန်းကျန်းမာမာနဲ့ လှဖို့တော့လိုပါမယ်။ စမတ်ကျကျနဲ့ ကျန်းကျန်းမာမာလှပတဲ့လေဒီလေးဖြစ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။ လှချင်လို့လေဒီတွေလုပ်မိတတ်တဲ့ အလေ့အထတွေ လှပလိုစိတ်နဲ့ဒီအပြုအမူတွေကို သင်ကိုယ်တိုင်ရော ကျူးလွန်မိနေပြီလား။ ကျန်းမာလှပဖို့ဆိုရင်တော့ ဒါလေးတွေကို သတိထားမှဖြစ်ပါမယ်။ အဝတ်အစားကျပ်ကျပ်တွေဝတ်တာ - အဝတ်အစားခပ်ကျပ်ကျပ်တွေ၊ နိုင်လွန်ပါတဲ့ဘောင်းဘီကျပ်ကျပ်တွေဝတ်တာ၊ ဆွဲသားအဝတ်အစားတွေဝတ်တာက ခန္ဓာကိုယ်အတွက်လေဝင်လေထွက်မကောင်းတာမျိုးဖြစ်စေနိုင်သလို အပူနဲ့အစိုဓာတ်တွေဖြစ်စေနိုင်တာကြောင့် မှိုပိုပေါက်ဖွားပြီး အရေပြားပြဿနာတွေခံစားရနိုင်သလို အရမ်းကျပ်တဲ့အဝတ်စားတွေအချိန်ကြာမြင့်စွာဝတ်ဆင်မှုက နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုဖြစ်စေနိုင်သလို မိန်းမကိုယ်ပိုးဝင်ကူးစက်တာကိုဖြစ်စေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတာ -လေဒီတော်တော်များများက ဒေါက်မြင့်ဖိနပ်စီးရတာကို သဘောကျကြပါတယ်။ တကယ်တော့ ဒါက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထပါ။ဒေါက်မြင့်ဖိနပ်တွေကို အချိန်ကြာမြင့်စွာစီးထားတာက အရိုးတွေကို ထိခိုက်စေနိုင်ပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ နှုတ်ခမ်းနီဆိုးတာ - နှုတ်ခမ်းနီဆိုးတာကလည်း ကြည့်တော့သာလှတာပါ တကယ်တော့ နှုတ်ခမ်းသားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာမြင့်စွာနှုတ်ခမ်းနီဆိုးထားတဲ့အခါ နှုတ်ခမ်းသားခြောက်သွေ့တာ၊ ကွဲအက်တာတွေကိုခံစားရနိုင်ပါတယ်။ အိုင်းလိုင်နာဆိုးတာ - အိုင်းလိုင်နာက မျက်လုံးလေးကို ထင်းထင်းလေးနဲ့လှစေပေမယ့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ

မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာလှပနေစေဖို့ ဂရုစိုက်ရတဲ့ အချက်တွေက တော်တော်လေးတော့ များသားနော်။ အသားအရေ၊ ဆံသား ကနေစလို့ ခန္ဓာကိုယ် အနံ့အသက် အပြင် လစဉ် ရာသီသွေး ပုံမှန် ဆင်းဖို့ကိုရော အစစအရာရာကို ဂရုစိုက် ရပါတယ်။ ကိုယ်တိုင် ဂရုစိုက်မှလည်း ဖြစ်မှာကိုး။ ဒီလို ဂရုစိုက်ရတဲ့ အထဲမှာ အဖြူဆင်းတာလည်း ပါပါတယ်။ အဖြူဆင်းတာက ပုံမှန်လည်း ဖြစ်နိုင်သလို ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ က ဘာတွေလဲ ဆိုတာကို ပြောပြပေးပါရစေနော်။ အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ ကတော့ ပဲနံ့သာစေ့ - အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ ရေနွေး ပူပူထဲကို ရေစင်စင် ဆေးထားတဲ့ ပဲနံ့သာစေ့ ထည့်ပြီး နာရီဝက်လောက် စိမ်ထားပေးပါ။ ပြီးရင် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ နဲ့ ဗီတာမင် D

တစ်ခါတလေမှာ နေရောင်လေးနည်းနည်းလောက် ထိတွေ့တာကလည်း ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ပါတယ်နော်။ မနက်ခင်းနေရောင် ခပ်နွေးနွေးလေးအောက်မှာ စက်ဘီးနင်းတာဖြစ်ဖြစ်၊ လမ်းလျှောက်တာဖြစ်ဖြစ်လုပ်ပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ရရှိစေနိုင်ပါတယ်။ ဗီတာမင် D က လေဒီတို့ ကျန်းမာဖို့အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကဲ .... အမျိုးသမီးများ နဲ့ ဗီတာမင် D အကြောင်း လေ့လာလိုက်ရအောင်နော်။ အမျိုးသမီးများ နဲ့ ဗီတာမင် D ကာလရှည်ကြာသိလာခဲ့တဲ့ အသိတစ်ခုက ဗီတာမင် D က အရိုးတွေကို သန်မာစေတယ်ဆိုတာပါ။ ငယ်စဉ်အရွယ်ကတည်းကနေ တောက်လျှောက်ကြားလာခဲ့တာက အရိုး နဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့အတွက် ဗီတာမင် D ပါတဲ့နို့တွေကို သောက်ဖို့ပြောကြတာပါ။ ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာတော့ ဗီတာမင် D က နှလုံးရောဂါ၊ ကင်ဆာ၊ နာကျင်ရောင်ရမ်းမှုဝေဒနာတွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးခန္ဓါဗေဒဆိုင်ရာသိထားရမယ့်အချက်များ

မျိုးပွားမှုတာဝန်ကိုဆောင်ရွက်ရတာကြောင့်အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်က အမျိုးသားတွေနဲ့ မတူကွဲပြားနေပါတယ်။ အမျိုးသမီးတွေရဲ့ ပြင်ပမျိုးပွားဖွဲ့စည်းမှုမှာ အပိုင်း ၂ ပိုင်းပါဝင်ပါတယ်၊ ခန္ဓါကိုယ်တွင်းထဲကို သုတ်ကောင်တွေဝင်ရောက်စေနိုင်ဖို့လုပ်ဆောင်ပေးတဲ့အပိုင်းနဲ့ ကိုယ်တွင်းမျိုးပွားအင်္ဂါအစိတ်အပိုင်းကို ကူးစက်ရောဂါပိုးတွေမဝင်ရောက်နိုင်အောင်ကာကွယ်တဲ့အပိုင်းပဲဖြစ်ပါတယ်။ သားဥအိမ်များ သားဥအိမ်တွေဟာ အယ်မွန်လ်သီးအရွယ်အစားလောက်သာရှိတဲ့ သေးငယ်တဲ့ဂလင်းတွေဖြစ်ကြပါတယ်။ သားအိမ် ရဲ့အထက်ပိုင်းဘေးတစ်ဖက်တစ်ချက်စီတင်ပါးဆုံအတွင်းပိုင်းမှာရှိတာဖြစ်ပါတယ်။ သားဥအိမ်တွေဟာ မမျိုးဥ လို့ခေါ်တဲ့ estrogen နဲ့ progesterone တို့လိုမျိုး လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်။ သားဥတွေကို အမျိုးသမီးတစ်ဦးရဲ့ ငယ်စဉ်ကနေစလို့ အပျိုဖော်ဝင်ပြီးတဲ့နောက် အရွယ်ရောက်တဲ့အချိန် အထိတဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ oocyte ဆဲလ်တွေကနေဖြစ်ပေါ်စေတာဖြစ်ပါတယ်။ လစဉ်သားဥကြွေချိန်တိုင်း မှာအရွယ်ရောက်ပြီးဖြစ်တဲ့ သားဥတွေကိုထုတ်လွှတ်ပေးပါတယ်။ သားဥတွေဟာ သားအိမ်ဆီကိုမရောက်ခင်မှာ သားဥပြွန်ကိုဖြတ်သန်းလာတာဖြစ်ပါတယ်။ သားဥပြွန် သားဥပြွန်ဆိုတာက သားဥအိမ်ရဲ့အစွန်းပိုင်း သားအိမ်အထက်ပိုင်း ဘယ်ဘက်နဲပညာဘက်အစွန်းတွေမှာရှိနေတဲ့ ကြွက်သားပြွန်အစုံလိုက်ကိုဆိုလိုတာဖြစ်ပါတယ်။ သားဥပြွန်ဟာထိပ်မှာရှိတဲ့ကတော့ပုံ နဲ့အခေါင်းပေါက်ပုံစံရှိတဲ့ infundibulum အရောက်မှာအဆုံးသတ်သွားပြီးဒီအစိတ်အပိုင်းကို လက်ချောင်းလေးတွေနဲ့သဏ္ဍာန်တူတဲ့ fimbriae ဆိုတဲ့အင်္ဂါအစိတ်အပိုင်းနဲ့ဖုံးအုပ်ထားပါတယ်။ fimbriae ကသားဥအိမ်အပြင်ဘက်မှာရှိနေပြီး ထုတ်လွှတ်လိုက်တဲ့ မျိုးဥတွေကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Marie Antoinette syndrome (Marie Antoinette syndrome)

အဓိပ္ပါယ်ဖွင့်ဆိုချက်Marie Antoinette syndrome ဆိုတာဘာလဲ။ Marie Antoinette syndrome ဆိုတာက ဆံပင်တွေ ရုတ်တရတ်ဖြူသွားတဲ့အခြေအနေ (canities) ကို ရည်ညွှန်းပါတယ်။ ဒီနာမည်က ပြင်သစ်ဘုရင်မကြီး Marie Antoinette ရဲ့ပုံပြင်ကနေ ဖြစ်လာတာပါ။ သူမကို ၁၇၉၃ ခုနှစ်မှာ ကွပ်မျက်ခဲ့စဉ်က ရုတ်တရတ်ကြီး ဆံပင်ဖြူတွေပြောင်းသွားတယ်လို့ ဆိုကြပါတယ်။ အသက်ကြီးလို့ ဆံပင်ဖြူတာက သဘာဝပါ။ အသက်ကြီးလာတဲ့အခါ ဆံပင်အရောင်ကို ဖြစ်စေတဲ့ မယ်လနင်ရောင်ခြယ်ပစ္စည်းတွေ စနည်းလာပါတယ်။ ဒါပေမယ့် သည်ရောဂါကတော့ အသက်နဲ့မဆိုင်ဘူး။ alopecia areata ဆိုတဲ့ ရုတ်တရတ်ဆံပင်ကျွတ်တဲ့အခြေအနေနဲ့ ဆက်စပ်နေပါတယ်။ (ပုံပြင်ကမှန်မမှန်မသိရပေမယ့် Marie Antoinette ကွပ်မျက်ခံရတုန်းကအရွယ်က ၃၈ နှစ်ပဲရှိပါသေးတယ်။) Marie Antoinette syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Marie Antoinette syndrome က […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vaginismus (နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ဆိုတာဘာလဲ။ တချို့မိန်းမတွေအတွက် ယောနိအတွင်းဖောက်ထွင်းဝင်ရောက်မှုခံရတဲ့အခါ မွေးလမ်းကြောင်း ကြွက်သားတွေက သူ့အလိုလို၊ အချိန်ကြာမြင့်စွာ ညှစ်ကြပါတယ်။ ထိုကြွက်သားညှစ်မှုကို Vaginismus လို့ခေါ်ပြီး လိင်မဆက်ဆံနိုင်ခြင်း၊ နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အောက်ပါတို့ ပြုလုပ်တဲ့အခါ ဖြစ်ပွားနိုင်ပါတယ်။ ထိုးသွင်းလိင်ဆက်ဆံမှုပြုလုပ်ခံရခြင်း တမ်ပွန်ထည့်ခြင်း ယောနိတစ်ဝိုက်ကို ထိမိခြင်း နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းက လိင်စိတ်ကြွမှုကို မထိခိုက်စေနိုင်သော်လည်း ထိုးဖောက်လိင်ဆက်ဆံခြင်းကိုတော့ မပြုလုပ်နိုင်စေပါဘူး။ မူလ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း – ထိုအခြေအနေမှာ ထိုးဖောက်လိင်ဆက်ဆံခြင်း မပြုလုပ်ဖူးပါဘူး။ အခြားအကြောင်းအရင်းများကြောင့် နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း – ထိုးဖောက်လိင်ဆက်ဆံခြင်းပြုလုပ်ဖူးသော်လည်း နောက်ထပ်မပြုလုပ်နိုင်တော့ပါဘူး။ မီးယပ်ဆိုင်ရာခွဲစိတ်မှုများ၊ ထိခိုက်မှုများနဲ့ ဓါတ်ရောင်ခြည်သင့်မှုများကြောင့် ဖြစ်နိုင်ပါတယ်။ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများနာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ နာကျင်သောလိင်ဆက်ဆံခြင်း – နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းရဲ့ ပထမဆုံး လက္ခဏာဖြစ်တာများပါတယ်။ ထိုးသွင်းလိင်ဆက်ဆံမှသာ နာကျင်တာပါ။ ထုတ်လိုက်တာနဲ့ ပျောက်ကွယ်သွားတယ်ဆိုသော်လည်း အမြဲတမ်းတော့ မဟုတ်ပါဘူး။ နာကျင်မှုကို ဆွဲဖြဲသလို/ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ရိုးရိုးဆပ်ပြာ ဘာတွေကွာခြားလဲ

လှလိုက်တာ အရုပ်လေးကျနေတာပဲ၊ အားကျလိုက်တာနော်၊ဘော်ဒီရှိတ်လည်း မိုက်တယ်၊ အသားအရေလေးကို ကြည့်ပါဦး၊ ချစ်စရာလေး ဝတ်တတ်လိုက်တာ စတဲ့စကားတွေက ခပ်လန်းလန်းကောင်မလေးတွေကိုမြင်ရင်လေဒီတို့အချင်းချင်းပြောလေ့ရှိတဲ့ အားကျစကားတွေပါ။ ပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်နိုင်ဖို့ကမိန်းကလေးတွေရဲ့စိတ်မှာ အဖြစ်ချင်ဆုံး အိပ်မက်ပါပဲ။ ဒါဆို အပေါ်ယံလှရုံနဲ့ပြည့်စုံပြီလား တွေးကြည့်ပါနော်။ တချို့မိန်းကလေးတွေက မိတ်ကပ်လောက်နဲ့ပဲ အလှကိုဖန်တီးတာမဟုတ်ဘူးဆိုတာ သတိရသင့်ပါတယ်။ အသားအရေကို ဂရုစိုက်တယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဦးစားပေးတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး skin careကောင်းကောင်းသုံးရုံနဲ့လည်းမပြည့်စုံပါဘူး။ မိန်းကလေးတွေကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးကိုမေ့ထားလု့ိမရပါဘူး။ မိန်းကလေးရောဂါလို့ခေါ်ကြတဲ့ရောဂါအမျိုးမျိုးက ဘယ်ကအရင်းခံလာတယ်ထင်လို့လဲ။ မိန်းမကိုယ်သန့်ရှင်းရေးမရှိရင် ဒါမှမဟုတ်ရောဂါပိုးဝင်ရင် အသားအရေကအစပျက်စီးပြီး ဘယ်လိုလှပနေနိုင်တော့မလဲ။ ကိုယ့်ဆီက အနံဆိုးထွက်နေတာ၊ မှိုပိုးဝင်တာတွြေဖစ်နေရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကမရှိနိုင်တော့ဘူးလေ။ ရောဂါပိုးဝင်တာ ဘယ်လိုသိနိုင်မလဲ အဖြူဆင်းတယ်ဆိုတိုင်းရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးထွက်နေရင်တော့ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။ မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ သန့်ရှင်းရမယ်ဆိုလို့ရေချိုးတိုင်းဆေးကြောဖို့စဉ်းစားကြမှာပါ။ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါဆေးကြောသန့်စင်လိုက်ရင်ပြီးတာပဲလို့မတွေးလိုက်ပါနဲ့။ အမျိုးသမီးတွေရဲ့နုနယ်တဲ့မိန်းမကိုယ်လေးတွေအတွက် ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ရွေးချယ်ကြမယ်

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးစုံကို ရွေးချယ်ကြရပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းအတွက် ထုတ်ထားတဲ့ပစ္စည်းကတော့ အများကြီးပါ။ သေချာရွေးချယ်ဖို့ကတော့ ကိုယ်တိုင်မှာ တာဝန်အရှိဆုံးပါ။ ဒီနေရာမှာလေဒီတော်တော်များများက မလိုဘူးထင်ပြီး မေ့ထားတဲ့အရာတစ်ခုရှိနေပါတယ်။ ဒါကတော့ မိန်းမကိုယ်သန့်ရှင်းရေးပါ။ မိန်းမကိုယ်သန့်ရှင်းကျန်းမာမှ ကျန်းမာလှပတဲ့ လေဒီလေးဖြစ်မှာပါ။ ဒီတော့ ပြီးပြည့်စုံပြီးကျန်းမာတဲ့ မိန်းကလေးဖြစ်ဖို့ ဘယ်လိုနေရမလဲ။ ခေါင်းအစခြေအဆုံး အသုံးပြုတဲ့ ပစ္စည်းတွေကို သေချာရွေးမှာပေါ့။ ဒီတော့ အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ကို ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲကို ဖတ်ကြည့်လိုက်ပါ။ ခေါင်းလျှော်ရည်ဆိုလည်း ဆံသားနဲ့ ကိုက်ညီမှုရှိအောင်၊ မျက်နှာသစ်ဆေးဆိုလည်း အသားအရေနဲ့ ကိုက်အောင်၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဆိုရင်လည်း အသားအရေနဲ့ လိုက်ဖက်မယ့်ဟာမျိုးကို ရွေးချယ်ပေးရမှာပါ။ အမျိုးသမီးသန့်စင်ဆေးရည်ဆိုလည်း ကိုယ်နဲ့ကိုက်ညီမယ့် အမျိုးအစားဖြစ်ဖို့လိုတာပေါ့။ ဒီဆောင်းပါးလေးထဲမှာ လေဒီတွေအတွက်လိုအပ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကို ဘယ်လိုရွေးချယ်ရမလဲ ပြောပြပေးမယ်နော်။ လေဒီတိုင်း သိထားသင့်တဲ့ အကြောင်းအရာလေးတွေ တစ်နေ့တာလုံး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း