backup og meta

ရောဂါပိုးမွှားကာကွယ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်သုံးရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၈) ချက်


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါပိုးမွှားကာကွယ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်သုံးရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၈) ချက်

    တစ်လတစ်ကြိမ် ဒီအချိန်ရောက်တိုင်း ပင်ပန်းရတာ မိန်းကလေးတွေရှောင်လွှဲလို့မရပါဘူး။ ကိုက်တာခဲတာတွေ မဖြစ်ရင်တောင် အားနည်းသလို၊ခြေလက်မသယ်ချင်သလို၊ မလန်းသလိုဖြစ်လွယ်တာက အနည်းနဲ့အများပါပဲ။ဖြစ်နေကျပဲဆိုပြီးပေါ့ပေါ့ဆဆတော့ မထားသင့်ဘူးနော်။ မိန်းကလေးရဲ့ဘဝမှာ ဓမ္မတာမှန်ခြင်း၊မမှန်ခြင်း၊သားအိမ်နဲ့မိန်းမကိုယ်ကျန်းမာရေးတို့က အရေးပါဆုံးအပိုင်းတွေအဖြစ် ပါဝင်နေလို့ပါ။ တွေးကြည့်ပါ။ ရာသီလာနေတဲ့အချိန်မှာ တခြားလုပ်စရာကိစ္စတွေကိုတောင်မပျက်မကွက်အာရုံစိုက်နိုင်သေးတာပဲ၊ ကိုယ့်ကျန်းမာရေးအတွက် ဘာလို့ဂရုမစိုက်နိုင်ရမှာလဲနော်။

    ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေသက်သာဖို့ကိုပဲ အာရုံစိုက်ကြတာ သန့်ရှင်းရေးအတွက်ရောသေချာဂရုစိုက်မိရဲ့လား။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့မိန်းမကိုယ်သန့်ရှင်းရေးဆိုတာ အမြဲဂရုစိုက်နေသင့်တဲ့အရာတွေဖြစ်တဲ့အပြင် ရာသီလာချိန်မှာဆို ပိုအရေးကြီးပါတယ်တဲ့။ ရာသီသွေးဆိုတာ ခန္ဓါကိုယ်ပြင်ပရောက်တာနဲ့ ဘက်တီးရီးယားကပ်တွယ်ရှင်သန်ဖို့ လွယ်ကူစေတဲ့ စိုထိုင်းတဲ့အနေအထားကိုဖြစ်စေတဲ့အပြင် ရာသီလာတဲ့အချိန်မှာ သားအိမ်ခေါင်းအဝကပွင့်နေတဲ့အချိန်ဖြစ်လို့ ပိုးမဝင်ဖို့ပိုသတိထားသင့်ပါတယ်။

    ကဲ သန့်ရှင်းရေးတော့ခဏခဏလုပ်နေတာပဲ၊ အိမ်သာခန်းထဲမှာ ဆပ်ပြာသီးသန့်ထားပြီး အမြဲသန့်စင်ပေးတယ် ဆိုတာမျိုးက ပိုဆိုးပါတယ်နော်။ ဆပ်ပြာတွေမှာက မိန်းမကိုယ် pH အဆင့်ထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေ၊ယားယံစေနိုင်၊ ဓါတ်မတည့်ဖြစ်စေနိုင်၊ ခြောက်သွေ့စေနိုင်မယ့် ဓါတုပစ္စည်းတွေ နဲ့ အနံ့အသက်မွှေးစေမယ့် အနံ့တုတွေပါဝင်နေမှာသေချာပါတယ်။ သန့်ရှင်းစေတာထက် မိန်းမကိုယ်အတွင်းမှာ သဘာဝအလျောက်ရှိနေမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ(ရောဂါပိုးတွေကိုကာကွယ်ပေးတဲ့)ကိုပါ ရှင်းထုတ်ပစ်လိုက်မှာကို စိုးရပါတယ်။ ဒါ့ကြောင့် အလွန်ဆုံး ရေသန့်သန့်နဲ့ဆေးကြောပေးရင်တောင် အဆင်ပြေပါတယ်တဲ့။ ဆပ်ပြာတော့မသုံးပါနဲ့။ သုံးချင်ရင် သန့်ရှင်းကျန်းမာဖို့နဲ့ဘေးကင်းစိတ်ချရဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကိုပဲ သုံးပါ။

    သုံးနေကျမဟုတ်လို့ မသုံးရဲဘူးလား။ ဒါဆို အမျိုးသမီးသန့်စင်ဆေးရည်ကိုသုံးရင် ဘယ်လိုအကျိုးထူးနိုင်မလဲဆိုတာပြောပြမယ်နော်။ သူတို့လေးတွေက –

    (၁) ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးတယ်

    ရာသီလာတဲ့အချိန်မှာ သန့်ရှင်းမှုကိုဂရုမစိုက်တာက ဘက်တီးရီးယားတွေတစ်မျိုးလုံးတစ်ဆွေလုံးကို ဖိတ်ခေါ်နေသလိုပါပဲ။ အဲဒီဘက်တီးရီးယားတွေက မိန်းမကိုယ်အဝ သို့မဟုတ်မွေးလမ်းကြောင်းကိုပဲ ဝင်ရောက်မယ်ထင်လို့လား။ သူတို့က ဆီးလမ်းကြောင်းကိုဝင်သွားခဲ့ရင် ဗိုက်အောင့်တာ၊ ဆီးစပ်ကအောင့်တာလိုမျိုး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ဝေဒနာတွေအပြင်ကျောက်ကပ်ရဲ့လုပ်ငန်းစဉ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

    (၂) နီရဲ၊ ယားယံ၊ ခြောက်သွေ့တာတွေလည်း မဖြစ်တော့ဘူး

    ရာသီလာတဲ့အချိန်မှာပေါင်ပွန်းတာ၊လောင်တာ(နီရဲနေတတ်တာ)၊ဆေးကြောသန့်စင်ပြီးနောက်ပိုင်းခြောက်သွေ့ယားယံတာတွေဆိုတာ အဖြစ်များကြပါတယ်။လောင်တယ်၊ပွန်းတယ်ဆိုတာ ရာသီလာတာများလို့ ဒါမှမဟုတ် လစဉ်သုံးပစ္စည်းကို လဲသင့်တဲ့အချိန်မလဲမိလို့ဖြစ်တတ်ပါတယ်။

    အခုနောက်ပိုင်းထုတ်တဲ့ လစဉ်သုံးတွေက စုပ်ယူမှုပိုအားကောင်းကြတာကြောင့် မလဲမိဘဲ ကြာကြာသုံးမိတတ်ပါတယ်။ လစဉ်သုံးပစ္စည်းဆိုတာ (၄) နာရီ သို့မဟုတ် (၆) နာရီထက်ကြာတဲ့အထိ အသစ်မလဲရင် အသုံးပြုထားတဲ့ဧရိယာတဝိုက်မှာရောဂါပိုးဝင်စေပြီး ဒီပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

    (၃) အဖြူဆင်းခြင်းကို ကာကွယ်ပေးတယ်

    အဖြူဆင်းတာဖြစ်တတ်တဲ့သဘာဝရှိလို့ အဖြူဆင်းတိုင်းစိုးရိမ်စရာမရှိဘူးဆိုပေမယ့်ရောဂါပိုးဝင်လို့အဖြူဆင်းတာက မကောင်းပါဘူး။ ရာသီလာတဲ့အချိန်မှာ သန့်ရှင်းရေးကိုဂရုမစိုက်တာက မိန်းမကိုယ်မှာ ဘက်တီးရီးယားအသိုက်အမြုံတစ်ခုဖန်တီးသလိုဖြစ်လာစေပြီးနောက်ပိုင်းကျမှ အရောင်ညစ်ပြီး အနံ့အသက်ဆိုးတဲ့ အဖြူဆင်းခြင်းကို ခံစားရနိုင်ပါတယ်။

    (၄) အနံ့အသက်ဆိုးတွေ ကင်းစေမယ်

    ရိုးရိုးဆပ်ပြာဆို အမွှေးရနံ့တွေကြောင့် အနံ့အသက်ဆိုးကို ခဏတာပျောက်စေနိုင်ပေမယ့် တာရှည်မခံပါဘူး။ ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကရှိသေးတယ်။ မိန်းမကိုယ်မှာ သန့်ရှင်းမှ၊ရောဂါကင်းမှ အနံ့ဆိုးပျောက်မှာမို့ ကာကွယ်မှုအပြည့်အဝပေးနိုင်ပြီးဘေးထွက်ဆိုးကျိုးနည်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကပဲ ကူညီနိုင်မှာပါ။

    (၅) pH အဆင့် ထိန်းညှိနိုင်မယ်

    မိန်းမကိုယ်မှာ ရှိသင့်တဲ့ pH အဆင့်က 3.8 ကနေ 4.5 အတွင်းဆို ပုံမှန်ပါပဲ။ pH အဆင့် မထိန်းညှိနိုင်ရင်ရောဂါပိုးဝင်နိုင်ခြေပိုများပါတယ်။ ပိုးဝင်တဲ့အခါ အနံ့ဆိုးထွက်တာ၊ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာတွေဖြစ်လာနိုင်တဲ့အပြင် ယားတာ၊ အနာဖြစ်တာတွေပါဖြစ်လာနိုင်ပါတယ်။

    (၆) မှိုပိုးဝင်တာတွေ ကာကွယ်နိုင်တယ်

    မိန်းမကိုယ်မှာအကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ အဲဒီအကျိုးပြုဘက်တီးရီးယားတွေကို ရှိသင့်တဲ့ပမာဏမှာမထိန်းညှိနိုင်ရင် မှိုပိုးဝင်တာတွေပိုဖြစ်နိုင်ပါတယ်။ မှိုပိုးဝင်ပြီဆို ယားတာ၊ရောင်ရမ်းတာ၊ အဖြူဆင်းတာ၊ အနံ့ဆိုးထွက်တာလို လက္ခဏာတွေဖြစ်လာရော။

    (၇)ရောဂါပိုးတွေ ကင်းစင်စေတယ်

    ရောဂါပိုးမွှားတွေကို ကာကွယ်တားဆီးပေးတဲ့ Povidone Iodine ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့အမျိုးအစားဆို ရာသီလာချိန်မှာ သုံးဖို့ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမျိုးအချိန်မှာ ရွေးချယ်သင့်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်ဆိုတာ ရာသီလာတဲ့အချိန်ဖြစ်တတ်တဲ့ ယားခြင်း၊ စပ်ခြင်းစတဲ့ လက္ခဏာတွေ မခံစားရအောင် ရောဂါပိုးတွေကာကွယ်ရှင်းလင်းပေးနိုင်ရမယ့်အပြင် မိန်းမကိုယ်တဝိုက် ထိခိုက်မှုမရှိအောင်လည်း အရည်အသွေးယုံကြည်စိတ်ချရမှဖြစ်ပါမယ်။ အမျိုးသမီးသန့်စင်ဆေးရည်ကိုတစ်ပတ် နှစ်ကြိမ်အသုံးပြုပေးရင် မိန်းမကိုယ်မှာ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေဖြစ်ပေါ်မှုကြောင့် အနံ့အသက်ဆိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement