backup og meta

မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းကြောင့်ရရှိနိုင်တဲ့ကောင်းကျိုး၉ချက်


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းကြောင့်ရရှိနိုင်တဲ့ကောင်းကျိုး၉ချက်

    အမျိုးသမီးတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုမှာမိန်းမကိုယ်သန့်ရှင်းမှုကိုချန်ထားခဲ့လို့မရပါဘူး။အတွင်းပိုင်းမိန်းမကိုယ်ကသူ့ဘာသာသူသန့်ရှင်းရေးလုပ်တတ်တယ်ဆိုပေမယ့်အပြင်ပိုင်းမိန်းမကိုယ်ကသာမန်အရေပြားပဲဖြစ်တာကြောင့်မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့သန့်စင်ဆေးရည်သုံးပေးရင်ပိုကောင်းပါတယ်။ရေချိုးရင်းတိုက်တဲ့ဆပ်ပြာတွေကမိန်းမကိုယ်အတွက် ပြင်းအားအရမ်းများတာကြောင့် ပြင်းအားပျော့တဲ့သန့်စင်ဆေးရည်များကိုသာ သုံးပေးသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းအားဖြင့် ရနိုင်တဲ့ကောင်းကျိုး (၉) ချက်ကို ပြောပြပေးသွားမှာပါ။

    ၁။ရောဂါပိုးတွေရန်ကနေကာကွယ်ပေးတယ်။

    မိန်းမကိုယ်သန့်ရှင်းမှုကအမျိုးသမီးတစ်ယောက်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။ သာမန်အရေပြားဖြစ်တဲ့မိန်းမကိုယ်အပြင်ပိုင်းအတွက်ကတော့သန့်စင်ဆေးရည်တွေသုံးပေးတာကသာအကောင်းဆုံးပါ။သန့်စင်ဆေးရည်တွေကသင့်မိန်းမကိုယ်ကိုသန့်ရှင်းမှုနဲ့ပိုးမွှားကင်းစင်မှုကိုပေးစွမ်းနိုင်မှာအသေအချာပါ။

    ၂။ pHပမာဏကိုထိန်းညှိပေးတယ်။ ။

    မိန်းမကိုယ်ရဲ့ pH ဓါတ်က ရောဂါပိုးတွေမဝင်အောင်၊ မယားယံအောင်နဲ့ အနံ့အသက်တွေမထွက်အောင် ကျန်းမာနေအောင် ထိန်းသိမ်းပေးထားပါတယ်။ မိန်းမကိုယ်ကသူ့ဘာသာ pHပမာဏကိုထိန်းထားနိုင်စွမ်းရှိပေမယ့်လည်းအကြောင်းအမျိုးမျိုးကြောင့်ပျက်သွားနိုင်ပါတယ်။ pHပမာဏကိုပုံမှန်အတိုင်းမထိန်းနိုင်တဲ့အခါမိန်းမကိုယ်တွင်းပိုးဝင်ခြင်းနဲ့အခြားပြဿနာအမျိုးမျိုးဖြစ်နိုင်ပါတယ်။မိန်းမကိုယ်သန့်စင်ဆေးရည်အများစုကpHကိုထိန်းပေးတဲ့အာနိသင်ဘာတာကြောင့်မိန်းမကိုယ်သန့်စင်ဆေးရည်သုံးလိုက်တာနဲ့pHပမာဏလည်းထိန်းပြီးသားဖြစ်သွားပါတယ်။

    ၃။အရေပြားအားလုံးနဲ့သင့်တော်တယ်။ ။

    အချို့သောအမျိုးသမီးတွေကမိန်းမကိုယ်သန့်စင်ဆေးရည်သုံးရင်ကိုယ့်အသားအရေနဲ့မသင့်တော်ဘဲဓါတ်မတည့်မှုတွေ ဖြစ်မှာကြောက်ကြပါတယ်။ ဒီလိုဆိုရင်တော့ အသားအရေအားလုံးနဲ့သင့်တော်အောင်ထုတ်ထားတဲ့သန့်စင်ဆေးရည်မျိုးကို အသုံးပြုဖို့ပြောပါရစေ။ ဒီလိုအသုံးပြုပေးတာက အရေပြားကို ထိခိုက်မှုမရှိနိုင်ဘဲ သန့်ရှင်းကျန်းမာစေနိုင်ပါတယ်။

    ၄။အနံ့ဆိုးတွေကနေကင်းဝေးအောင်စွမ်းဆောင်ပေးနိုင်တယ်။ ။

    သန့်စင်ဆေးရည်အများစုကမွှေးပျံ့တဲ့ရနံ့တွေအမျိုးမျိုးနဲ့ထုတ်ထားတာဖြစ်လို့သန့်ရှင်းမှု၊မွှေးပျံ့မှုကိုပေးစွမ်းပြီးသင့်ကိုဆွဲဆောင်မှုရှိစေမှာအသေအချာပါ။ဒါပေမယ့်အရမ်းကြီးအနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေကမိန်းမကိုယ်အရေပြားကိုထိခိုက်စေတတ်ပြီးခြောက်သွေ့စေပါတယ်။ ဒါကြောင့် သန့်စင်ဆေးရည်ရွေးချယ်တဲ့အခါ အမွှေးနံ့သိပ်ပြင်းတာမျိုးကိုရွေးချယ်ပေးပါ။ ဒါမှအသားအရေခြောက်သွေ့တာတွေမဖြစ်စေဘဲ သန့်စင်ပြီးအနံ့အသက်ကင်းတဲ့ မိန်းမကိုယ်ဖြစ်စေမှာပါ။

    ၅။ပုံမှန်မဟုတ်သောအရည်များမိန်းမကိုယ်မှဆင်းခြင်းကိုကာကွယ်ပေးတယ်။ ။

    မိန်းမကိုယ်သန့်စင်ဆေးရည်တွေကမကောင်းတဲ့ပိုးမွှားတွေကိုသန့်စင်ပေးနိုင်လို့မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်တဲ့အနံ့နံတဲ့အရည်များဆင်းခြင်းကိုကာကွယ်ပေးပါတယ်။

    ၆။မိန်းမကိုယ်အရေပြားအစိုဓါတ်ကိုထိန်းပေးတယ်။ ။

    မိန်းမကိုယ်သန့်စင်ဆေးရည်များဟာအရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပြီးအစိုဓါတ်ကိုထိန်းပေးတာကြောင့်သုံးပြီးတာနဲ့ခြောက်ခြောက်သွေ့သွေ့မဖြစ်နေဘဲ သက်တောင့်သက်တာရှိစေမှာပါ။

    ၇။မိန်းမကိုယ်ပိုးဝင်ခြင်းကိုကုသဖို့တစ်ဘက်တစ်လမ်းကကူညီပေးတယ်။ ။

    မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ယားယံခြင်းကိုသက်သာစေဖို့အတွက်မိန်းမကိုယ်သန့်စင်ဆေးရည်တွေကတစ်ဖက်တစ်လမ်းမှကူညီပေးနိုင်ပါတယ်။

    ၈။မိန်းမကိုယ်ကနေအခြားနေရာများကိုပိုးများပျံ့ ခြင်းကိုကာကွယ်ပေးနိုင်တယ်။

    သင့်တွင်မိန်းမကိုယ်ပိုးဝင်ခြင်းရောဂါအစတည်းကရှိနေရင်မိန်းမကိုယ်အနီးနားကနေရာတွေကိုပါပိုးထပ်ဝင်ခြင်းမရှိစေဖို့အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေက ကာကွယ်ပေးပါတယ်။

    ၉။သဘာဝမှရတဲ့ပစ္စည်များနဲ့ထုတ်ထားလို့ နေ့စဉ်အသုံးပြုနိုင်တယ်။

    မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာသဘာဝကရတဲ့ပစ္စည်းများနဲ့သာအဓိကထားထုတ်ထားတဲ့အတွက်ကြောင့်အသားအရေကိုထိခိုက်ခြင်းမရှိ၊ ဓါတ်မတည့်ခြင်းတွေကို မဖြစ်စေနိုင်ဘဲ နေ့စဉ်အသုံးပြုနိုင်တယ်။ ဒါက မိန်းမကိုယ်ကိုနေ့စဉ်သန့်စင်ရမှ ကျေနပ်တတ်တဲ့အမျိုးသမီးတွေအတွက် ရေချိုးရင်းသုံးပေးလို့ရလို့ စိတ်ကျေနပ်စရာကောင်းပါတယ်။ မကြာခဏသုံးလို့ အသားအရေပျက်စီးတာမျိုးတွေမဖြစ်နိုင်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement