တစ်ခါတလေမှာ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတစ်ခုခုကို ခံစားနေရတာကြောင့်လည်း မိန်းမကိုယ်ယားယံတာမျိုးဖြစ်နိုင်ပါတယ်။
သွေးဆုံးချိန်မှာလည်း အစိုဓာတ်ထိန်းနိုင်မှု လျော့ကျသွားတာကြောင့် မိန်းမကိုယ်ယားယံနိုင်ပါသေးတယ်။
လစဉ်သုံးပစ္စည်း ဒါမှမဟုတ် အသုံးပြုနေကျပစ္စည်းတစ်ခုခုမှာပါနေတဲ့ ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း မိန်းမကိုယ်ယားယံနိုင်ပါတယ်။
အတွင်းခံတွေကိုလျှော်တဲ့အခါ အသုံးပြုတဲ့ ဆပ်ပြာမှုန့်တွေ၊ ဆပ်ပြာတုံးတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- အတွင်းခံကို ခပ်ကျပ်ကျပ်ဝတ်ထားမိတာ
အချို့လေဒီတွေက ကိုယ်လုံးထင်းချင်တဲ့ ဆန္ဒကြောင့် အတွင်းခံကို ခပ်ကျပ်ကျပ်ဝတ်တတ်ကြပါတယ်။ ဒီလိုဝတ်ဆင်တာက လေဝင်လေထွက်မကောင်းတဲ့အခြေအနေကို ဖြစ်စေပြီး မိန်းမကိုယ်ယားယံမှုကို ဖြစ်စေနိုင်ပါတယ်။
- အနံ့ပြင်းတဲ့ ရေအိမ်သုံးတစ်သျှူးတွေ အသုံးပြုတာ
တစ်သျှူးမွှေးမွှေးလေးကို သဘောကျတယ်ဆိုရင်တောင်မှာ အပေါ့အပါးသွားပြီးတဲ့အခါမျိုးမှာတော့ အနံ့မပါတဲ့ တစ်သျှူးကိုပဲ အသုံးပြုပေးပါ။
အတွင်းခံရွေးချယ်တဲ့အခါမှာလည်း ချွေးစုပ်ပြီး နေရတာ သက်သောင့်သက်သာဖြစ်တဲ့ ချည်သားအတွင်းခံတွေကိုပဲ ဝတ်ဆင်ပေးပါ။ နိုင်လွန်သားပါတဲ့ အတွင်းခံတွေက အနံ့အသက်ဆိုးကိုဖြစ်စေသလို မိန်းမကိုယ်ယားယံမှုကိုပါဖြစ်စေနိုင်ပါတယ်။
စက်ဘီးစီးတာ၊ မြင်းစီးတာလိုမျိုး ကိစ္စတွေကို အချိန်ကြာမြင့်စွာ လုပ်မိတဲ့အခါမျိုးမှာလည်း မိန်းမကိုယ်ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။
- ဟော်မုန်းပြောင်းလဲမှုဖြစ်တာ
ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းလာတဲ့အခါမျိုးမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်ယားယံမှုဖြစ်နိုင်ပါတယ်။
ဒီပြဿနာတွေ ကင်းဝေးပြီး ကျန်းမာလှပတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို သတိထားရှောင်ကြဉ်လိုက်ပါ။ ဒါတွေအပြင် မိန်းမကိုယ်ကို ရေများများ ဒါမှမဟုတ် feminine washတွေနဲ့ ဆေးကြောတာ၊ အတွင်းခံတွေကို သန့်သန့်ပြန့်ပြန့် လျှော်ဖွပ်ဝတ်ဆင်တာ စတာတွေကိုလည်း လိုက်နာသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။