အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ဆေးရည် ရွေးချယ်မယ်ဆို သတိထားကြည့်သင့်တဲ့အချက် (၅) ချက်

မိန်းကလေးတွေရဲ့ကျန်းမာရေးမှာ မိန်းမကိုယ်သန့်ရှင်းရေးက တကယ်ကိုအရေးပါတဲ့အချက်ပါနော်။ မိန်းမကိုယ်သန့်ရှင်းရေးကိုဂရုမစိုက်မိရင် ရောဂါပိုးဝင်တာတွေ၊ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ မှိုပိုးဝင်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းစတာတွေကို အမျိုးသမီးရောဂါလို့ခေါ်တာပေါ့။ ဒါတွေတစ်ခုမှ မဖြစ်အောင် သန့်ရှင်းရေးဂရုစိုက်ရမှာပေါ့။ ရေနဲ့ဆပ်ပြာသုံးရင်တော့ နုနယ်တဲ့မိန်းမကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် pH level ထိန်းညှိပေးနိုင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ကာကွယ်သင့်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်သုံးတဲ့အခါမှာလည်း တွေ့ရာဝယ်၊ ကြိုက်သလိုသုံးလို့တော့ ဘေးမကင်းနိုင်ပါဘူး။ အရွေးမှန်ဖို့နဲ့ အသုံးပြုပုံမှန်ကန်ဖို့အရေးကြီးပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကင်းဝေးစေနိုင်ဖို့အတွက် အရည်အသွေးစိတ်ချရတဲ့အမှတ်တံဆိပ်ကိုရွေးချယ်နိုင်ဖို့လိုတာပေါ့။ Feminine Wash ဝယ်သုံးတော့မယ်ဆို ဘယ်လိုမျိုးတွေစဉ်းစားပြီးရွေးချယ်မလဲ စဉ်းစားကြည့်ရအောင်နော်။ (၁) အမွှေးနံ့ပြင်းတဲ့အမျိုးအစားတွေကိုရှောင်ပါ မိန်းမကိုယ်အနံ့အသက်ကောင်းအောင်ဆိုပြီး အနံ့မွှေးတဲ့အမျိုးအစားတွေကိုမရွေးလိုက်ပါနဲ့။ အနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေက ဓာတုပစ္စည်းတွေလည်းပါဝင်မှုပိုများသလို ဓာတ်မတည့်မှုတွေ၊ ယားယံမှုတွေဖြစ်လာစေနိုင်ပါတယ်။ (၂) သင့်တော်တဲ့ pH အဆင့် ကိုထိန်းပေးနိုင်မယ့်အမျိုးအစားကိုရွေးပါ ရိုးရိုးရေချိုးဆပ်ပြာတွေက အမျိုးသမီးတွေအတွက်က မိန်းမကိုယ်မှာ ရှိသင့်တဲ့ pH အဆင့်ထက်ကျော်လွန်နေတာကြောင့် pH အဆင့် ၃.၅ ကနေ ၄.၅ အတွင်းမှာထိန်းညှိပေးနိုင်မယ့် Feminine […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ

မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ အကြောင်းလေး နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ မိန်းကလေးနဲ့ယောကျာ်းလေး အဝတ်အစား ဝတ်ရပုံကို စဉ်းစားကြည့် မိန်းကလေးက အမြဲ တစ်ခု ပိုဝတ်ရတယ်နော်။ အဲ့ဒီအရာကို မဝတ်ရင်လည်း စိတ်က မလုံခြုံ ပတ်ဝန်းကျင် အမြင်မှာလည်း မတင့်တယ်။ ဝတ်ပြန်ရင်လည်း ချောင်နေရင်ကျ ဝတ်မကောင်း။ ဒါကတော့ အတွင်းဝတ် ဘရာစီယာပါ။ မိန်းကလေး အတွင်းခံ ဘရာစီယာ ဆိုတာ ကျပ်ကျပ် ဝတ်ရတာ ဆိုတဲ့ လူကြီးသူမတို့ရဲ့ ဆုံးမစကား ကလည်း ရှိနေပြန်တော့ အရှက်အကြောက် ကြီးတဲ့ တို့မြန်မာ မိန်းကလေးတွေက ဘရာစီယာ ဆိုတာ ကျပ်ကျပ် ဝတ်ရတဲ့ အမျိုးဆိုပြီး အရိုးစွဲနေတတ် တယ်လေ။ ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားချင်တယ်မလား။ မဝတ်ဘဲ နေပြန်ရင်လည်း ဟာလာဟင်းလင်းဖြစ်နေပြန်ရောလေ။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘာလို့ အဖြူဆင်း ရတာလဲ ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ

မိန်းမကိုယ်ကနေ ရာသီသွေးမဟုတ်ဘဲ ဆင်းလာတဲ့အရည် သို့မဟုတ် အချွဲလေးတွေကို အဖြူဆင်း တယ်လို့ ခေါ်ပါတယ်။ အဖြူဆင်း တယ်ဆိုတိုင်း မကောင်းတာ မဟုတ်ပါဘူး။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်း ဂလင်းတွေကနေ ထုတ်ပေးလိုက်တဲ့ အရည်တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ရောပါဖယ်ရှားစေတာ ဖြစ်ပါတယ်။ ဒီလို ဆင်းမှ မိန်းမကိုယ် သန့်စင်စေပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်မှာပါ။ ဒီတော့ ဘာလို့ အဖြူဆင်း ရတာလဲ ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ဘာလို့ အဖြူဆင်း ရတာလဲ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ ဘာလို့ အဖြူဆင်း ရတာလဲ ဆိုတော့ အများအားဖြင့်တော့ အဖြူဆင်းတာက ပုံမှန် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာပါ။ ဆင်းတဲ့ ပမာဏ၊ အရောင်၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်နံနေတယ်ဆိုတာ ချစ်သူကို စိတ်မထိခိုက်စေဘဲ ဘယ်လိုပြောပြသင့်လဲ။

ဒီကိစ္စက အမျိုးသားတွေ တော်တော်များများ ဖွင့်ပြောဖို့ လက်ရှောင်တတ်ကြတဲ့ ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ကိစ္စဖြစ်တာကြောင့်ရော၊ ကိုယ်က သဘောရိုးနဲ့ ပြောလိုက်ပေမဲ့ ကိုယ့်ချစ်သူမှာ စိတ်မလုံခြုံတာ၊ စိတ်ထိခိုက်သွားတာ၊ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုနည်းပြီး ရှက်သွားနိုင်တာပေါ့။ ဒါဆိုရင် ကိုယ့်ချစ်သူရဲ့ မိန်းမကိုယ်က နံနေတာ ဘယ်လိုဖွင့်ပြောလို့ ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်မှာ အနံ့အသက်ရှိတာ သဘာဝပါ။ လူတော်တော်များများ ထင်ထားသလို မိန်းမကိုယ်က နှင်းဆီရနံ့လေး သင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပြီး ထိခိုက်လွယ်တဲ့၊ အလွန်နူးညံ့ပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ လွယ်ကူတဲ့ နေရာဖြစ်လို့ သူ့အနံ့နဲ့သူတော့ ရှိနိုင်ပါတယ်။ တော်တော်လေးကို စိတ်ကသိကအောက်ဖြစ်စရာ အနံ့မျိုး ထွက်လာပြီဆိုရင်တော့ အနည်းငယ် စိတ်ပူစရာ ဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်ကို အရင်ဆုံး သေချာစစ်ဆေးကြည့်ပါ။ ဒီလိုကိစ္စမျိုးကို တိုက်ရိုက်ဖွင့်မပြောခင် ဘယ်နေရာက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီတို့ကျန်းမာရေးအတွက် ပုံမှန်ပြုလုပ်သင့်တဲ့ စစ်ဆေးမှုများ

ဝေဒနာ ခံစားနေရတာမရှိဘူး၊ ဘာမှမဖြစ်ဘူး၊ ပုံမှန်လှုပ်ရှားသွားလာနိုင်နေတယ်ဆိုတာနဲ့ ကိုယ့်မှာဘာရောဂါမှမရှိဘူး၊ ကျန်းမာတယ် လို့သေချာပြီလား။ခေါင်းကိုက်တာ၊ဗိုက်အောင့်တာ၊ ဟိုနားဒီနားနာကျင်တာ စတဲ့အသေးအဖွဲလက္ခဏာတွေတော့ဖြစ်ကြမှာပါ။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဒီလိုအသေးအဖွဲလေးတွေက ကိုယ့်မှာရှိနေတဲ့ရောဂါအကြောင်းရင်းခံတွေကိုဖော်ပြနေကြတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်နေသလား၊ကျန်းမာရေးအတွက်မကောင်းတဲ့ နေထိုင်စားသောက်မှုပုံစံတွေလုပ်မိနေသလားစတဲ့ ကိုယ့်အခြေအနေတချို့က အန္တရာယ်ရှေ့ပြေးအချက်တွေဖြစ်နေနိုင်လို့ အလေးပေးလေ့လာသုံးသပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ များသောအားဖြင့် ကျွန်မတို့မိန်းကလေးတွေက အလုပ်တွေများနေရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မိဖို့မေ့နေတတ်တယ်။ အလှအပကလွဲလို့ပေါ့။ ခန္ဓါကိုယ်ထဲမှာ တခုခုခံစားမိနေလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဒီလိုပဲနေလိုက်ကြတာပဲ။ အရေးကြီးတဲ့ရောဂါလက္ခဏာတစ်ခုခုဖြစ်နေနိုင်မလားဆိုတာလည်းမသိဘဲ အမှုမဲ့အမှတ်မဲ့နေမိကြတယ်။ မိသားစုဗာဟီရကိစ္စတွေနဲ့ လုံးလည်လိုက်နေတဲ့ အိမ်ရှင်မတွေဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် ကျန်းမာရေးဆိုတာ ကျား မ မရွေး မပေါ့လျော့သင့်တဲ့အရာတစ်ခုဖြစ်သလိုရောဂါကိုကြိုတင်မကာကွယ်နိုင်ရင်တောင်စောစောကုသနိုင်ဖို့က ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တယ်ဆိုတာပါပဲ။ အသက်အရွယ်ကြီးကြီး ငယ်ငယ် မိန်းကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေရှိပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူမယ်ဆိုရင်ရောဂါရှိမရှိကြိုသိရတော့ ဆင်ခြင်နေထိုင်လို့ရတာပေါ့။ အဖြစ်များတဲ့ နှလုံးရောဂါ၊ ဆီးချိုသွေးချိုနဲ့ ကင်ဆာတချို့ကိုတောင်ဖြစ်ခါစမှာစောစောသိရရင် ကုသမှုအချိန်မီပြီး သက်တမ်းစေ့ကျန်းမာစွာနေနိုင်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ

ဒီတစ်ခေါက်တော့ ချစ်တင်းနှောချိန်မှာ ကြုံရတတ်တဲ့ အကြောင်းအရာလေး တစ်ခု ဖြစ်တဲ့ မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ ဆိုတာကို ပြောပြပေးသွားချင်ပါတယ်။ မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်း နာကျင်ခြင်းနဲ့ နေရထိုင်ရခက်တာမျိုးတွေ ဖြစ်မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ မွေးလမ်းကြောင်းဟာသေးလွန်းနေတယ်လို့ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် အမှန်တရားက ဘယ်မွေးကြောင်းက လိင်ဆက်ဆံဖို့ အတွက် ကျပ်တယ်ဆိုတာ မရှိပါဘူး။ လိင်စိတ် မပြင်းထန်သေးတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ၃ လက်မကနေ ၄ လက်မ အထိ ရှည်ပါတယ်။ ဒီအတိုင်းအတာက လိင်တံတစ်ချို့နဲ့ Sex Toy တစ်ချို့ အတွက် ကျပ်ကောင်းကျပ်နေနိုင်ပေမဲ့ လိင်စိတ်တက်ကြွလာတဲ့ အခါမှာ မွေးလမ်းကြောင်းဟာ ပိုရှည်ပြီး […]



အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားထိပ်ခေါင်းတွေနာကျင်မာကျောရသည့် အကြောင်းရင်းများ

အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရင်သားထိပ်ခေါင်းတွေ မာကျောပြီး နာကျင်လာတယ်ဆိုရင် ဒါဟာ ရောဂါ ဆိုးဆိုးရွားရွားတစ်ခု ဖြစ်နေပြီဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ သတင်းကောင်းတစ်ခုကတော့ ဆိုးဆိုးရွားရွား ရောဂါတွေ ကြောင့် ရင်သားထိပ်ခေါင်းတွေနာကျင်တာက ရှားပါတယ်။ ရင်သားထိပ်ခေါင်းတွေဟာ အားကစားတစ်ခုခု လုပ်တဲ့အခါမျိုး၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေပြောင်းလဲလာတဲ့အခါမျိုး၊ ဟော်မုန်းတွေ ပြောင်းလဲတဲ့အခါမျိုးမှာ ရောင်ရမ်း နာကျင်လာနိုင်ပါတယ်။ ရင်သားထိပ်ခေါင်းတွေ နာကျင်လာတတ်တာ သဘာဝတစ်ရပ်ပါပဲ။ ဒီဆောင်းပါးလေးထဲမှာတော့ Hello Sayarwon ပရိတ်သတ်ကြီး အတွက် ရင်သားထိပ်ခေါင်းတွေ နာကျင်ရတဲ့ အကြောင်းရင်း၊ လက္ခဏာများနဲ့ ဘယ်လို ကုသရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ၁။ အားကစားလုပ်ခြင်း။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အဝတ်နဲ့ ရင်သားထိပ်ခေါင်းတွေ ပွတ်တိုက်မှုဖြစ်ပြီး နာကျင်မှု ဖြစ်လာနိုင်ပါတယ်။ ဒီလို ရင်သားထိပ်ခေါင်းနာကျင်ခြင်းဟာ အားကစားဝတ် ဘရာစီယာ မပါဘဲ အားကစားလုပ်တတ်တဲ့ အမျိုးသမီးများ၊ အရွယ်အစား […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မွေးလမ်းကြောင်း စွန့်ပစ်အရည် ရဲ့အရောင်များက ပြောနေတဲ့ သင့်ရဲ့ ကျန်းမာရေး

မွေးလမ်းကြောင်း စွန့်ပစ်အရည် (Vaginal discharge) တွေဟာ အမျိုးသမီး မျိုးပွားအင်္ဂါစနစ်ထဲကသန့်ရှင်းရေးပိုင်းကို တာဝန်ယူထားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မွေးလမ်းကြောင်း (vagina) နဲ့ သားအိမ်ခေါင်းထဲက ဂလင်းတွေ စစ်ထုတ်တဲ့ အရည်တွေဟာ ဆဲလ်အသေတွေနဲ့ ဘက်တီးရီးယားတွေကို အပြင်ထုတ်ပေးပြီး မွေးလမ်းကြောင်း သန့်ရှင်းရေးနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဟာ အမျိုးသမီး တော်တော်များများမှာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဓမ္မတာ စက်ဝန်းလာတဲ့ အချိန်ပေါ် မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေရဲ့ အနံ့နဲ့ အရောင်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ မျိုးဥကြွေချိန်၊ နို့ချိုတိုက်ကျွေးချိန်နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်တက်ကြွမှု ဖြစ်တဲ့အချိန်တွေမှာ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေဟာ ပိုများနိုင်ပြီး ကိုယ်ဝန်ဆောင်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးပေါ်မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်ပစ္စည်းတွေရဲ့ အနံ့အသက်က ပြောင်းလဲနိုင်ပါတယ်။ ဒီလို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မွေးလမ်းကြောင်း (Vagina) ကျန်းမာရေးအတွက် အကောင်းဆုံး အစားအသောက်များ။

လိင်အင်္ဂါတွေဟာ လူသားတွေရဲ့ အရေးကြီးဆုံး အင်္ဂါတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ လိင်အင်္ဂါတွေဟာ ဆီးလမ်းကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပူးတွဲလုပ်ဆောင်နေတဲ့ အင်္ဂါတွေ ဖြစ်တာကြောင့် ဒီအင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာနေဖို့က အရေးကြီးပါတယ်။ တစ်ခါတရံမှာ အမျိုးသမီးမွေးလမ်းကြောင်းမှ အနံအသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့ အမျိုးသမီး အင်္ဂါမှ သွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင် ဒါဟာ မွေးလမ်းကြောင်းရဲ့ pH ဟာ မညီမမျှ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ pH ဆိုတာ အရာဝတ္ထုတစ်ခု ဘယ်လောက် အက်ဆစ်ဓါတ်များသလဲ၊ ဘယ်လောက်အယ်ကာလီဓါတ်များသလဲဆိုတာကို တိုင်းတာပေးတဲ့ အတိုင်းအတာ တစ်ပါ။ ဒီအတိုင်းအတာမှာဆိုရင် ၀ ကနေ ၁၄ အထိရှိပြီး ၇ အောက်နည်းတဲ့ အရာဝတ္ထုတွေကို အက်ဆစ်ဓါတ်များတယ်လို့ သတ်မှတ်ပါတယ်။ ၇ ထက်များတဲ့ အရာတွေကိုတော့ အယ်ကာလီဓါတ်များတယ်လို့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း